အိန္ဒိယက စစ်ရေးလှုပ်ရှားလာရင် တုံ့ပြန်သွားမယ်လို့ ပါကစ္စတန်သတိပေး

အစ္စလမ္မာဘက်၊ ဖေဖော်ဝါရီ-၂၃-၂၀၁၉

မျိုးဆက် (VOM)

 

ကက်ရှ်မီးယားဒေသမှာ  လွန်ခဲ့တဲ့သီတင်းပတ်က အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတို့အကြား တင်းမာမှုများမြင့်တက်နေချိန်မှာ အိန္ဒိယနိုင်ငံက စစ်ရေးလှုပ်ရှားမှု တစ်စုံတစ်ရာရှိလာခဲ့ရင် စစ်အင်အားပြည့် ပြန်လည်တုံ့ပြန်သွားမယ်လို့ ပါကစ္စတန်က သတိပေး ပြောဆိုလိုက်ပါတယ်။

 

ပါကစ္စတန်အနေဖြင့် စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်နေတာတွေမရှိဘဲ စစ်ပွဲအတွက်  ခြိမ်းခြောက်မှုတွေကို အိန္ဒိယနိုင်ငံဘက်ကသာပြုလုပ်နေပြီး ပါကစ္စတန်အနေနဲ့ တုံ့ပြန်ဖို့ အသင့်ရှိတယ်လို့ ပါကစ္စတန်စစ်တပ်ရဲ့ ထိပ်တန်းဗိုလ်ချုပ် တစ်ဦးဖြစ်သူ အာဆစ်ဂါဖိုးက ဖေဖော်ဝါရီ ၂၂ ရက်ကပြောပါတယ်။

 

စစ်ရေးကို မိမိတို့ရဲ့ ခုခံကာကွယ်ခွင့်အတွက်သာ အသုံးပြုသွားမှာ ဖြစ်ပြီး အိန္ဒိယကြောင့် ပါကစ္စတန် တပ်ဖွဲ့ဝင်တွေကလုံးဝ အံအားသင့်လိမ့်မည်မဟုတ်ဘဲ မိမိတို့ကြောင့်သာ အိန္ဒိယနိုင်ငံက အံအားသင့်သွားစေရမယ်လို့လည်း ၎င်းကဆိုပါတယ်။

 

ကက်ရှ်မီးယားဒေသမှာ အိန္ဒိတပ်ဖွဲ့ဝင် ဒါဇင်နှင့်ချီပြီး သေဆုံးခဲ့ရတဲ့ ဖေဖော်ဝါရီ ၁၄ ရက်က အသေခံဗုံးခွဲတိုက်ခိုက်မှုအတွက် ကျူးလွန်တဲ့အဖွဲ့ကို ပါကစ္စတန်က ပြစ်တင်ရှုတ်ချထားပါတယ်။ တိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးဖို့နဲ့ ဆုံးဖြတ်နိုင်တဲ့ ထောက်လှမ်းရေးအချက်အလက်တေါကို မျှဝေဖို့ ဆန္ဒရှိကြောင်း ဗိုလ်ချုပ် ဂါဖိုးက ပြောပါတယ်။

 

အိန္ဒိယကတော့ ဒီတိုက်ခိုက်မှုမှာ ပါကစ္စတန်ထောက်လှမ်းရေးအဖွဲ့ ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲထားပြီး ဒီအတွက် လက်တုံ့ပြန်မှုတွေပြုလုပ်သွားမယ်လို့ခြိမ်းခြောက်ထားပါတယ်။ မူဆလင်အများစုနေထိုင်ရာ အငြင်းပွားဖွယ် ကက်ရှ်မီးယားဒေသကို ၎င်းတို့ပိုင်ဆိုင်တယ်လို့ အိန္ဒိယနဲ့ ပါကစ္စတန်နှစ်နိုင်ငံလုံးက အခိုင်အမာဆိုပြီး လက်ရှိမှာတော့ နယ်မြေခွဲခြားထိန်းချုပ်ထားကြပါတယ်။

 

Ref & Photo : UPI

 

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW