လေးမြို့မြစ်​ကြောင်းအတွင်း တိုက်​ပွဲထပ်​မံဖြစ်​ပွား ကျေးရွာတစ်​ရွာပိတ်​မိနေ

မြောက်​ဦး၊ မတ်​ ၉-၂၀၁၉

ခိုင်​လင်းစံ(VOM)

 

ရခိုင်​ပြည်​နယ်​ မြောက်​ဦးမြို့နယ်​ လေးမြို့မြစ်​ကြောင်းအတွင်းမှာ မတ်​လ ၈ ရက်​နေ့ညနေပိုင်းကစပြီး တိုက်​ပွဲတွေ ပြန်​လည်​ဖြစ်​ပွားနေကြတာဖြစ်​ပါတယ်​။ အဲ့ဒီတိုက်​ပွဲဟာ လေးမြို့မြစ်​အထက်​ပိုင်း ခြတ်​ချောင်းကျေးရွာရဲ့မြောက်​ဘက်​ စာပေါင်​ကျေးရွာအနီးမှာ ဖြစ်​ပွားနေကြတာဖြစ်​ပါတယ်​။

 

“တိုက်​ပွဲက မနေ့ညနေပိုင်းကနေ စဖြစ်​တယ်​လို့သိရပါတယ်​။ အသံတွေလည်း ကြားရတယ်​။ ပြင်းပြင်းထန်​ထန်​ဖြစ်​နေကြတာပါ။ ကျွန်​တော်​တို့ ရွာနားက ဘုရားကြီးရွာမှာလည်း စစ်​သားတွေရှိနေပါတယ်​။”လို့ ခြိတ်​ချောင်းကျေးရွာသားတစ်​ဦးက ပြောပါတယ်​။

 

အဲ့ဒီတိုက်​ပွဲကြောင့်​ ခြိတ်​ချောင်းချောင်းထဲမှာရှိတဲ့ စာပေါင်​ကျေးရွာသားတွေဟာ ထွက်​ပြေးတိမ်းရှောင်​လို့မရဘဲ ပိတ်​မိနေကြတာဖြစ်​ပါတယ်​။

 

“ခြိတ်​ချောင်းထဲမှာ ရှိတဲ့ စာပေါင်​ကျေးရွာသားတွေ ပိတ်​မိနေပါတယ်​။ လောလောဆယ်​တော့ ထွက်​လာဖို့အခက်​အခဲရှိနိုင်​တဲ့အတွက်​ ရွာမှာပဲရှိနေကြပါတယ်​။ သူတို့လာမယ်​လမ်းမှာဖြစ်​နေတာဆိုတော့ တခြားသွားစရာလည်းမရှိဘူး။”လို့ ဆက်​လက်​ပြောကြားပါတယ်​။

 

ဒါ့ကြောင့်​ ခြိတ်​ချောင်းကျေးရွာနဲ့ အနီးဝန်းကျင်​မှာရှိတဲ့ ကျေးရွာတချို့ ထွက်​ပြေးလာကြတဲ့အတွက်​ စင်္ဘောကိုင်း စစ်​ဘေးရှောင်​စခန်းကို လူဦးရေ ၂၉၀ ခန့်​ ဒီကနေ့ရောက်​ရှိလာတယ်​လို့ ပြောပါတယ်​။

ရခိုင်ပြည်နယ်မှာ ရခိုင်တပ်မတော် အေအေနဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ်နေတာ လချီနေပြီမို့  မြောက်ဦး ၊ ရသေ့တောင်စတဲ့ မြို့နယ်တွေမှာ နေရပ်ရင်းကို မပြန်နိုင်တဲ့  စစ်ရှောင်ဒုက္ခသည်တွေ ထောင်ချီပြီးရှိနေပါတယ်။

 

#voiceofmyanmar #ရခိုင် #AA #မြောက်ဦး

 

Related posts

Leave a Comment

VOM News

FREE
VIEW