နယ်စပ်တံတိုင်းကာရံဖို့ အရေးပေါ်အခြေအနေ ကြေညာတာကြောင့် အမေရိကန် ပြည်နယ် ၁၆ ခုက အစိုးရကို တရားစွဲ

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၁၉-၂၀၁၉

မျိုးဆက် (VOM)

 

မက္ကဆီကိုနယ်စပ်မှာ တံတိုင်းကာရံရေးအတွက် ရန်ပုံငွေတိုးမြင့်ပေးဖို့အတွက် အရေးပေါ်အခြေ အနေကြေညာခဲ့တဲ့ ဒေါ်နယ်ထရန့်ရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ကယ်လီဖိုးနီးယားပြည်နယ်ဦးဆောင်တဲ့ အမေရိကန်ပြည်နယ် ၁၆ ခုက အမေရိကန် အစိုးရကို တရားစွဲလိုက်ပါတယ်။

 

တံတိုင်းအတွက် ရန်ပုံငွေ ၅ ဒသမ ၇ ဘီလီယံကို ခွင့်ပြုဖို့ အမေရိကန် ကွန်ဂရက်က ငြင်းပယ်လိုက်ပြီးနောက် ဖေဖော်ဝါရီ ၁၅ ရက်မှာ အရေးပေါ်အခြေအနေကို ဒေါ်နယ်ထရန့်က ကြေညာခဲ့တာဖြစ်ပါတယ်။

 

မစ္စတာထရန့်ဟာ ရွေးကောက်ပွဲကာလက အဓိကကတိကဝတ်ဖြစ်တဲ့ တံတိုင်းတည် ဆောက်ရေးလုပ်ငန်း အတွက် ရန်ပုံငွေရဖို့နဲ့ ကွန်ဂရက်ကို ရှောင်လွှဲဖို့ အရေးပေါ်အာဏာထုတ်သုံးပြီးနောက် ရက်ပိုင်းအကြာမှာ ပြည်နယ် ၁၆ ခုက တရားစွဲလိုက်တာဖြစ်ပါတယ်။

 

အစိုးရကို တရားစွဲတဲ့ ပြည်နယ်တွေကတော့ ဒေါ်နယ်ထရန့်က သမ္မတအာဏာ အလွဲသုံးစားပြုတာကို  တားဆီးချင်တယ်လို့ ပြောပါတယ်။ ဒီမိုကရက်တွေကလည်း ရနိုင်သမျှ လုပ်ထုံးလုပ်နည်းမှန်သမျှကို အသုံးပြုပြီး ဒေါ်နယ်ထရန့်ရဲ့ အစီအစဉ်ကို ကန့်ကွက်မယ်လို့ ကတိပြုထားပါတယ်။

 

ပြည်နယ် ၁၆ ခုကကိုယ်စားလှယ်တွေဟာ ကယ်လီဖိုးနီးယားမြောက်ပိုင်းခရိုင်တရားရုံးမှာ အမေရိကန်အစိုးရကို တရားစွဲထားတာဖြစ်ပြီး ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အိမ်ဖြူတော်က မှတ်ချက်ပြုပြောဆိုတာမရှိသေးပါဘူး။

 

Ref : BBC

Photo : Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW