SMS Voting စနစ်ရပ်ဆိုင်းပြီး မဲပေးခဲ့တဲ့သူတွေကိုလည်း ပိုက်ဆံပြန်လည်ပေးပို့မယ်

ရန်ကုန် ၊ မတ် ၁၈

TGH( VOM)

 

အနုပညာရှင်အချို့နဲ့ပရိသတ်တွေရဲ့ ဆန္ဒအတိုင်း SMS Voting စနစ်ကိုရပ်ဆိုင်းကြောင်းနဲ့ Voting ပေးခဲ့ပြီးသူတွေအတွက်ပေးပို့ထားတဲ့ဖုန်းနံပါတ်အလိုက် အော်ပရေတာကနေ ငွေပြန်လည်ပေးပို့သွားမယ်လို့ Star Awards ဆုရွေးချယ်ရေးကော်မတီက ဒီကနေ့မှာ တရားဝင်ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

 

Voting စနစ်က Star Awards ပွဲမှာ ချီးမြှင့်မယ့်Popular Award ၊

People’s Choice Award တွေအတွက်လုပ်ခဲ့တာဖြစ်ပြီး ဒီစနစ်ကြောင့် အနုပညာရှင်တချို့ နူတ်ထွက်မှုတွေလည်း ရှိခဲ့ပါတယ်။ ဒီလိုနူတ်ထွက်မှုတွေဖြစ်ပေါ်ပြီး ဒီကနေ့မှာတော့  voting စနစ်ကို အပြီးတိုင်ရပ်စဲလိုက်ပြီလို့ ကြေငြာခဲ့တာပဲဖြစ်ပါတယ်။

ခုလို SMS Voting အစီအစဉ်ထည့်သွင်းခဲ့တာဟာ  ကိုယ်ကြိုက်နှစ်သက်တဲ့အနုပညာရှင်ကိုတစ်ခါမက voteအရေအတွက်ပေးနိုင်ဖို့သာဖြစ်ပြီး ငွေကြေးအကျိုးအမြတ် ရလိုမှုအတွက်အဓိကမဟုတ်ဘူးလို့ လည်း ရေးသားဖော်ပြထားပါတယ်။

ခုချိန်မှာတော့  ပရိသတ်ရဲ့ရာနှုန်းပြည့်ပေးမှုနဲ့ ရရှိမယ့် People Choice Award ကို Facebook ပေါ်မှာ တင်ထားတဲ့အနုပညာရှင်ရဲ့မူရင်းပိုစ့်ကို Like (မည်သည့်Reaction မဆို)ရရှိမှု (၁၀၀) ရာခိုင်နှုန်းနဲ့ အားပေးနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။

Star Awards ရုပ်ရှင်ဆုအတွက် ဆုစုစုပေါင်း ၂၃ ဆုပေးအပ်မှာဖြစ်ပါတယ်။ခုဆိုရင် ဒီStar Awards ဆုပေးပွဲကနေ အနုပညာရှင်တွေဖြစ်တဲ့ သက်မွန်မြင့် ၊ဇဏ်ခီ နဲ့ ခရစ္စတီနာ ခီ၊စိုင်းစိုင်းခမ်းလှိုင် တို့ နူတ်ထွက်ထားပါတယ်။

photo star awards

#voiceofmyanmar #starawards #Popularaward #voting

 

Related posts

✕
VOM News

FREE
VIEW