ဆန်စပါးတွေ တရုတ်နိုင်ငံကို အလွယ်တကူပို့ ဆောင်နိုင်ဖို့ အပါအ၀င် လုပ်ဆောင်ဖို့လိုအပ်တဲ့အချက်ငါးချက်  တောင်းဆို

ရန်ကုန် ၊ မတ် ၁၇

TGH(VOM)

တောင်သူလယ်သမားတွေ  စပါးပေါ်ချိန် စပါးဈေးကောင်းရရှိုဖို့အပါအ၀င် အသေးစားနှင့်အလတ်စား ဆန်စပါးလုပ်ငန်းလုပ်ကိုင်သူတွေ အတွက်အဓိကလိုအပ်နေတဲ့ နယ်စပ်ကနေတရုတ် နိုင်ငံကို တင်ပို့ရောင်းချရေး အဆင်ပြေစေဖို့စတဲ့  အချက်တွေပါဝင်တဲ့အချက်ငါးချက်ကို  နိုင်ငံတော်ဒုတိယသမ္မတ (၁) ဦးဆောင်တဲ့ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီဆီကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကနေ တောင်းဆိုထားပါတယ်။

 

“နွေစပါး တွေလည်းပေါ်တဲ့အခါ တောင်သူလယ်သမားတွေအတွက်ဈေးကောင်းရဖို့အရေး ကြီးတယ်။ ကုန်သွယ်မှုလုပ်နိုင်ဖို့ပေါ့။ ဒါကြောင့် တရုတ်နဲ့ အစိုးရချင်း ညှိနှိုင်းမှုအပိုင်းတွေ မှာ ထိထိရောက်ရောက်လုပ်ပေးဖို့ လိုတယ်။ တင်ပြထားတယ်။

ခု ၅ ချက်ကလည်း တင်ပြထားတာပေါ့။” လို့ဆန်စပါးအသင်းချုပ် ဥက္ကဌဖြစ်သူ ဦးရဲမင်းအောင်ကပြောပါတယ်။

 

ဒါ့အပြင် လာမယ့် ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနဲ့  စိုက်ပျိုးစရိတ်ချေးငွေထုတ်ပေးတဲ့အခါ တစ်ဧကကို တစ်သိန်းခွဲနှုန်း  (၁၀) ဧကအထိ ထုတ်ပေးနေပေမယ့် ရခိုင်ပြည်နယ်မှာ  (၁၀) ဧကအထက် လယ်သမားတွေကိုပါ ထုတ်ချေးပေးဖို့ တောင်းဆိုခဲ့တယ်လို့သိရပါတယ်။

 

“စပါးစိုက်တယ် ။ ကိုယ်စိုက်တဲ့စပါးတောင် မကြိတ်ခွဲနိုင်တော့ဘူး။ အားမရှိတော့ဘူး။အားလုံးက ချေး ငွေနဲ့လုပ်နေရတယ် ။ စပါးစိုက် သူများရောင်း ၊ဆန်ကို တစ်ပြည်စ နှစ်ပြည်စ ၀ယ်စား။ အကြွေးတွေက နစ်သက်ထက်နစ်။နောက်ဆုံးလယ်ပိုင်တွေကနေ အငှားဘ၀ ရောက်။စပါးဈေးသာကောင်းမယ်ဆိုရင် ကျွန်တော်တို့အတွက်လည်းကိုက်မယ်။ ခုတော့ လုပ်ရတာနဲ့ ၊ စောင့်ရတဲ့အချိန် ပြန်ရတဲ့အကျိုးမြတ်က အဆမတန်နည်းတယ်။”လို့ ၊ ပြည်မြို့က  စပါးစိုက်တောင်သူတစ်ဦးဖြစ်တဲ့ ဦးမောင်ကြီးကပြောပါတယ်။

 

လက်ရှိ စပါးစိုက်တောင်သူတွေရဲ့ အခြေအနေမှာ လယ်ယာလုပ်သားရှားပါးတာ ၊ စပါးအထွက်နှုန်း လျော့နည်းလာတာ ၊ စိုက်ပျိုးစရိတ်ကြီးမြင့်လာတာတွေကြောင့်  လယ်ယာလုပ်ငန်း လုပ်ကိုင်သူအများစုက စီးပွားအရ အခက်အခဲဖြစ်နေကြတယ်လို့ သိရပါတယ်။

ဓာတ်ပုံ -ဆန်စပါးအသင်းချုပ်(မန္တလေး)

#voiceofmyanmar #ဆန်စပါး #စိုက်ပျိုးရေး #ကုန်သွယ်မှု #ချေးငွေ

 

 

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW