၎.၆၇ ဘီလျံ နဲ့တည်ဆောက်ခဲ့တဲ့ တိုင်းရင်းစက်ရုံ သစ်စတင်ဖွင့်လှစ်

ရန်ကုန် ၊ မတ် ၂၀

TGH (VOM)

၂၀၁၂ခုနှစ်ကနေ စတင်တည်ဆောက်ခဲ့တဲ့ တိုင်းရင်းဆေးဝါးစက်ရုံသစ်ကို မန္တလေးမြို့ အောင်မြေသာစံမြို့နယ် တိုင်းရင်းဆေးဝါးစက်ရုံမှာ ဖွင့်လှစ်ခဲ့ပါတယ်။အဲ့ဒီစက်ရုံကို ကျပ်ငွေ ၃.၆၅ဘီလီယံ၊ စက်နှင့်စက်ပစ္စည်းအတွက် ကျပ်ငွေ ၁.၀၂ဘီလီယံ စုစုပေါင်းကျပ်ငွေ ၄.၆၇ ဘီလီယံ ကုန်ကျခံတည်ဆောက်ခဲ့တာဖြစ်ပါတယ်။

 

ကျပ်ငွေ ၄.၆၇ ဘီလျံ ကုန်ကျခံတည်ဆောက်ခဲ့တဲ့ တိုင်းရင်းဆေးစက်ရုံကနေ ထိုက်တန်တဲ့ အကျိုးရလဒ်၊ စွမ်းဆောင်ရည်ပြည့်ဝပြီး  ဘေးအန္တရာယ်ကင်းတဲ့ ဆေးဝါးတွေထုတ်လုပ်နိုင်ဖို့ လိုအပ်တယ်လို့  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး အဲ့ဒီဆေးရုံသစ်ဖွင့်ပွဲမှာ ပြောကြားခဲ့ပါတယ်။

“စက်ရုံ စတင်ဖွင့်တဲ့အချိန်မှာတော့အပြည့်အဝထုတ်လုပ်လည်ပတ်နိုင်ခြင်းမရှိသေး ပေမယ့်လည်း အနာဂတ်မှာ ဖြစ်အောင်  လိုအပ်တဲ့ဘဏ္ဍာငွေကို ၂၀၁၉-၂၀ ခု ဘဏ္ဍာနှစ်မှာ ဖြည့်ဆည်းပေးမှာဖြစ်ပါတယ်၊တိုင်းရင်းဆေးရုံနဲ့ တိုင်းရင်းဆေးကုဌာနတွေမှာ သုံးစွဲတာတွေ များပြီး အာနိသင် ထက်တဲ့ဆေးဝါးကို ပိုထုတ်လုပ်ဖြန့်ဖြူးပေးရမှာဖြစ်တယ်”လို့ ဝန်ကြီးကပြောခဲ့ပါတယ်။

အဲ့ဒီအတွက်  သုတေသနဌာန၊ စီမံကိန်းဌာန၊ သတင်းအချက်အလက်နှင့် စာရင်းဇယားမှတ်တမ်းဌာန၊ လေ့လာသုံးသပ်စောင့်ကြည့်ရေးဌာနတွေ လည်းဖွဲ့စည်းဆောင်ရွက်ဖို့ လိုအပ်ပြီး  ဘေးအန္တရာယ် ကင်းတဲ့ ဆေးဝါးတွေ ထုတ်လုပ်နိုင်ဖို့အတွက် တိုင်းရင်းဆေးတက္ကသိုလ်၊ ဆေးသုတေသန ဦးစီးဌာန၊ ဆေးဝါးတက္ကသိုလ်တွေနဲ့ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့တို့နှင့် ပူးပေါင်းပြီး လက်တွေ့အသုံးချသုတေသနနှင့် အခြေခံသုတေသနကိုဆောင်ရွက်ရမယ်လို့ ဒေါက်တာမြင့်ထွေးကဆိုပါတယ်။

ဒါ့အပြင်  ထုတ်လုပ်မှုအပိုင်းသာမက၊ သုံးစွဲမှုအပိုင်းနဲ့သက်ဆိုင်တဲ့ တိုင်းရင်းဆေးဝါးမှာပါဝင်တဲ့ ပစ္စည်းအမျိုးအမည်၊ပါဝင်တဲ့ အချိုးအစား၊ သောက်သုံးရမယ့်ပမာဏ၊ အကြိမ်အရေ အတွက်တွေနဲ့ပတ်သက်လို့လည်းသုတေသနပြုလုပ်ဖို့လိုအပ်ကြောင်းနဲ့ ဒါမှသာ စက်ရုံကနေထုတ်လုပ်တဲ့ဆေးဝါးတွေ အရည်အသွေးမြင့်မားလာမယ်လို့လည်း ဆိုပါတယ်။

#voiceofmyanmar #တိုင်းရင်းဆေး #တိုင်းရင်းဆေးစက်ရုံ #သုတေသန

 

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW