တမူးမြို့နယ် ဆရာစံရွာနားမှာ လက်ရှိဖေါက်နေတဲ့ ဆည်မြောင်းဘောင်ဟာ ဒေသတွက် အကျိုးမရှိနိုင်

တမူး ဖေဖော်ဝါရီ ၂၆-၂၀၁၉

သိန်းအုပ် (VOM)

 

စစ်ကိုင်းတိုင်း တမူးခရိုင်​ တမူးမြို့ နယ် ဆရာစံ​ကျေရွာအတွင်း တည်​​ဆောက်​​နေတဲ့​ဆည်ဟာ အမှန်​တကယ်လယ်​​ရေ ရရှိနိုင်​မှာ​မဟုတ်​​တဲ့အပြင် နေအိမ်တွေနဲ့မလွတ်ကင်းလို့်  ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

 

လယ်​သမားတွေက  ယခင်​​နေ​ဟောင်းဖြစ်​တဲ့ ဆရာစံရွာအထက်​ပိုင်းမှာပဲ တည်ဆောက်ဖို့တင်ပြထားပေမယ့်ခုနေရာဟာ ရေမရနိုင်တဲ့အပြင် သွားလာရခက်ခဲနိုင်တယ်လို့ ဒေသခံတောင်သူ ဦးနေလင်းအောင် ပြောပြတာက

 

”​ခုဆောက်​​နေတဲ့ဆည်​​နေရာက အနိမ့်​ပိုင်းဖြစ်​ပြီး အမှန်​တကယ်​​ရေရရှိနိုင်​မယ့် နေရာမဟုတ်​တဲ့အပြင်​ ရွာအတွင်းရှိ လူ​နေအိမ်​များနင့်​မလွတ်​ကင်းပဲ ဆည်​တူး​ဖော်​​နေ​လို့  က​လေးသူငယ်​တွေအတွက်လည်း စိတ်​မချရဘူး သွား​ရေးလာ​ရေး​နေထိုင်​​ရေးပါအဆင်​မ​ပြေပါဘူး”​ လို့ဆိုပါတယ်။

 

အခုဆည်တည်ဆောက်နေတဲ့နေရာဟာ ယခင်တောင်သူတွေ လျားထားတဲ့နေရာမဟုတ်ဘဲ (MT) ကုမ္ပဏီကနေ ဆရာစံရွာရဲ့ အရှေ့ဘက်ကျေးရွာအနီးမှာတည်ဆောက်ရေးလုပ်ငန်းတွေ စတင်နေတာကြောင့် ပတ်ဝန်းကျင်မှာရှိတဲ့နေအိမ်တွေနား မြောင်းတူးဖော်နေတာတွေ  ရပ်တန့်ပေးဖို့နဲ့  ဆည်ကို မူလလျာထားတဲ့ နောင်ကမ်းရဲ့အထက်မှာပဲ တည်ဆောက်ပေးဖို့ တောင်သူ ၆၈ ဦးက ဆည်မြောင်းဝန်ကြီးဋ္ဌာနကို တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။

 

”တည်​​ဆောက်​တဲ့​နေရာသက်​မှတ်​တာ ​ရွာကိုကြိုတင်​အ​ကြောင်းကြားပြီး​ရောက်​လာတာ မဟုတ်​ပါဘူး ရွာလူကြီးလည်းမရှိပါဘူး ရွာသား​တွေအားလုံးအတည်​ပြုပြီး လက်​ခံတာမဟုတ်​ပါဘူး ။ လွတ်​​တော်​အမတ်​နဲ့ပညာရှင်​​တွေက ရွာသားတွေ နားမလည်​​အောင်​ရှင်းပြီး အတည်​ပြုသွားတာပါ ။ ဒေသခံ​တောင်​သူ​တွေသ​ဘောထားအကြိုက်​လုပ်​မှာလား ပညာရှင်​ဆန္ဒသ​ဘောထားအကြိုက်​လုပ်​မှာလား ကျွန်​​တော်​တို့​တောင်​သူ​တွေ ဘယ်​သူ့ကိုအ​ဖေ ​ခေါ်ရမှန်းမသိပါဘူး

နောင်​ကမ်း​ချောင်းအထက်​ပိုင်းမှာဘဲ ဆည်​တည်​​ဆောက်​​ပေးဖို့  ဆည်​​မြောင်းဦးစီးဌာနကိုတင်​ပြထားတယ်​ ။ အခုထိဘာမှဖြစ်​မလာ​သေးပါဘူး”လို့ လယ်​သမားတစ်​ဦးဖြစ်​တဲ့  ဦး​အောင်​​ကျော်မိုး က ပြောပါတယ်​။

 

နောင်​ကမ်း​ချောင်းအထက်​ပိုင်းမှာ ဆည်​တည်​​ဆောက်​ပါက ဧက ထောင်​ချီဆည်​​ရေသောက်​နိုင်​ပြီး  ခုတူး​ဖော်​​နေတဲ့​ နောင်းကမ်း​ချောင်း​အောက်​ဘက်​မှာ​တော့ လယ်​အတွင်း​ရေရရှိဖို့​တောင်​မလွယ်​ကူတာကြောင့် ဒေသခံတွေအနေနဲ့ အလွန်အမင်းစိုးရိမ်နေကြတယ်လို့လည်းသိရပါတယ်။

 

ကွန်တောင်းကျေးရွာအုပ်စု ဆရာစံကျေးရွာ ပါယားလေးကွင်းမှာရှိတဲ့ ဒေသခံတောင်သူ ၆၈ ဦး အသုံးပြုနိုင့်ဖို့ ကျေးရွာရဲ့အနောက်ဘက်ရှိ နောင်ကမ်းချောင်းကို ဆည်တည်ဖို့ လိုအပ်နေတဲ့ ရန်ပုံငွေကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မှာငွေကျပ်  ၆၆ ဒသမ ၉ သန်း နဲ့တည်ဆောက်ဖို့ အခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်နေ့က ခွင့်ပြုထားပြီးဖြစ်တယ်လို့သိရပါတယ်။

 

#voiceofmyanmar#တမူး#ဆရာစံရွာ#ဆည်ရေ

Related posts

Leave a Comment

VOM News

FREE
VIEW