မတ် ၁၂-၂၀၁၉
သစ်တော်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က မြေနေရာစီစဉ်ပေးရင် ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေအနေနဲ့ တန်ဖိုးနည်း အိမ်ရာတွေကို ဆောက်လုပ်ပေးမယ်လို့ လုပ်ရေးလုပ်ငန်းရှင်အချို့ကပြောပါတယ်။တန်ဖိုးနည်းအိမ်ရာတွေ တည်ဆောက်မယ်ဆိုရင် အစိုးရအနေနဲ့ မြေတန်ဖိုးကို သုညရာခိုင်နှုန်းအထိ ချပေးနိုင်တယ်လို့ (၂၄) ကြိမ်မြောက် ဒုတိယသမ္မတ(၁) နှင့် စီးပွား ရေးလုပ်ငန်းရှင်တွေ တွေ့ဆုံပွဲမှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားတာရှိပါတယ်။
၊ရန်ကုန်မြို့တော်ည်ပင်သာယာရေးကော်မတီ ၊ ကော်မတီဝင်လောင်း ဦးစိုးမင်းဦးပြောပြတာကတော့ ”အိုးမဲ့အိမ်မဲ့ ၊ ကျုးကျော်တွေအတွက်ဆို အစိုးရက မြေနေ ရာခွင့်ပြုပေးဖို့ဘဲလိုတာ။ ကျွန်တော်ကိုယ်တိုင်လဲ ကန်ထ ရိုက်ဖြစ်တဲ့အတွက် ကျွန်တော်တို့လို အိမ်ရာဆောက်လုပ် မယ့် ကန်ထရိုက်တွေအများကြီးရှိတယ်။ လုပ်ချင်တဲ့သူ တွေအများကြီး ၊အစိုးရကမြေသာပေးလိုက်။ ကျွန်တော်တို့ ကအိမ်ယာဖော်ဆောင်ဖို့အလွယ်တကူ ဖြစ်သွားမယ်။ ဒီလို ဖော်ဆောင်လိုက်ရင် အိုးမဲ့အိမ်မဲ့ တွေကင်းသွားမယ်။ အနည်းဆုံးတော့နေထိုင်ဖို့ ကအဆင်ပြေမှာပါ။ ရန်ကုန်တိုင်းဝန်ကြီးချုပ်ကမြေနေရာကို ဇီးရိုး အထိတောင်ချပေး မယ်လို့ ပြောထားတဲ့အတွက်မြေနေရာသာချပေး၊ ကျွန် တော်တို့ကလုပ်မယ်” လို့ ဆိုပါတယ်။
လက်ရှိမှာတော့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန က ရွှေပေါက်ကံ၊ရွှေလင်းဗန်းကနောင်နှင့်ယုဇနတန်ဖိုးနည်းအိမ်ရာတို့ကိုတည်ဆောက်လျက်ရှိနေပြီးအခြားမြေနေရာတွေမှာလည်း တည်ဆောက်သွားဖို့ စီစဉ်နေတယ်လို့သိရပါတယ်။ တော်ဝင်မိသားစုကုမ္မဏီလီမိတက်၊ ဥက္ကဌ ဦးကိုကိုထွေးကပြောပြတာကတော့”ကျွန်တော်တို့နိုင်ငံမှာ အဓိကရန်ကုန်မြို့မှာ အိမ်ယာ အခက်အခဲရှိတဲ့သူ တွေကအမြောက်အမြားဖြစ်နေတယ်။ လူတွေက လမ်းဘေးမှာဖြစ်သလိုကျူးကျော်နေရတယ်။ အိမ်ဌားတဲ့သူတွေကလဲ အိမ်ကို ကြာကြာမဌားနိုင်ကြဘူး။ အဲဒီလူတွေရဲ့ အိမ်ယာအခက်အခဲ ရင်ဆိုင်နေရတာကို ဖြေရှင်းပေးချင်တဲ့အတွက် တန်ဖိုးနည်း အိမ်ယာ တွေကို တက်နိုင်သလောက်တည်ဆောက်ခဲ့ပါတယ်” လို့ ဆိုပါတယ် ။
လက်ရှိ မှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနဲ့ဒဂုံမြို့ သစ်(တောင်ပိုင်း)မှာ အင်းဝအိမ်ရာ၊ ကောင်းစံသာအိမ်ရာ ၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်မှာ ယုဇနအိမ်ရာအပိုင်း (၁၊ ၂)၊ ကနောင်အိမ်ရာ၊ သင်္ဃန်းကျွန်းမြို့နယ်မှာ ကြီးပွား ရေးအိမ်ရာ၊ လှိုင်သာယာမြို့နယ်မှာ ရွှေလင်ဗန်းအိမ်ရာ၊ ထီးလှိုင်အိမ်ရာ၊ ရွှေပြည်သာမြို့နယ်မှာShopHouseတွေနဲ့မြောက်ဥက္ကလာပမြို့နယ်မှာတော့ ရွှေပေါက္ကံအိမ်ရာတို့ကို ရောင်းချပေးဖို့ စီစဉ်လျက်ရှိနေတယ်လို့သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲရဲ့ထုတ်ပြန်အချက်အရ တန်ဖိုးနည်းအိမ်ရာလျှောက်ထားသူတွေအနေနဲ့ တစ်လ၀င်ငွေ ကျပ် (၃)သိန်းကနေ (၅)သိန်းအထိ ရှိရမှာဖြစ်ပြီး ကနဦးငွေပေးသွင်းရာမှာတော့ ကုမ္ပဏီဝန်ထမ်းအတွက် တိုက်ခန်း၏ (၂၅) ရာခိုင်နှုန်း၊ အစိုးရ၀န်ထမ်းအတွက် (၁၅) ရာခိုင်နှုန်းသွင်းရမှာဖြစ်တယ်လို့ဆောက်လုပ်ရေး ၀န်ကြီးဌာနက သတ်မှတ်ထားပါတယ်။
#voiceofmyanmar #တန်ဖိုးနည်းအိမ်ယာ #ဆောက်လုပ်ရေး #ရန်ကုန်တိုင်းအစိုးရ