ငြိမ်းချမ်းရေးနိုဗယ်ဆုအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို အမည်စာရင်းတင်သွင်း

တိုကျို၊ ဖေဖော်ဝါရီ-၁၇

မျိုးဆက် (VOM)

 

အမေရိကန်အစိုးရရဲ့  တောင်းဆိုမှုကြောင့် ငြိမ်းချမ်းရေး နိုဗယ်ဆုအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးက အမည်စာရင်းတင်သွင်းလိုက်တယ်လို့ ဂျပန်အခြေစိုက် အဆာဟိရှင်ဘွန်း သတင်းစာက ဖေဖော်ဝါရီ ၁၆ ရက်က ရေးသားဖော်ပြပါတယ်။

 

မြောက်ကိုရီးယားနဲ့ အတူ ဆွေးနွေးပွဲ ပြုလုပ်ပြီး တင်းမာမှုတွေလျှော့ချနိုင်တာကြောင့် ငြိမ်းချမ်းရေးနိုဗယ်ဆုအတွက် ၎င်းကို ရှင်ဇိုအဘေးက အမည်စာရင်း တင်သွင်းလိုက်တာလို့ ဖေဖော်ဝါရီ ၁၅ ရက်မှာ သမ္မတ ဒေါ်နယ်ထရန့်က ပြောဆိုလိုက်တယ်လို့ အဆိုပါ သတင်းစာက ဖော်ပြပါတယ်။

 

ဂျပန်ဝန်ကြီးချုပ်က ငြိမ်းချမ်းရေးနိုဗယ်ဆု အမည်စာရင်းတင်သွင်းတဲ့  စာမျက်နှာ ငါးမျက်နှာပါရှိတဲ့ အလွန်ပြည့်စုံကောင်းမွန်သော စာမိတ္တူကို ၎င်းထံပေးပို့ခဲ့တယ်လို့ ဒေါ်နယ်ထရန့်က အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့အကြား ပထမအကြိမ် ထိပ်သီးဆွေးနွေးပွဲကို လွန်ခဲ့တဲ့နှစ် ဇွန်လအတွင်းက ပြုလုပ်ပြီးနောက် ငြိမ်းချမ်းရေးနိုဗယ်ဆုအတွက် ဒေါ်နယ်ထရန့်ကို အမည်စာရင်တင်သွင်းဖို့ အမေရိကန် အစိုးရက ဂျပန်ဝန်ကြီးချုပ်ကို တောင်းဆိုခဲ့တာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ဂျပန်အစိုးရ သတင်းရင်းမြစ်တစ်ဦးကို ကိုးကားပြီး အဆာဟိရှင်ဘွန်းသတင်းစာက ဖော်ပြပါတယ်။

 

ယင်းကိစ္စနှင့်ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့  မှတ်ချက်စကားကို မိမိတို့ကြားသိကြောင်း၊ ဒါပေမယ့် ခေါင်းဆောင်နှစ်ဦးအကြား အပြန်အလှန်ပြောဆိုတာတွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပြုပြောဆိုမှာ မဟုတ်ဘူးလို့ တိုကျိုရှိ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

 

Ref: CNA

Photo : Reuters

Related posts

Leave a Comment

VOM News

FREE
VIEW