မြောက်ဦးမြို့နယ် ရမ်းချောင်းအထက်ပိုင်းမှာ တိုက်ပွဲဖြစ်နေ

မြောက်ဦး၊ ဖေဖော်ဝါရီ ၁၉-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်၊ မြောက်ပိုင်းဒေသ မြောက်ဦးမြို့နယ်မြောက်ပိုင်းမှာရှိတဲ့ ရမ်းချောင်းအထက်ပိုင်းမှာ မြန်မာ့တပ်မတော်နဲ့ AA တို့ ဒီကနေ့မနက် ၁၀ နာရီဝန်းကျင်လောက်ကစတင်ပြီးတော့ တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်။

 

အဲဒီတိုက်ပွဲဖြစ်ပွားနေတဲ့နေရာဟာ ရန်အောင်ပြင်ကျေးရွာနဲ့ ကျောက်ဆည်ပြင်ကျေးရွာအကြားမှာရှိတဲ့ ပဒင်း မြောင်ထဲမှာ ဖြစ်ပွားနေတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

 

“တိုက်ပွဲက ရန်အောင်ပြင်နဲ့ ကျောက်ဆည်ပြင်ရွာကြားက ပဒင်းမြောင်ထဲမှာဖြစ်နေတာပါ။ ရန်အောင်ပြင်ရွာနဲ့ နီးပါတယ်။ မနက် ၁၀ နာရီမထိုးခင်လောက်ကနေ စဖြစ်တယ်လို့ သတင်းရပါတယ်။”လို့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။

 

တိုက်ပွဲဖြစ်ပွားမှုမှာ လက်ရှိအချိန်ထိဖြစ်ပွားနေခြင်းဖြစ်ပြီး အခြေအနေမှာ ပြင်းထန်နေတဲ့အတွက် လက်နက်ကြီးပစ်ခတ်သံတွေကိုလည်း ရန်ကုန်-စစ်တွေအဝေးပြေးလမ်းမဘေးရှိ တောင်ဦးကျေးရွာကနေ ကြားနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

“တိုက်ပွဲကတော့ဖြစ်နေတုန်းပါပဲ။ တောင်ဦးတို့ ကျီရာပြင်တို့ကနေ ပစ်ခတ်တာတွေကို ကြားနေရပါတယ်။ လက်နက်ကြီးသံရော လက်နက်ငယ်သံရောကြားရပါတယ်။ တောင်ဦးနဲ့ အဲဒီနေရာနဲ့ သိပ်မဝေးဘူး။ ရွာသားတွေရဲ့အခြေအနေကိုတော လောလောဆယ်မသိရသေးဘူး”လို့ ဦးထွန်းသာစိန်က ပြောပါတယ်

 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ (၁၀) ရက်နေ့ကလည်း မြောက်ဦးမြို့နယ် မြောက်ပိုင်း ထိပ်ဝပြင်ကျေးရွာအနီး မကျည်းကုန်းမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး တိုက်ပွဲငယ်တစ်ခုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

 

ဓါတ်ပုံ – ရမ်းချောင်းအထက်ပိုင်းဒေသ

Related posts

Leave a Comment

VOM News

FREE
VIEW