အားလုံးအကျုံးဝင် ပညာရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၅၄ သန်းထောက်ပံ့မယ်

ရန်ကုန် ၊ မတ် ၁၈ TGH ပညာရေးဝန်ကြီးဌာနကဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံရဲ့ အားလုံးအကျုံးဝင် ပညာရေးစီမံကိန်းအတွက် သြစတေးလျနိုင်ငံအပါအ၀င် ဒိန်းမတ်နိုင်ငံ နဲ့ ဖင်လန်နိုင်ငံ အစိုးရ တို့က ထပ်ဆောင်းရန်ပုံငွေအဖြစ် အမေရိကန် ဒေါ်လာ ၅၄ သန်းထောက်ပံ့ပေးသွားမယ်လို့ ဒီကနေ့ မတ်လ ၁၈ ရက်နေ့မှာ ကမ္ဘာ့ဘဏ်ကနေ ထုတ်ပြန်လိုက်ပါတယ်။ “သြစတေးလျနိုင်ငံအနေနဲ့ ဒီစီမံကိန်းရဲ့ ကောင်းမွန်တဲ့ ဆောင်ရွက်မှုအပေါ်အားရမှုရှိလို့ ခုလိုထပ်ဆောင်းရန်ပုံ ငွေဖြည့်တင်းပေးနိုင်တာဖြစ်ပါတယ်၊ဒီလိုပံ့ပိုးကူညီပေးတာက ပဋိပက္ခဒေသက ကလေးငယ်တွေအပါအ၀င် မြန်မာနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ကလေးငယ်တွေအတွက် အခြေခံပညာရေးကိုပိုမိုလက်လှမ်းမီစေနိုင်မှာဖြစ်တယ်” လို့ သြစတေးလျ သံအမတ်ကြီး Ms.Andrea Faulker ကပြောပါတယ်။ လက်ရှိအချိန်မှာ အဲ့ဒီစီမံကိန်းကနေ အမေရိကန် ဒေါ်လာ ၈၈.၅ သန်းအသုံးပြုခဲ့ပြီး ပြည်တွင်းမှာရှိတဲ့ ပြည်နယ်နဲု့တိုင်း အသီးသီးက အခြေခံပညာသင်ကျောင်းတွေ ၊ ဘုန်းတော်ကြီးသင် စာသင်ကျောင်းတွေကို ရန်ပုံငွေခွဲဝေပေးခဲ့သလို ဆင်းရဲနွမ်းပါးပြီး ကျောင်းထွက်လုနီးပါးဖြစ်နေတဲ့ ကလေးတွေအတွက်…

Read More

မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုပြီးတဲ့အခါ အရင်ကထက် ၀န်ဆောင်မှု ပိုကောင်းမှာဖြစ်လို့ လက်မှတ်ဈေးနူန်းအပြောင်းလဲရှိနိုင်

  ရန်ကုန် ၊မတ် ၁၈ TGH (VOM)   ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းအဆင့်မြှင့်တင်နေတာတွေ အားလုံး ပြီးဆုံးတဲ့အခါ ဂျပန်နိုင်ငံကအသစ်ဝယ်ယူထားတဲ့ DEMU တွဲဆိုင်း တွေကို အစားထိုးပြေးဆွဲမှာဖြစ်ပြီး ဒီလိုပြေးဆွဲတဲ့အခါ  အရင်ကထက် ၀န်ဆောင်မှုပိုင်း ပိုကောင်းမွန်လာမှာဖြစ်တာကြောင့်လက်မှတ်ခတွေလည်း  အပြောင်းအလဲ ရှိနိုင်တယ်လို့  မြန်မာ့မီးရထား(အောက်မြန်မာပြည်ရုံး)ကနေ သိရပါတယ်။ “ဒီလမ်းပိုင်းကြီးတစ်ခုလုံး ပြီးသွားပြီဆိုရင် ရထားတွဲဆိုင်းတွေကအစ ဂျပန်နိုင်ငံက အသစ်ဝယ်ယူထားတဲ့ တွဲဆိုင်းတွေနဲ့ ပြေးဆွဲပေးသွားမယ်။ အရင်တုန်းက တွဲဆိုင်း ၆၆ ဆိုင်းဝယ်ယူမယ်လို့ ပြောထားတာ။ အခုက ဘတ်ဂျက်အနေအထားအရ ၆၄ ဆိုင်းပဲဝယ်နိုင်တော့တယ်။ အရင်ထက် facility ပိုကောင်းသွားမှာ ဖြစ်တဲ့အတွက် လက်မှတ်နှုန်းထားခကတော့ သူ့ဈေးနဲ့သူ အပြောင်းအလဲတော့ ရှိမှာပါ၊အဆင်မြှင့်တင်မှုတွေပြီးမှပဲ တွဲဆိုင်းတွေက ပြည်တွင်းကိုရောက်မှာဖြစ်တယ်” လို့  မြန်မာ့မီးရထား(အောက်မြန်မာပြည်ရုံးမှ) အထွေထွေမန်နေဂျာ ဦးဘမြင့်က ပြောပါတယ်။ လက်ရှိမှာတော့  မြို့ပတ်ရထားလမ်းပိုင်းရဲ့ အနောက်ဘက်ခြမ်းကို စတင်ဆောင်ရွက်နေပြီး မင်္ဂလာဒုံဘူတာကနေ ပုရွက်ဆိတ်ကုန်းဘူတာအထိကို…

Read More

 SMS Voting စနစ်ရပ်ဆိုင်းပြီး မဲပေးခဲ့တဲ့သူတွေကိုလည်း ပိုက်ဆံပြန်လည်ပေးပို့မယ်

ရန်ကုန် ၊ မတ် ၁၈ TGH( VOM)   အနုပညာရှင်အချို့နဲ့ပရိသတ်တွေရဲ့ ဆန္ဒအတိုင်း SMS Voting စနစ်ကိုရပ်ဆိုင်းကြောင်းနဲ့ Voting ပေးခဲ့ပြီးသူတွေအတွက်ပေးပို့ထားတဲ့ဖုန်းနံပါတ်အလိုက် အော်ပရေတာကနေ ငွေပြန်လည်ပေးပို့သွားမယ်လို့ Star Awards ဆုရွေးချယ်ရေးကော်မတီက ဒီကနေ့မှာ တရားဝင်ထုတ်ပြန်ကြေငြာခဲ့ပါတယ်။   Voting စနစ်က Star Awards ပွဲမှာ ချီးမြှင့်မယ့်Popular Award ၊ People’s Choice Award တွေအတွက်လုပ်ခဲ့တာဖြစ်ပြီး ဒီစနစ်ကြောင့် အနုပညာရှင်တချို့ နူတ်ထွက်မှုတွေလည်း ရှိခဲ့ပါတယ်။ ဒီလိုနူတ်ထွက်မှုတွေဖြစ်ပေါ်ပြီး ဒီကနေ့မှာတော့  voting စနစ်ကို အပြီးတိုင်ရပ်စဲလိုက်ပြီလို့ ကြေငြာခဲ့တာပဲဖြစ်ပါတယ်။ ခုလို SMS Voting အစီအစဉ်ထည့်သွင်းခဲ့တာဟာ  ကိုယ်ကြိုက်နှစ်သက်တဲ့အနုပညာရှင်ကိုတစ်ခါမက voteအရေအတွက်ပေးနိုင်ဖို့သာဖြစ်ပြီး ငွေကြေးအကျိုးအမြတ် ရလိုမှုအတွက်အဓိကမဟုတ်ဘူးလို့ လည်း ရေးသားဖော်ပြထားပါတယ်။ ခုချိန်မှာတော့  ပရိသတ်ရဲ့ရာနှုန်းပြည့်ပေးမှုနဲ့ ရရှိမယ့် People Choice Award…

Read More

ချင်းပြည်နယ်မှာ ရင်းနှီးမြှုပ်နှံသူတွေကို ဝင်ငွေခွန်ကင်းလွတ်ခွင့်အပြင် မြေငှားရမ်းခွင့်ပါအကန့်အသတ်မရှိခွင့်ပြုမယ်

ရန်ကုန် ၊မတ် ၁၈ TGH (VOM) ချင်းပြည်နယ်မှာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မယ်ဆိုပါက အဲဒီလုပ်ငန်းရှင်တွေအတွက်ကို ဝင်ငွေခွန်ကင်းလွတ်ခွင့်အပြင်  မြေငှားရမ်းခွင့်ကိုပါ အကန့်အသတ်မရှိ ခွင့်ပြုပေးမယ်လို့  ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှူးဦးစီးဌာနကနေ သိရပါတယ်။ “ချင်းပြည်နယ်က အလားအလာကောင်းတွေအများကြီးရှိပေမယ့်  ရင်းနှီးမြှုပ်နှံမှုဝင်တာ နည်းသေးတယ်။ သေသေချာချာ ဘယ်သူမှ သိပ်မသိကြဘူး။ အဲ့ဒီမှာ ခရီးသွားကဏ္ဍဆိုရင် အများကြီး ဖွံ့ဖြိုးတိုးတက်ဖို့ရှိတယ်။ဒါကြောင့် ဒီချင်းပြည်နယ်မှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ခရီးသွားကဏ္ဍ၊ စိုက်ပျိုးရေးနဲ့မွေးမြူရေး၊ ရေအားလျှပ်စစ်တွေ ရှိတယ်။ အဲဒီကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် အဓိကဖိတ်ခေါ်ထားတယ်။ ရင်းနှီးမြှုပ်နှံသူတွေ လာဖို့အတွက် အများကြီးလုပ်ရတယ်။ ဝင်ငွေခွန်တွေ ကင်းလွတ်ခွင့်ပေးထားတယ်။ အခွန်သက်သာခွင့်ပေါ့။ မြေငှားရမ်းခွင့်ဆိုရင် နိုင်ငံခြားသားကို နှစ် (၅၀) ပြီးတော့မှ သက်တမ်းတိုးပေးတယ်။ တစ်ခါတိုးရင် ၁၀ နှစ် နှစ်ကြိမ်တိုးပေးတယ်။ ဒါကျတော့နှစ် ၇၀ ထက်ပိုတယ်။ ၈၀ လည်းဖြစ်နိုင်သလို ၉၀ လည်းဖြစ်နိုင်တယ်”လို့ ရင်းနှီးမြှုပ်နှံမှုနှင့်…

Read More

NRPC နဲ့ KNPP တို့ တွေ့ဆုံဆွေးနွေး

မတ်​လ၁၈-၂၀၁၉ ကိုထွန်း ဒီနေ့မနက် ၁၀း၀၀နာရီမှာ နေပြည်​​တော်​က အမျိးသားပြန်​လည်​သင့်​မြတ်​​ရေးနဲ့ ငြိမ်း​ရေးဗဟို ဌာနချူပ်မှာ (NRPC)နဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ(KNPP) တို့​ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စတွေအတွက် တွေ့ဆုံ​ဆွေး​နွေးနေပါတယ်။NRPC က ဦးခင်​​ဇော်​ဦး၊ဦးခင်​​မောင်​တင်​၊ဦထွန်းထွန်းဦး(​ရှေ့​နေချုပ်​)ဒုတိယဗိုလ်​ချုပ်​ကြီးရာပြည့် ၊ဒုတိယဗိုလ်ချုပ်​ကြီးမင်​​နောင်​၊ဦး​အောင်​စိုး၊ဦး​မော်​​မော်​တို့ တက်​​ရောက်​ကြပြီး KNPP က ဦးခူရယ်​၊ဗိုလ်​ချုပ်​ဘီတူး၊ဗိုလ်​မှူးကြီးဘုန်းနိုင်​၊ ခူဘဲဘူ၊ ခူ​ညေးရယ်​၊ ခူဒယ်​နီယာယ်​၊တို့တက်​​ရောက်​ပြီး တွေ့ဆုံဆွေးနွေးနေကြတာပါ။ #voiceofmyanmar #KNPP # NRPC #အမျိုးသားပြန်လည်သင့်မြတ်ရေး #voiceofmyanmar #NRPC #KNPP #အမျိုးသားပြန်လည်သင့်မြတ်ရေး

Read More

သီတဂူဆရာတော်ကြီး သက်တော် (၈၂) ပြည့်မွေးနေ့မင်္ဂလာအဖြစ်သီလရှင်အပါး ၁၀၀၀ အား ဆွမ်းကြီးလောင်းလှူ

စစ်ကိုင်း မတ် ၁၈-၂၀၁၉ စောပြည့်ချမ်းသာ(VOM) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွေရဲ့ အဓိပတိ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ တွဲဖက် ရွှေကျင် သာသနာပိုင် သီတဂူ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဥာဏိသရရဲ့သက်တော်၈၂ နှစ်ပြည့်မွေးနေ့မင်္ဂလာအနေနဲ့ ဒီနေ့ မနက်ပိုင်း က စစ်ကိုင်းမြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ သီလရှင်ဆရာလေး အပါး (၁၀၀၀) တို့ကို ဆွမ်းဟင်းအစုံ၊ သင်္ကန်း၊ တဘက်၊ ဆန်၊ ဆီ၊ ဆား၊ ဆေး စတဲ့ ပစ္စည်းတွေ ကို လောင်းလှူ ခဲ့ပါတယ်။ #voiceofmyanmar #သီတဂူဆရာတော် #မွေးနေ့အလှူ #ရွှေကျင်သာသနာပိုင်

Read More
VOM News

FREE
VIEW