လေပြင်းကြောင့် ချင်းအမျိုးသားနေ့ ကျင်းပရန် စီစဉ်ထားသည်များ ပျက်စီး

ဟားခါး- ဖေဖော်ဝါရီ ၁၇၊ ၂၀၁၉

မိုင်ချယ်ရီ (VOM)

 

ချင်းပြည်နယ်မှာ ဖေဖော်ဝါရီလ ၁၆ရက်နေ့ ညဦးပိုင်း အချိန်ကနေစတင် တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် ဟားခါးမြို့နဲ့ မင်းတပ်မြို့ တွေမှာ ချင်းအမျိုးသားနေ့ ကျင်းပဖို့ စီစဉ်ထားတဲ့ စတိတ်စင်တွေ မုခ်ဦးတွေ ပျက်စီးခဲ့တယ်လို့ ဒေသခံ ပြည်သူတွေက ပြောပါတယ်။

 

လေပြင်းကြောင့် ဟားခါးမြို့ ၀မ္မသူးမောင် အားကစားကွင်းအတွင်း ချင်းအမျိုးသားနေ့ ကျင်းပဖို့ စီစဉ်ထားတဲ့ စတိတ်စင်ပြိုကျ ပျက်စီးခဲ့ပါတယ်။ အဲ့ဒီနေ့ ည ၁၂ နာရီ အချိန်ခန့်မှာတော့

မင်းတပ်မြို့ ဘောလုံးကွင်းထဲမှာ ချင်းအမျိုးသားနေ့ ကျင်းပဖို့ စီစဉ်ထားတဲ့ စတိတ်စင်၊ မုခ်ဦး နဲ့ ဆိုင်ခန်းအမိုးများလန်ကာ ပျက်စီးခဲ့ပြီး လူနေအိမ်တစ်ချို့လည်း ပြိုကျပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“လူတွေကတော့ ဘာမှ မဖြစ်ပါဘူး။ ပွဲခင်း နဲ့ မြို့ထဲ က လူနေအိမ်တစ်ချို့ကတော့ ပျက်စီးတာတွေ ရှိတယ်”လို့ မင်းတပ်မြို့ နေ ဆလိုင်းလိန်းမောင် က ပြောပါတယ်။

 

(၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ ကို ဖေဖော်ဝါရီလ ၁၉ ရက်ကနေ စတင်ပြီးတော့ ၂ ရက် အကြာ ကျင်းပဖို့ ရှိနေပြီး ဟားခါးမြို့မှာတော့ ပြည်နယ်အဆင့် ကျင်းပမှာဖြစ်ပါတယ်။ မင်းတပ်မြို့နဲ့ အခြားမြို့တွေမှာတော့ မြို့နယ်အဆင့် ကျင်းပမှာ ဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW