အိန္ဒိယနိုင်ငံမှာ အဆိပ်သင့်ချက်အရက်တွေသောက်လို့ လူ ၁၃၀ သေဆုံး

ဒေလီ၊ ဖေဖော်ဝါရီ-၂၄-၂၀၁၉

မျိုးဆက် (VOM)

 

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းမှာ အဆိပ်သင့်နေတဲ့  မှောင်ခိုအရက်တွေကို သောက်မိတာကြောင့် လူပေါင်း ၁၃၀ ဦးသေဆုံးသွားပြီး လူ ၂၀၀ ကျော်ကိုဆေးရုံတင်ထားရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

 

နိုင်ငံမြောက်ပိုင်းရှိ ဥတာပရာဒက်နဲ့ ဥတာရာခန် ပြည်နယ်တွေမှာ  မှောင်ခိုအရက်တွေကြောင့် လူ ၁၀၀ခန့်သေဆုံးခဲ့ပြီးနောက် ရက်ပိုင်းအကြာ ဖေဖော်ဝါရီ ၂၄ ရက်မှာ အာသံပြည်နယ်အတွင်းမှာ နောက်ထပ် ၃၅ ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။

 

ယင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး လူဆယ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ အဆိပ်မိသူတွေထဲမှာ  အမျိုးသမီးတွေလည်းပါဝင်ပြီး ၎င်းတို့အားလုံးဟာ အာသံပြည်နယ်ရှိ လက်ဖက်စိုက်ခင်းတွေမှာ  အလုပ်လုပ်ကိုင်နေသူတွေဖြစ်ကြပါတယ်။

 

ဒီလိုအဆိပ်သင့်မှုကြောင့် ဖေဖော်ဝါရီ ၂၁ ရက်က ပထမဆုံးလူသေဆုံးခဲ့တယ်လို့ ပြည်နယ်တာဝန်ရှိသူတွေက ပြောပါတယ်။ ၂၀၁၁ ခုနှစ်က အနောက်ဘန်ဂေါပြည်နယ်မှာ အရက်အဆိပ်သင့်မှုကြောင့် လူ ၁၇၀ သေဆုံးခဲ့တာထက် ယခုဖြစ်စဉ်က သေဆုံးသူပိုများမယ်လို့ ယုံကြည်ရပါတယ်။

 

Ref: BBC

Photo : Reuters

 

#voiceofmyanmar#အိန္ဒိယ#ချက်အရက်

Related posts

Leave a Comment

VOM News

FREE
VIEW