ဘင်္ဂါလီတွေကို ကမန်တိုင်းရင်းသားအဖြစ် မှတ်ပုံတင်ထုတ်ပေးထားမှုကို အစိုးရအနေနဲ့ လျှို့ဝှက်မထားသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေပြော

စစ်တွေ၊ ဖေဖော်ဝါရီ ၂၂-၂၀၁၉
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာက ဘင်္ဂါလီ ၃၃၀၆ ဦးကို ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင် ကမန်လူမျိုးတွေအဖြစ် ၂၀၁၈ ခုနှစ်အတွင်းက မှတ်ပုံတင်တွေထုတ်ပေးလိုက်တဲ့  ကိစ္စနဲ့ပတ်သက်လို့ လက်ရှိကျင်းပနေတဲ့လွှတ်တော်မှာ မှတ်ပုံတင်ရရှိထားတဲ့ဘင်္ဂါလီတွေရဲ့  မျိုးရိုးစဉ်ဆက်အချက်အလက်တွေကို ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

“ကျောက်နီမော်က ဘင်္ဂါလီတွေဟာ ၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့အညီ နိုင်ငံသားဖြစ်သင့်တဲ့အတွက် ထုတ်ပေးတာလို့ အစိုးကပြောတယ်။ ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေကိုယ်တိုင် စစ်ဆေးမှုတွေပြုလုပ်ပြီး နိုင်ငံသားအရည်အချင်းနဲ့ ပြည့်စုံကြသူတွေဖြစ်တယ်လို့ သမ္မတရုံးကို လက်မှတ်ရေးထိုးပြီး ပေးပို့ခဲ့ပါတယ်။ ဒါကို ရခိုင်ပြည်နယ်အစိုးရအနေနဲ့ ဘာကြောင့် လျှို့ဝှက်နေသလဲဆိုတာကို မေးခွန်းထုတ်စရာဖြစ်နေပါတယ်။”လို့ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကပြောပါတယ်။

 

လက်ရှိမှာတော့ ရမ်းဗြဲမြို့နယ်အတွင်းမှာ ကမန်လူဦးရေစုစုပေါင်းဟာ ၅၀၀ ကျော်သာရှိပြီး အခုလိုမျိုး ဘင်္ဂါလီတွေကို ကမန်အဖြစ်မှတ်ပုံတင်ထုတ်ပေးပြီး တိုင်းရင်းသားထဲထည့်သွင်းလိုက်တဲ့ကိစ္စကို ပြည်ထောင်စုအစိုး၊ ပြည်နယ်အစိုးရတို့က ရှင်းလင်းပေးရမှာဖြစ်တယ်လို့ ရမ်းဗြဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးက ပြောပါတယ်။

“အဲဒီ ၃၃၀၆ ဦးကို ပုဒ်မ ၅ နဲ့အညီ ထုတ်ပေးခဲ့တယ်ဆိုရင် အဲဒီပုဒ်မက တိုင်းရင်းသားတွေကိုသာ ထုတ်ပေးရတဲ့ပုဒ်မ ဖြစ်တယ်။ ဒါဟာ လျှို့ဝှက်ချက်ဥပဒေနဲ့ ငြိစွမ်းမှုမရှိတဲ့အတွက် ပွင့်လင်းမြင်သာစွာနဲ့ သူတို့ရဲ့မည်စာရင်းတွေ၊ မျိုးရိုးစဉ်ဆက်ဇယားတွေကို ချပြသင့်တယ်လို့ မြင်ပါတယ်။”လို့ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောပါတယ်။

အစိုးရကတော့ အဲဒီဘင်္ဂါလီတွေရဲ့အမည်စာရင်းနဲ့ မျိုးရိုးစဉ်ဆက်ဇယားတွေကို တောင်ခံတာဟာ မြန်မာနိုင်ငံလျှို့ဝှက်ချက် ဥပဒေအရ လွှတ်တော်ကိုပေးပို့နိုင်မှာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

 

#voiceofmyanmar#ရခိုင်လွှတ်တော်#ကမန်#ဘင်္ဂလီ

 

Related posts

Leave a Comment

VOM News

FREE
VIEW