မြန်မာတာဝန်ရှိသူတွေကို အရေးယူနိုင်ဖို့ ရိုဟင်ဂျာတွေနဲ့ အိုင်စီစီကိုယ်စားလှယ်အဖွဲ့ တွေ့မည်

ကော့ဘဇား၊ မတ်-၇-၂၀၁၉

မျိုးဆက် (VOM)

 

မြန်မာတပ်မတော်က ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ကနဦးစုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်ဖို့အတွက် နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံး (အိုင်စီစီ) မှ ရှေ့နေတွေပါဝင်တဲ့ကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေပါတယ်။

 

အဖွဲ့ဝင် ခုနှစ်ဦးပါဝင်တဲ့ အိုင်စီစီ ကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်က သက်ဆိုင်ရာ ၀န်ကြီးတွေ၊ ထိပ်တန်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံမယ်အပြင် ရိုဟင်ဂျာတွေနဲ့ တွေ့ဆုံဖို့ ကော့ဘဇားကိုလည်း သွားရောက်ကြမှာဖြစ်ပါတယ်။

 

ဒီလိုစုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့အတွက် အိုင်စီစီရှေ့နေချုပ် Fatou Bensouda က ၂၀၁၈ခုနှစ် ဧပြီလမှာ အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ပြီး လူနည်းစုရိုဟင်ဂျာတွေအပေါ် မြန်မာတာဝန်ရှိသူတွေက သတ်ဖြတ်တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေနဲ့ အတင်းအကြမ်းမောင်းထုတ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ကနဦးစုံစမ်းစစ်ဆေးမှုတစ်ရပ်က လွန်ခဲ့တဲ့ စက်တင်ဘာလက စတင်ခဲ့ပါတယ်။

 

ကနဦးစုံးစမ်းစစ်ဆေးတာတွေရဲ့ ရလဒ်ကတော့ အဆိုပါဖြစ်စဉ်အပေါ် အိုင်စီစီက တရားဝင် စုံစမ်းစစ်ဆေးမှုလုပ်ဆောင်ဖို့ ဦးတည်သွားစေနိုင်ပြီး နောက်ပိုင်းမှာ စွဲချက်တင်နိုင်တဲ့ အလားအလာရှိနေပါတယ်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့ အိုင်စီစီ ကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ် ဥပဒေရေးရာဝန်ကြီး Anisul Huq၊ ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan Kamal တို့အပြင် အခြားထိပ်တန်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံသွားဖို့ရှိနေပါတယ်။

 

Ref & Photo : bdnews24

 

#voiceofmyanmar#ရိုဟင်ဂျာ#အိုင်စီစီ

Related posts

Leave a Comment

VOM News

FREE
VIEW