တာတူးရုပ်ရှင်ကားက LGBT တွေကိုလှောင်ပြောင်ရှုတ်ချတာမရှိဘူးဆိုတဲ့ နေတိုး

ရန်ကုန် မတ် ၇-၂၀၁၉

သင်းသဒ္ဒါ(VOM)

 

ပရိသတ်အချစ်တော် အကယ်ဒမီနေတိုးကတော့ တာတူးရုပ်ရှင်ကားက LGBT တွေကိုလှောင်ပြောင်ရှုတ်ချတာမရှိဘူးလို့ဆိုပါ တယ်။

 

LGBT တွေကလည်း ဝေဖန်ထောက်ပြမှုတွေရှိလာချိန်မှာ တာတူးကာရိုက်တာနဲ့ သရုပ်ဆောင်ထားနဲ့ပတ်သက်ပြီးတော့ ”တာတူးကတော့ သူတို့တွေကို လှောင်ပြောင် ရှုတ်ချတာတွေလည်း မရှိပါဘူး။ မိန်းကလေး တယောက်ရဲ့အသွင်အပြင် တစ်ခုပေါ်မှာ အခြေခံတာဖြစ်ပါတယ်။ ဇာတ်မှာအကြောင်း အရာတစ်ခုအနေနဲ့ပါတာပါ။ ဒီကာရိုက်တာကို main တည်ရိုက်တာမဟုတ်ပါဘူး”လို့ ဆိုပါတယ်။

 

တာတူး ရုပ်ရှင်ကားကိုတော့ မတ် ၁၅ ရက်မှာ ရုံတင်ပြတော့မှာလည်း ဖြစ်သလို Box No.88 ရုပ်ရှင်ကားကို လက်ခံရိုက်ကူး နေတယ်လို့ သိရပါတယ်။   ဟာသကားတွေမှာ LGBT ဇာတ်ရုပ်တွေသုံးစွဲလာတဲ့အတွက် ရိုက်တဲ့သူတွေဘက်ကရော အနုပညာဘက်ကရော အကုန်လုံးကတော့ ဆင်ခြင်သုံးသပ်ဖို့တော့ လိုအပ်ပါတယ်။ ဈေးကွက်တစ်ခုကို အောင်မြင်တယ်ဆိုတိုင်း လုပ်လို့မရပါဘူး။ ဒီဇာတ်ရုပ်မှ မဟုတ်ပါဘူး။ ဘယ်ဇာတ် ရုပ်မဆိုများသွားရင် မကောင်းပါဘူး။ တန်ဆေးလွန်ဘေးဆိုတာမျိုး ရှိပါတယ်။ကျွန်တော် တို့က ဇာတ်ရုပ်တိုင်း ဘဝတိုင်းဘဝတိုင်းမှာ ခံစားချက်ဆိုတာရှိပါတယ်။တကယ့် ဘဝအစစ်နဲ့ ရိုက်ပြသလို ဟာသအနေနဲ့လည်း ရိုက်ပြ ခဲ့တာရှိပါတယ်။စာနာတတ်အောင် ရိုက်ပြတာလည်းရှိပါတယ်လို့ ပြောပါတယ်။

”ဒီလိုဇာတ်ကောင်တွေနဲ့ ပတ်သက်ပြီး ကျွန်တော့်ဘဝမှာ ဇာတ်ကောင် ၃ မျိုးနဲ့ဖြတ်သန်းဘူးပါတယ်။ ပထမကတော့ မာမီရှိန်း ဒုတိယက တာတေကြီး နဲ့ တတိယကတော့ တာတူးမှာပါဝင်ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

 

ဓာတ်ပုံ – သင်းသဒ္ဒါ

 

#voiceofmyanmar#နေတိုး#တာတူး#LGBT

 

 

 

Related posts

VOM News

FREE
VIEW