တမူး ဖေဖော်ဝါရီ ၂၆-၂၀၁၉
သိန်းအုပ် (VOM)
စစ်ကိုင်းတိုင်း တမူးခရိုင် တမူးမြို့ နယ် ဆရာစံကျေရွာအတွင်း တည်ဆောက်နေတဲ့ဆည်ဟာ အမှန်တကယ်လယ်ရေ ရရှိနိုင်မှာမဟုတ်တဲ့အပြင် နေအိမ်တွေနဲ့မလွတ်ကင်းလို့် ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
လယ်သမားတွေက ယခင်နေဟောင်းဖြစ်တဲ့ ဆရာစံရွာအထက်ပိုင်းမှာပဲ တည်ဆောက်ဖို့တင်ပြထားပေမယ့်ခုနေရာဟာ ရေမရနိုင်တဲ့အပြင် သွားလာရခက်ခဲနိုင်တယ်လို့ ဒေသခံတောင်သူ ဦးနေလင်းအောင် ပြောပြတာက
”ခုဆောက်နေတဲ့ဆည်နေရာက အနိမ့်ပိုင်းဖြစ်ပြီး အမှန်တကယ်ရေရရှိနိုင်မယ့် နေရာမဟုတ်တဲ့အပြင် ရွာအတွင်းရှိ လူနေအိမ်များနင့်မလွတ်ကင်းပဲ ဆည်တူးဖော်နေလို့ ကလေးသူငယ်တွေအတွက်လည်း စိတ်မချရဘူး သွားရေးလာရေးနေထိုင်ရေးပါအဆင်မပြေပါဘူး” လို့ဆိုပါတယ်။
အခုဆည်တည်ဆောက်နေတဲ့နေရာဟာ ယခင်တောင်သူတွေ လျားထားတဲ့နေရာမဟုတ်ဘဲ (MT) ကုမ္ပဏီကနေ ဆရာစံရွာရဲ့ အရှေ့ဘက်ကျေးရွာအနီးမှာတည်ဆောက်ရေးလုပ်ငန်းတွေ စတင်နေတာကြောင့် ပတ်ဝန်းကျင်မှာရှိတဲ့နေအိမ်တွေနား မြောင်းတူးဖော်နေတာတွေ ရပ်တန့်ပေးဖို့နဲ့ ဆည်ကို မူလလျာထားတဲ့ နောင်ကမ်းရဲ့အထက်မှာပဲ တည်ဆောက်ပေးဖို့ တောင်သူ ၆၈ ဦးက ဆည်မြောင်းဝန်ကြီးဋ္ဌာနကို တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။
”တည်ဆောက်တဲ့နေရာသက်မှတ်တာ ရွာကိုကြိုတင်အကြောင်းကြားပြီးရောက်လာတာ မဟုတ်ပါဘူး ရွာလူကြီးလည်းမရှိပါဘူး ရွာသားတွေအားလုံးအတည်ပြုပြီး လက်ခံတာမဟုတ်ပါဘူး ။ လွတ်တော်အမတ်နဲ့ပညာရှင်တွေက ရွာသားတွေ နားမလည်အောင်ရှင်းပြီး အတည်ပြုသွားတာပါ ။ ဒေသခံတောင်သူတွေသဘောထားအကြိုက်လုပ်မှာလား ပညာရှင်ဆန္ဒသဘောထားအကြိုက်လုပ်မှာလား ကျွန်တော်တို့တောင်သူတွေ ဘယ်သူ့ကိုအဖေ ခေါ်ရမှန်းမသိပါဘူး
နောင်ကမ်းချောင်းအထက်ပိုင်းမှာဘဲ ဆည်တည်ဆောက်ပေးဖို့ ဆည်မြောင်းဦးစီးဌာနကိုတင်ပြထားတယ် ။ အခုထိဘာမှဖြစ်မလာသေးပါဘူး”လို့ လယ်သမားတစ်ဦးဖြစ်တဲ့ ဦးအောင်ကျော်မိုး က ပြောပါတယ်။
နောင်ကမ်းချောင်းအထက်ပိုင်းမှာ ဆည်တည်ဆောက်ပါက ဧက ထောင်ချီဆည်ရေသောက်နိုင်ပြီး ခုတူးဖော်နေတဲ့ နောင်းကမ်းချောင်းအောက်ဘက်မှာတော့ လယ်အတွင်းရေရရှိဖို့တောင်မလွယ်ကူတာကြောင့် ဒေသခံတွေအနေနဲ့ အလွန်အမင်းစိုးရိမ်နေကြတယ်လို့လည်းသိရပါတယ်။
ကွန်တောင်းကျေးရွာအုပ်စု ဆရာစံကျေးရွာ ပါယားလေးကွင်းမှာရှိတဲ့ ဒေသခံတောင်သူ ၆၈ ဦး အသုံးပြုနိုင့်ဖို့ ကျေးရွာရဲ့အနောက်ဘက်ရှိ နောင်ကမ်းချောင်းကို ဆည်တည်ဖို့ လိုအပ်နေတဲ့ ရန်ပုံငွေကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မှာငွေကျပ် ၆၆ ဒသမ ၉ သန်း နဲ့တည်ဆောက်ဖို့ အခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်နေ့က ခွင့်ပြုထားပြီးဖြစ်တယ်လို့သိရပါတယ်။
#voiceofmyanmar#တမူး#ဆရာစံရွာ#ဆည်ရေ