တိုင်းအစိုးရကနေ ​မြေ​နေရာ​ပေးရင် တန်​ဖိုးနည်းအိမ်​ရာတွေ ဆောက်​လုပ်​​ပေးမယ်

မတ် ၁၂-၂၀၁၉

သစ်တော်

ရန်​ကုန်​တိုင်း​ဒေသကြီးအစိုးရအဖွဲ့က ​မြေ​နေရာစီစဉ်​​ပေးရင် ​ဆောက်​လုပ်​​ရေး လုပ်​ငန်းရှင်​တွေအ​နေနဲ့ တန်​ဖိုးနည်း အိမ်​ရာတွေကို ​ဆောက်​လုပ်​​ပေးမယ်လို့ လုပ်​​ရေးလုပ်​ငန်းရှင်​အချို့က​ပြောပါတယ်။တန်ဖိုးနည်းအိမ်ရာတွေ တည်ဆောက်မယ်ဆိုရင် အစိုးရအနေနဲ့ မြေတန်ဖိုးကို သုညရာခိုင်နှုန်းအထိ ချပေးနိုင်တယ်လို့ (၂၄) ကြိမ်မြောက် ဒုတိယသမ္မတ(၁) နှင့် စီးပွား ရေးလုပ်ငန်းရှင်တွေ တွေ့ဆုံပွဲမှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားတာရှိပါတယ်။

၊ရန်​ကုန်​မြို့​တော်​ည်​ပင်​သာယာ​ရေး​ကော်​မတီ ၊ ​ကော်​မတီဝင်​​လောင်း ဦးစိုးမင်းဦးပြောပြတာကတော့ ​”အိုးမဲ့အိမ်​မဲ့ ၊ ကျုး​ကျော်​​တွေအတွက်​ဆို အစိုးရက ​မြေ​နေ ရာခွင့်​ပြု​ပေးဖို့ဘဲလိုတာ။ ကျွန်​​တော်​ကိုယ်​တိုင်​လဲ ကန်​ထ ရိုက်​ဖြစ်​တဲ့အတွက်​ ကျွန်​​တော်​တို့လို အိမ်​ရာ​ဆောက်​လုပ်​ မယ့်​ ကန်​ထရိုက်​​တွေအများကြီးရှိတယ်​။ လုပ်​ချင်​တဲ့သူ ​တွေအများကြီး ၊အစိုးရက​မြေသာ​ပေးလိုက်​။ ကျွန်​​တော်​တို့ ကအိမ်​ယာ​ဖော်​​ဆောင်​ဖို့အလွယ်​တကူ ဖြစ်​သွားမယ်​။ ဒီလို ​ဖော်​​ဆောင်​လိုက်​ရင်​ အိုးမဲ့အိမ်​မဲ့ ​တွေကင်းသွားမယ်​။ အနည်းဆုံး​တော့​နေထိုင်​ဖို့ ကအဆင်​​ပြေမှာပါ။ ရန်​ကုန်​တိုင်း​ဝန်​ကြီးချုပ်​က​မြေ​နေရာကို ဇီးရိုး အထိ​တောင်​ချ​ပေး မယ်​လို့ ​ပြောထားတဲ့အတွက်​​မြေ​နေရာသာချ​ပေး၊ ကျွန်​ တော်​တို့ကလုပ်​မယ်​” လို့ ဆိုပါတယ်။

လက်ရှိမှာတော့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန က ရွှေပေါက်ကံ၊ရွှေလင်းဗန်းကနောင်နှင့်ယုဇနတန်ဖိုးနည်းအိမ်ရာတို့ကိုတည်ဆောက်လျက်ရှိနေပြီးအခြား​မြေနေရာတွေမှာလည်း တည်ဆောက်သွားဖို့ စီစဉ်နေတယ်လို့သိရပါတယ်။ တော်​ဝင်​မိသားစုကုမ္မဏီလီမိတက်​၊ ဥက္ကဌ ဦးကိုကို​ထွေးက​ပြောပြတာကတော့”ကျွန်​​တော်​တို့နိုင်​ငံမှာ အဓိကရန်​ကုန်​မြို့မှာ အိမ်​ယာ အခက်​အခဲရှိတဲ့သူ ​တွေကအ​မြောက်​အမြားဖြစ်​​နေတယ်​။ လူ​တွေက လမ်း​ဘေးမှာဖြစ်​သလိုကျူး​ကျော်​​နေရတယ်​။ အိမ်​ဌားတဲ့သူ​တွေကလဲ အိမ်​ကို ကြာကြာမဌားနိုင်​ကြဘူး။ အဲဒီလူ​တွေရဲ့ အိမ်​ယာအခက်​အခဲ ရင်​ဆိုင်​​နေရတာကို ​ဖြေရှင်းပေးချင်​တဲ့အတွက်​ တန်​ဖိုးနည်း အိမ်​ယာ ​တွေကို တက်​နိုင်​သ​လောက်​တည်​​ဆောက်​ခဲ့ပါတယ်​” လို့ ဆိုပါတယ် ။

လက်ရှိ မှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနဲ့ဒဂုံမြို့ သစ်(တောင်ပိုင်း)မှာ အင်းဝအိမ်ရာ၊ ကောင်းစံသာအိမ်ရာ ၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်မှာ ယုဇနအိမ်ရာအပိုင်း (၁၊ ၂)၊ ကနောင်အိမ်ရာ၊ သင်္ဃန်းကျွန်းမြို့နယ်မှာ ကြီးပွား ရေးအိမ်ရာ၊ လှိုင်သာယာမြို့နယ်မှာ ရွှေလင်ဗန်းအိမ်ရာ၊ ထီးလှိုင်အိမ်ရာ၊ ရွှေပြည်သာမြို့နယ်မှာShopHouseတွေနဲ့မြောက်ဥက္ကလာပမြို့နယ်မှာတော့ ရွှေပေါက္ကံအိမ်ရာတို့ကို ရောင်းချပေးဖို့ စီစဉ်လျက်ရှိနေတယ်လို့သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲရဲ့ထုတ်ပြန်အချက်အရ တန်ဖိုးနည်းအိမ်ရာလျှောက်ထားသူတွေအနေနဲ့ တစ်လ၀င်ငွေ ကျပ် (၃)သိန်းကနေ (၅)သိန်းအထိ ရှိရမှာဖြစ်ပြီး ကနဦးငွေပေးသွင်းရာမှာတော့ ကုမ္ပဏီဝန်ထမ်းအတွက် တိုက်ခန်း၏ (၂၅) ရာခိုင်နှုန်း၊ အစိုးရ၀န်ထမ်းအတွက် (၁၅) ရာခိုင်နှုန်းသွင်းရမှာဖြစ်တယ်လို့ဆောက်လုပ်ရေး ၀န်ကြီးဌာနက သတ်မှတ်ထားပါတယ်။

#voiceofmyanmar #တန်ဖိုးနည်းအိမ်ယာ #ဆောက်လုပ်ရေး #ရန်ကုန်တိုင်းအစိုးရ

Related posts

Leave a Comment

VOM News

FREE
VIEW