အာရှမှာ ပေးကမ်းမှုအရက်ရောဆုံး မြန်မာနိုင်ငံ အဆင့် ၃

လန်ဒန်၊ မတ်-၃-၂၀၁၉

မျိုးဆက် (VOM)

 

အာရှတိုက်မှာရှိတဲ့ ပေးကမ်းမှုအရက်ရောဆုံးနိုင်ငံတွေထဲမှာ  မြန်မာနိုင်ငံက အဆင့် ၃ နေရာ ရပ်တည်နေတယ်လို့ ဗြိတိန်အခြေစိုက် Charities Aid Foundation ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

Charities Aid Foundation ရဲ့ ကိုးကြိမ်မြောက် ထုတ်ပြန်တဲ့ ပေးကမ်းမှုအရက်ရောဆုံး အဆင့်သတ်မှတ်ချက်ကို ၂၀၁၃ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ နိုင်ငံပေါင်း ၁၄၆ နိုင်ငံမှာ စစ်တမ်းကောက်ယူထားတဲ့ စစ်တမ်းကို အခြေခံပြီး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

 

မြန်မာနိုင်ငံရဲ့အထက် ဒုတိယနေရာမှာတော့ စင်ကာပူနိုင်ငံက ရပ်တည်နေပြီး အင်ဒိုနီးရှားနိုင်ငံကတော့ ပထမဆုံးအကြိမ်အဖြစ် အဆင့် ၁ နေရာမှာ ရပ်တည်နေတယ်လို့ သိရပါတယ်။

 

မြန်မာနိုင်ငံရဲ့အောက်မှာတော့ သီရိလင်္ကာနိုင်ငံ၊ မွန်ဂိုလီးယား၊ နီပေါ၊ တောင်ကိုရီးယား၊ ထိုင်းနိုင်ငံတို့က ရပ်တည်နေပြီး မကြာသေးမီနှစ်များအတွင်းက ရိုဟင်ဂျာတွေကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကတော့ အဆင့် ၉ နေရာမှာရပ်တည်နေပါတယ်။

 

၎င်းရဲ့နောက်မှာတော့ ဖိလစ်ပိုင်၊ ပါကစ္စတန်၊ အိန္ဒိယ၊ ဂျပန်၊ လာအို၊ ကမ္ဘောဒီးယား နဲ့ တရုတ်နိုင်ငံတို့က ရပ်တည်နေတယ်လို့သိရပါတယ်။

 

Ref : Daily Star

Photo : CAF

 

#voiceofmyanmar#မြန်မာ#အရက်ရောဆုံး#အာရှ

 

 

Related posts

Leave a Comment

VOM News

FREE
VIEW