အားလုံးအကျုံးဝင် ပညာရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၅၄ သန်းထောက်ပံ့မယ်

ရန်ကုန် ၊ မတ် ၁၈

TGH

ပညာရေးဝန်ကြီးဌာနကဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံရဲ့ အားလုံးအကျုံးဝင် ပညာရေးစီမံကိန်းအတွက် သြစတေးလျနိုင်ငံအပါအ၀င် ဒိန်းမတ်နိုင်ငံ နဲ့ ဖင်လန်နိုင်ငံ အစိုးရ တို့က ထပ်ဆောင်းရန်ပုံငွေအဖြစ် အမေရိကန် ဒေါ်လာ ၅၄ သန်းထောက်ပံ့ပေးသွားမယ်လို့ ဒီကနေ့ မတ်လ ၁၈ ရက်နေ့မှာ ကမ္ဘာ့ဘဏ်ကနေ ထုတ်ပြန်လိုက်ပါတယ်။

“သြစတေးလျနိုင်ငံအနေနဲ့ ဒီစီမံကိန်းရဲ့ ကောင်းမွန်တဲ့ ဆောင်ရွက်မှုအပေါ်အားရမှုရှိလို့ ခုလိုထပ်ဆောင်းရန်ပုံ ငွေဖြည့်တင်းပေးနိုင်တာဖြစ်ပါတယ်၊ဒီလိုပံ့ပိုးကူညီပေးတာက ပဋိပက္ခဒေသက ကလေးငယ်တွေအပါအ၀င် မြန်မာနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ကလေးငယ်တွေအတွက် အခြေခံပညာရေးကိုပိုမိုလက်လှမ်းမီစေနိုင်မှာဖြစ်တယ်” လို့ သြစတေးလျ သံအမတ်ကြီး Ms.Andrea Faulker ကပြောပါတယ်။

လက်ရှိအချိန်မှာ အဲ့ဒီစီမံကိန်းကနေ အမေရိကန် ဒေါ်လာ ၈၈.၅ သန်းအသုံးပြုခဲ့ပြီး ပြည်တွင်းမှာရှိတဲ့ ပြည်နယ်နဲု့တိုင်း အသီးသီးက အခြေခံပညာသင်ကျောင်းတွေ ၊ ဘုန်းတော်ကြီးသင် စာသင်ကျောင်းတွေကို ရန်ပုံငွေခွဲဝေပေးခဲ့သလို ဆင်းရဲနွမ်းပါးပြီး ကျောင်းထွက်လုနီးပါးဖြစ်နေတဲ့ ကလေးတွေအတွက် ပညာသင်ထောက်ပံ့ကြေးလည်း ပံ့ပိုးပေးခဲ့တယ်လို့ သိရပါတယ်။

ဒီစီမံကိန်းကို ၂၀၁၄ ခုနှစ်ကတည်းက ပညာရေးဝန်ကြီးဌာနက စတင်ခဲ့တာဖြစ်ပြီးကျောင်းဖွံ့ဖြိုးမှုရန်ပုံငွေ အစီအစဉ်နဲ့ ပညာသင်ထောက်ပံ့ကြေးအစီအစဉ်တွေတိုးချဲ့ဖို့ အပါအ၀င် အရည်အသွေးတိုးတက်စေဖို့ အဓိက ရည်ရွယ်ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

အဲ့ဒီ စီမံကိန်းမှာ ခွဲခြားဆက်ဆံမှုတွေကို ဆန့်ကျင်တာတွေ စတဲ့ အရာအားလုံး အကျုံးဝင်ပါဝင်ခြင်းဆိုတဲ့ အခြေခံမှုတွေအပေါ် အခြေခံထားတယ်လို့သိရပါတယ်။ ဒါ့အပြင်  ကျောင်းအုပ်ဆရာကြီးတွေ ၊ ကျောင်းဆရာ ၊ ဆရာမတွေ အနေနဲ့ ခွဲခြားဆက်ဆံတာတွေကို ကျောင်းတွင်းနဲ့ စာသင်ခန်းတွေအတွင်းမှာ မကျင့်သုံးဖို့ ကတိပြု ကြရတယ်လို့လည်းသိရပါတယ်။

#voiceofmyanmar #ပညာရေး #ပညာသင်ထောက်ပံ့ကြေး #ဘုန်တော်ကြီးသင်ပညာရေး

Related posts

Leave a Comment

VOM News

FREE
VIEW