အလုပ်သမားအရေး တောင်းဆိုခဲ့တဲ့ အလုပ်သမားခေါင်းဆောင်တွေ တရားစွဲဆိုခံရ

 

မတ် ၁၂-၂၀၁၉

သွေးသစ်(VOM)

မန္တလေးမြို့မှာ အလုပ်သမားအရေးကိစ္စတွေအတွက် ဆန္ဒပြတောင်းဆိုခဲ့တဲ့ အလုပ်သမားတွေအထဲက ခေါင်းဆောင်ကိုးဦးကို ငြိမ်းစုစီဥပဒေတွေနဲ့ တရားစွဲဆိုခံထားရတယ်လို့ အလုပ်သမားသမဂ္ဂတွေဆီကသိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ အလုပ်သမားငါးရာကျော်နဲ့ တရားဥပဒေစိုးမိုးရေး အလုပ်သမားပေါ်ပေါက်ရေးတွေအပါအ၀င် အချက်ကိုးချက်ကို ခွင့်ပြုချက်မဲ့ စီတန်းလှည့်လည် တောင်းဆိုခဲ့တဲ့ အတွက် တရားစွဲဆိုခံထားကြရတာ ဖြစ်ပါတယ်။

အလုပ်သမားအရေးတောင်းဆို့ခဲကြစဉ်

လက်ရှိအချိန်မှာတော့ အလုပ်သမားတွေအနေနဲ့ တစ်ဦးကိုငွေကျပ်သိန်းနှစ်ဆယ်နူန်းနဲ့အာမခံထားရှိခဲ့ရတယ်လို့ မြန်မာနိုင်ငံစက်မှုလက်မှုနဲ့ ၀န်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်က ဦးသက်နှင်းအောင်က ပြောပါတယ်။

“ဒီနေ့ ပထမဆုံးရုံးချိန်းပေါ့၊သူတို့ စွဲဆိုထားတာက ဥပဒေကိုကျော်လွန်နေတယ်၊ဥပဒေမှာ အကြောင်းကြားရမယ်ပဲပါတယ်၊အခုဟာဒေသန္တရအမိန့်ကြောင့် သဘောမတူပါဘူးဆိုပြီး တရားစွဲထားတာပါ၊ဒီမိုကရေစီနဲ့မညီတဲ့ ဥပဒေတွေဖျက်သိမ်းပေးဖို့ လည်း လှုပ်ရှားမှုတွေ ထပ်လုပ်သွားဦးမှာပါ”လို့ သူကဆိုပါတယ်။

လက်ရှိအစိုးရလက်ထက်မှာ အလုပ်သမားအခွင့်အရေးတွေပိုမိုကျဆင်းလာပြီး အလုပ်သမားခေါင်းဆောင်တွေ အလုပ်ထုတ်ပယ်ခံရမှုလည်း ပိုများလာတဲ့အတွက် ဆန္ဒထုတ်ဖော်တာတွေလည်း မကြာခဏပြုလုပ်လာကြတာလည်းဖြစ်ပါတယ်။

#voiceofmyanmar #အလုပ်သမား #အလုပ်သမားတရားရုံး #

Related posts

Leave a Comment

VOM News

FREE
VIEW