အရည်အသွေးပြည့်တဲ့ရွှေပြားတွေ လိုချင်တာကြောင့်   ဂေါပကအဖွဲ့က ရွှေစင်ရွှေပြားစက်ရုံတည်ဆောက်ပြီး ရွေပြားထုတ်မယ်

ရန်ကုန် ၊မတ် ၁၄-၂၀၁၉

TGH

အရည်အသွေးပြည့်တဲ့ရွှေပြားတွေ လိုချင်တာကြောင့်   ဂေါပကအဖွဲ့က ရွှေစင်ရွေပြားစက်ရုံတည်ဆောက်ပြီး မိမိတို့မျက်စိအောက်မှာပဲ ရွေပြားထုတ်နိုင်ဖို့ စက်ရုံလုပ်ငန်းစတင်လည်ပတ်နေပြီလို့ ရွှေတိဂုံဘုရား ဂေါပက တစ်ဦးဖြစ်တဲ့ ဦးအောင်မြတ်က ဒီနေ့ပြုလုပ်ခဲ့တဲ့ မီဒီယာတွေနဲ့တွေ့ဆုံရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။

 

” အရည်အသွေးလိုချင်လို့ ကိုယ့်ဘာသာစက်ရုံထောင်ပြီးလုပ်တာဖြစ်တယ်။ခုရွှေတွေကို အပြင်ယူသွားခွင့်မပြုဘူး၊ကိုယ့်မျက်စိအောက်မှာပဲလုပ်တယ်၊အရင်ကလက်နဲ့လုပ်တယ်၊အခုကစက်နဲ့လုပ်တယ်။ရွှေအရည်အသွေးကလည်း ဝယ်ကတည်းကအတိုင်းပဲ ရွှေတွေကိုသတ္ထုတွင်းဝန်ကြီးဌာနကဝယ်တယ်၊ဒီအရည်အသွေးတိုင်းပဲ ၉၉.၉၇ ရာခိုင်နူန်းရှိတယ်၊အပြောင်းအလဲမရှိပါဘူး။”လို့ ပြောပါတယ်။

 

ရွေပြားစက်ရုံကို ဝန်ထမ်းတွေနဲ့ အခုလ မတ်လအတွင်းစတင်လည်ပတ်နေပြီဖြစ်ကြောင်း၊စည်းကမ်းရေးထိန်းသိမ်းရေးနဲ့ လုံခြုံရေး အပိုင်းကိုလည်း အပြည့်အဝထားရှိပြီး ပုံမှန်အနေနဲ့ တစ်နေ့ကို ပျှမ်းမျှ ရွေပြား ၃ ချပ်ကနေ ၅ ချပ်ထိ ထုတ်လုပ်သွားမယ်လို့ ဆိုပါတယ်။

 

နောက်ပိုင်းလုပ်ငန်းကျွမ်းကျင်မှုရှိလာတဲ့အခါ ရွှေပြားအရေအတွက် ပိုပြီးထုတ်လုပ်လာနိုင်ဖို့ရှိကြောင်းနဲ့ ရွှေပြားတွေကို ၁ ပေ ပတ်လည် ၆ ကျပ်သား စံ ထားထုတ်လုပ်သွားမှာဖြစ်လို့လည်းဆိုပါတယ်။အဲဒီလို ၁ ပေပတ်လည် ရွှေပြားတွေကို တခြားဘုရားတွေမှာ တပ်ဆင်မှာမဟုတ်ပဲ ရွှေတိဂုံဘုရားတစ်ဆူတည်းမှာပဲ ကပ်လှူမှာဖြစ်တဲ့အတွက် အပြင်လူတွေမလုပ်ဆောင်နိုင်တာကြောင့် အခုလိုစက်ရုံတည်ထောင်ခဲ့တာဖြစ်ပါတယ်။စက်ရုံကိုတော့ စက်မှုဝန်ကြီးဌာန နဲ့ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်

 

“ဒီစက်ရုံကနေတောက်လျှောက်ထုတ်မယ်၊စတိုခန်းမှာ ရွှေပြားတွေကို ကောင်းကောင်း ထိန်းသိမ်းမယ်၊ပြီးရင်ခုလိုငါးနှစ်တကြိမ် ကပ်မယ်၊အများဆုံးလဲနိုင်သမျှလဲမယ်၊နောက်ဆုံးရွှေတိဂုံဘုရားမှာ ၆ကျပ်သားရွှေပြားတွေနဲ့အပြည့်ကပ်ထားတဲ့အထိရည်ရွယ်တယ်”လို့ ဂေါပကအဖွဲ့မှ ဦးသောင်းထိုက်ကပြောပါတယ်။

#voiceofmyanmar #ရွှေတိဂုံ #ရွှေပြား #ရွှေဆိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW