ငြိမ်းချမ်းရေးနိုဗယ်ဆုအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို အမည်စာရင်းတင်သွင်း

တိုကျို၊ ဖေဖော်ဝါရီ-၁၇ မျိုးဆက် (VOM)   အမေရိကန်အစိုးရရဲ့  တောင်းဆိုမှုကြောင့် ငြိမ်းချမ်းရေး နိုဗယ်ဆုအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးက အမည်စာရင်းတင်သွင်းလိုက်တယ်လို့ ဂျပန်အခြေစိုက် အဆာဟိရှင်ဘွန်း သတင်းစာက ဖေဖော်ဝါရီ ၁၆ ရက်က ရေးသားဖော်ပြပါတယ်။   မြောက်ကိုရီးယားနဲ့ အတူ ဆွေးနွေးပွဲ ပြုလုပ်ပြီး တင်းမာမှုတွေလျှော့ချနိုင်တာကြောင့် ငြိမ်းချမ်းရေးနိုဗယ်ဆုအတွက် ၎င်းကို ရှင်ဇိုအဘေးက အမည်စာရင်း တင်သွင်းလိုက်တာလို့ ဖေဖော်ဝါရီ ၁၅ ရက်မှာ သမ္မတ ဒေါ်နယ်ထရန့်က ပြောဆိုလိုက်တယ်လို့ အဆိုပါ သတင်းစာက ဖော်ပြပါတယ်။   ဂျပန်ဝန်ကြီးချုပ်က ငြိမ်းချမ်းရေးနိုဗယ်ဆု အမည်စာရင်းတင်သွင်းတဲ့  စာမျက်နှာ ငါးမျက်နှာပါရှိတဲ့ အလွန်ပြည့်စုံကောင်းမွန်သော စာမိတ္တူကို ၎င်းထံပေးပို့ခဲ့တယ်လို့ ဒေါ်နယ်ထရန့်က အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။   မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့အကြား ပထမအကြိမ်…

Read More

လေပြင်းကြောင့် ချင်းအမျိုးသားနေ့ ကျင်းပရန် စီစဉ်ထားသည်များ ပျက်စီး

ဟားခါး- ဖေဖော်ဝါရီ ၁၇၊ ၂၀၁၉ မိုင်ချယ်ရီ (VOM)   ချင်းပြည်နယ်မှာ ဖေဖော်ဝါရီလ ၁၆ရက်နေ့ ညဦးပိုင်း အချိန်ကနေစတင် တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် ဟားခါးမြို့နဲ့ မင်းတပ်မြို့ တွေမှာ ချင်းအမျိုးသားနေ့ ကျင်းပဖို့ စီစဉ်ထားတဲ့ စတိတ်စင်တွေ မုခ်ဦးတွေ ပျက်စီးခဲ့တယ်လို့ ဒေသခံ ပြည်သူတွေက ပြောပါတယ်။   လေပြင်းကြောင့် ဟားခါးမြို့ ၀မ္မသူးမောင် အားကစားကွင်းအတွင်း ချင်းအမျိုးသားနေ့ ကျင်းပဖို့ စီစဉ်ထားတဲ့ စတိတ်စင်ပြိုကျ ပျက်စီးခဲ့ပါတယ်။ အဲ့ဒီနေ့ ည ၁၂ နာရီ အချိန်ခန့်မှာတော့ မင်းတပ်မြို့ ဘောလုံးကွင်းထဲမှာ ချင်းအမျိုးသားနေ့ ကျင်းပဖို့ စီစဉ်ထားတဲ့ စတိတ်စင်၊ မုခ်ဦး နဲ့ ဆိုင်ခန်းအမိုးများလန်ကာ ပျက်စီးခဲ့ပြီး လူနေအိမ်တစ်ချို့လည်း ပြိုကျပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “လူတွေကတော့ ဘာမှ မဖြစ်ပါဘူး။ ပွဲခင်း နဲ့…

Read More

ပေါက်မြို့နယ် ရွှေမုဋ္ဌော၊ ရွှေပေါင်းလောင်းဘုရားဖူးခရီးစဉ်နဲ့ ရေပြာယောချောင်းသာ အပန်းဖြေစခန်းဖွင့်လှစ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇၊ ၂၀၁၉ TGH (VOM)   ပေါက်မြို့နယ်ရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌော၊ရွှေပေါင်းလောင်းဘုရားဖူးခရီးစဉ်နဲ့  ရေပြာယော-ချောင်းသာ အပန်းဖြေစခန်းကို ရွှေစက်တော်၊ အလောင်းတော် ကဿပ ဘုရားဖူးရာသီချိန်အတိုင်း ဖွင့်လှစ်သွားမယ်လို့ ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးတင်အေးက ပြောပါတယ်။   ဒီ ဘုရားဖူးခရီးစဉ်နဲ့ အပန်းဖြေစခန်းကိုတော့ ယခုနှစ်မှလုပ်ဆောင်တာဖြစ်ပြီး ဒီနေ့ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာပဲ ဖွင့်ပွဲအခမ်းအနားနဲ့ သတင်းစာရှင်းလင်းပွဲကို မကွေးတိုင်း၊ပေါက်မြို့နယ်၊  ရွှေမုဋ္ဌော၊ ရွှေပေါင်းလောင်းဘုရားမှာ ပြုလုပ်ခဲ့ပါတယ်။   ဒါနဲ့ပတ်သက်လို့ ဂေါပကဥက္ကဋ္ဌဖြစ်တဲ့ ဦးတင်အေးက ”  ရွှေစက်တော်ဆိုလည်း အပန်းဖြေစခန်းရှိတော့ စိတ်ဝင်စားကြတယ်။ ဒါကြောင့်ဒီမှာလည်း ယောချောင်းရှိတယ် ရွှေစက်တော် ထက်လည်းကျယ်တယ်ဆိုတော့ နောက်ပိုင်းဒီနေရာက စည်ကားလာမယ်ဆိုတာ သေချာပါတယ်။ နောက်ဆိုရင် ဘုရားဖူးခရီးပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ချိတ်ဆက်ပြီး ခရီးသွားတွေ ပို့ဆောင်ပေးဖို့ လုပ်သွားမှာဖြစ်တယ်။ ဒီခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာရင် ဒီပေါက်မြို့နယ်လည်း တိုးတက်မယ်၊ ဒေသခံတွေအတွက်လည်း…

Read More

Line Walker 2 အက်ရှင်ဇာတ်ကားရိုက်ကူးဖို့ ယူဆောင်လာတဲ့ သေနတ်ကျည်တွေကို မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့ထိန်းသိမ်းထား

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇-၂၀၁၉ သင်းသဒ္ဒါ   ဟောင်ကောင်ကနေ မြန်မာနိုင်ငံမှာ ပထမဦးဆုံးအနေနဲ့ လာရောက်ရိုက်ကူးနေတဲ့ Line Walker 2 (Operation Midnight Shadow) အက်ရှင် ရုပ်ရှင်ဇာတ်ကားကြီးမှာ အသုံးပြုမယ့် သေနတ် ကျည် တွေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က လက်ရှိမှာ ထိန်းသိမ်းထားပါတယ်။   အဆိုပါ ရုပ်ရှင်ဇာတ်ကားကို တိုင်းရင်းသားကျေးရွာမှာ ဖေဖော်ဝါရီ ၁၅ ရက်ကစပြီးစတင်ရိုက် ကူးနေတာဖြစ်ပါတယ်။   “ကျွန်မတို့ကို ပြန်ကြားရေး ၀န်ကြီးဌာန ကမကထလုပ်ပြီးတော့ ကိုဖိုးလုံးကလည်း ပါဝင်ပြီးတော့ လိုအပ် ချက်တွေကို ရေးဆွဲမှုတွေ လုပ်ဆောင်ပေးထားပါတယ်။ ခု လမ်းပိတ်နေတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဘက်က စတင်လမ်းဖောက် ပြီးပါပြီ။ နောက်ပိုင်း ဘယ်လိုလမ်းလျှောက်ရမယ့် လုပ်ငန်းစဉ်တွေကတော့ စတင် လိုက်ပြီးမို့ နောက်ပိုင်းဆက်လက်လုပ်ဆောင်လို့ရသွားပါပြီ။ သူတို့ နိုင်ငံမှာက Pre-Production နှစ်နဲ့ချီပြီးတော့…

Read More

မင်္ဂလာဆောင်ရင် စပွန်ဆာမတောင်းဘူးဆိုတဲ့ ဘေဘီမောင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇-၂၀၁၉ သင်းသဒ္ဒါ   လက်ရှိမှာ အဆိုတော် သားဂန်းနဲ့တွဲနေတဲ့ သရုပ်ဆောင် ဘေဘီမောင်ကတော့ မင်္ဂလာဆောင်ရင် စပွန်ဆာမတောင်းဘူးလို့ ဆိုပါတယ်။   “ဘေဘီမောင် မင်္ဂလာဆောင်ကတော့ ပကာသနတွေမပါပဲ စိန်အစစ်တွေကိုလည်း မ၀တ်ပါဘူး။ စပွန် ဆာလည်း မတောင်းပါဘူး။ ပျောက်သွား ရင်လျော်နေရမယ်လေ။ ကံက ပြောလို့ မရဘူး။ မုန့်လက်ကောက် စား နေရမယ်ဆိုတော့ စိန်တွေ မ၀တ်ပါဘူး။ ဖန်စီလေးတွေ ၀တ်ပြီး ရိုးရိုးရှင်းရှင်းပဲ မင်္ဂလာဆောင်မှာပါ။ ပကာသန မပါတဲ့ အရိုးရှင်းဆုံး မင်္ဂလာပွဲကို ကျင်းပချင်တာပါ”လို့ ဆိုပါတယ်။   “အိမ်ထောင်ပြုဖို့ ဘေဘီရဲ့ Plan ကတော့ မိသားစုစုစည်းစည်း နေနိုင်ဖို့အတွက် သုံးထပ်တိုက်အိမ်လေး ဆောက် နေပါတယ်။ အိမ်ထောင်ကျရင် သူနဲ့အတူတူနေလို့လည်း ရတာပေါ့။ အခုနယ်မှာနေတာဆိုတော့ ရန်ကုန်မှာ အတူအခြေချကြမယ်။ သူ့ရဲ့သီချင်းခွေ နောက်တစ်ခွေ…

Read More
VOM News

FREE
VIEW