ကျောက်ဆည် GTI ကျောင်းအုပ်ကြီးရဲ့အလွဲသုံးစားမှုကို အရေးယူပေးဖို့ ဆန္ဒပြ

ရန်ကုန် ၊ မတ် ၂၀ TGH ( VOM) ကျောက်ဆည် GTI ကျောင်းအုပ်ကြီးက အဲဒီကျောင်းမှာ ညစောင့်တာဝန်ယူလုပ်ဆောင်ခဲ့တဲ့ ဦးဝင်းတင့်ရဲ့ နာမည်ကို အလွဲသုံးစားပြုလုပ်ပြီး  ၁ နှစ်နဲ့ ၆ လစာ တန်ဖိုး ၂၄ သိန်းကျော်ကို လက်မှတ်အတုထိုးထုတ်ယူ သုံးစွဲခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျောက်ဆည်မြို့မှာ ဆန္ဒပြပွဲပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီကိစ္စအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အပါအ၀င် ပညာရေးဝန်ကြီးဌာန ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် တို့ ကိုတိုင်ကြားခဲ့ပေမယ့် ဒီနေ့အထိ ဥပဒေနဲ့အညီ အရေးယူတာမရှိသလို တိတိကျကျဖြေရှင်းမပေးနိုင်သေးတာကြောင့်  အခုလိုဆန္ဒပြခဲ့ကြတာပါ။ “ ကျွန်မ ဒီကျောင်းမှာလုပ်တာ ၃ နှစ်ပြည့်တော့မယ်။ ညစောင့်နာမည်က ဦးဝင်းတင့် နောက်ဆုံးထွက်စာတင်ပြီးနောက်  ၁ နှစ်နဲ့ ၆ လ အတွက်လစာကို  ကျောင်းအုပ်နဲ့ ငွေစာရင်းဦးစီးက လက်မှတ်အတုထိုးပြီး လစာကိုထုတ်ယူထားတယ်။ ညစောင့်ရဲ့ လာစာက တစ်လကို ၁၄၄၈၀၀…

Read More

အကယ်ဒမီနဲ့ ပတ်သက်ပြီး ပရိသတ်ဆန္ဒပြည့်စေချင်တယ်ဆိုတဲ့ နေတိုး

ရန်ကုန် မတ် ၂၀- ၂၀၁၉ သင်းသဒ္ဒါ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီတစ်ကြိုပေးခံရတာနဲ့ ပတ်သက်ပြီးတော့ အကယ်ဒမီနေတိုးကတော့ အကယ်ဒမီနဲ့ ပတ်သက်ပြီး ပရိသတ်ဆန္ဒပြည့်စေချင်တယ်လို့ဆို ပါတယ်။ ”ကျွန်တော်ရဲ့ အကယ်ဒမီပတ်သက်ပြီင်္း ရင်ခုန်သံ ခံစားမှုကတော့ ပရိသတ်နဲ့ အတူတူပဲပေါ့။ ဒီနှစ်ထဲမှာ ကျွန်တော့်ကို ရင်ခုန်ပေးကြတဲ့ ပရိသတ်တွေ များတယ်။ ပရိသတ်တွေရဲ့ ဆန္ဒတွေကိုလည်း ကျွန်တော်ပြည့်ဝစေ ချင်တယ်။ ကျွန်တော် ပရိသတ်တွေကိုလည်း အမြဲပြောပါတယ်။ ဆုဆိုတာမျိုးက မသေချာသေးဘူးလေ။ မျိုးစုံ ပြောင်းလဲနိုင်တယ်။ မျိုးစုံလည်း အခြေအနေတွေ ဖြစ်သွားနိုင်တယ်ဆိုတော့ ဒီအပေါ်ယုံယုံကြည်ကြည် ရှိတာမဟုတ်ဘူး။ အကယ်ဒမီကိုရခဲ့ရင်တော့ ပရိသတ်တကယ့်ကို အမှတ်တရပိုဖြစ်မှာပေါ့။ ပရိသတ်တွေ မျှော်လင့် ချက်တွေကို အကောင်အထည်ဖော်ပေးနိုင်တဲ့သူ ဖြစ်ဖို့လည်း မျှော်လင့်ပါတယ်။ အားလုံးရဲ့ လိုအင် ဆန္ဒ အတိုင်း ဖြစ်ပါစေလို့ ဆုတောင်းပါတယ်”လို့ဆိုပါတယ်။ “မုန်းစွဲ” ဇာတ်ကားကတော့ ဆရာတော်အရှင်ဆန္ဒာဓိကရဲ့ ကိုယ်တွေ့ဖြစ်ရပ်မှန်…

Read More

လမ်းလျောက်သင်္ကြန်ကို ပြည်မြို့မှာ ပထမဆုံးအကြိမ်ကျင်းပပြုလုပ်မယ်

မတ်လ ၂၀-၂၀၁၉ လမင်း (VOM) အခုလာမယ့် ၂၀၁၉ မဟာအတာသင်္ကြန်မှာ လမ်းလျောက်သင်္ကြန်ကို ပထမဆုံးအကြိမ် ပြည်မြို့မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမယ်လို့ ပွဲတော်ကျင်းပရာမှာပါဝင်စီစဉ်နေတဲ့ အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးကျော်ဇေယျဆီက သိရှိရပါတယ် ။ ” မြန်မာ့ရိုးရာယဉ်ကျေးမှုကိုထိန်းသိမ်းတဲ့အနေနဲ့ကျင်းပပြုလုပ်သွားမှာပါ ခိုက်ရန်ဖြစ်ပွားမှုနည်းပါးအောင် လာရောက်ပါဝင်ဆင်နွှဲသူတွေလုံခြုံမှုရှိအောင် စီစဉ်ကြမှာပါ။ မြန်မာ့ရိုးရာနဲ့ပတ်သက်တဲ့ အစားအစာတွေလည်းရောင်းချဖို့စီစဉ်ထားပါတယ် “လို့  သူကပြောပါတယ် ။ လမ်းလျောက်သင်္ကြန်ကို ပြည်မြို့မြို့မိမြို့ဖတွေ ၊ ဌာနဆိုင်ရတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပူးပေါင်းကျင်းပမှာဖြစ်ပြီး ပြည်မြို့ ကမ်းနားလမ်းတစ်လျောက်မှာကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ လမ်းလျောက်သင်္ကြန်မှာ စတုဒီသာကျွေးမွေးတာ ၊ တေးဂီတဖျော်ဖြေတာ ၊ မြန်မာ့ရိုးရာအစားအစားတွေ ရောင်းချတာ ၊ သဲပန်းပု၊ပန်းချီ၊ကာတွန်း တွေပြသတာတွေ ကို ထည့်သွင်းပြုလုပ်သွားမှာဖြစ်ပါတယ် ။ #voiceofmyanmar #ပြည်မြို့ #လမ်းလျှောက်သင်္ကြန် #သင်္ကြန်

Read More

တိုက်ပွဲဖြစ်ပွားတာထက် စစ်သားတွေကိုကြောက်ပြီး ရွာကထွက်ပြေးလာခဲ့ရတာဖြစ်တယ်လို့ စစ်ဘေးရှောင်တွေပြော

မြောက်ဦး၊ မတ် ၂၀-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်းမှာ နေရပ်စွန့်ခွာထွက်ပြေးလာခဲ့ကြတဲ့ စစ်ဘေးရှောင်ဒုက္ခသည်အရေအတွက်ဟာ နေ့စဉ်တိုးပွားလာနေပြီး စစ်ဘေးရှောင်အများစုတို့ဟာ စစ်ပွဲဖြစ်ပွားတာထက် စစ်သာားတွေကိုကြောက်ရွံ့ပြီး ထွက်ပြေး လာခဲ့ကြတာဖြစ်တယ်လို့ စစ်ဘေးရှောင်ကျေးရွာသားတွေကပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလကစတင်ပြီး မြန်မာ့တပ်မတော်နဲ့ AA အဖွဲ့တို့အကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့ အတွက် နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင်ဦးရေဟာ မတ်လအတွင်းမှာ ၂၀၀၀၀ လောက်အထိ များပြားလာ နေတာဖြစ်ပါတယ်။ “ကျွန်တော်တို့က အစိုးရစစ်သားကိုကြောက်ပြီးထွက်ပြေးကြတာပါ။ သူတို့က လူတွေကိုဖမ်းခေါ်တယ်။ လူတွေကိုမတရား ဖမ်းခေါ်တယ်။ စွပ်စွဲတယ်။ နောင့်ယှက်တယ်။ အဲ့ဒါကြောင့် ထွက်ပြေးလာကြတာပါ။ သူတို့ဟာနဲ့သူတို့ တိုက်ပွဲဖြစ်နေရင် ရွာသူရွာသားတွေ ပြေးမှာမဟုတ်ဘူး။”လို့ မော်ရွာဟောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်ချေကပြောပါတယ်။ ဒါ့အပြင် အခုလိုမျိုး ကျေးရွာသားတွေနေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့အတွက် အခက်အခဲတွေရှိလာနေပြီး ကိုယ့်ရပ်ကိုယ့် ရွာကို စွန့်ခွာသားလာနေမှုမှာ တာရှည်အတွက် မဖြစ်နိုင်တာကြောင့် အမြန်ဆုံးငြိမ်းချမ်းမှုရရှိဖို့လိုအပ်ကြောင်း စစ်ဘေး ရှောင်တွေကပြောပါတယ်။…

Read More

ဘင်္ဂလားဒေ့ရှ်မှာ သေနတ်သမားတွေပစ်ခတ်လို့ ရွေးကောက်ပွဲကော်မရှင်အရာရှိ ခုနှစ်ဦးသေဆုံး

  ဒါကာ၊ မတ်-၂၀ ၊ ၂၀၁၉ မျိုးဆက် (VOM) ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းမှာ မဲပုံးတွေသယ်ဆောင်ပြီး မဲရုံကထွက်ပေါ်လာတဲ့ ကားနှစ်စီးကို သေနတ်သမားတွေက ပစ်ခတ်တာကြောင့် ရွေးကောက်ပွဲကော်မရှင်က တာဝန်ရှိသူ ခုနှစ်ဦးသေဆုံးသွားပြီး လူ ၁၅ ဦးထိခိုက်ဒါဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီလိုတိုက်ခိုက်မှုဟာ ဘက်ဟိုင်ချာရီဒေသမှာ မတ် ၁၈ ရက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး သေနတ်သမားတွေဟာ ကားလေးစီးပေါ်ကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။ ရွေးကောက်ပွဲကော်မရှင်က တာဝန်ရှိသူတွေဟာ ဆန္ဒမဲတွေကို ရေတွက်ပြီးနောက် မဲရုံတစ်ရုံကနေ ပြန်လာချိန်မှာ ဒီလို ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။ အပြင်းအထန် ဒါဏ်ရာရရှိသူ ၁၁ ဦးကိုတော့ စစ်ဘက်ရဟတ်ယာဉ်နဲ့ ဆေးရုံကို ခေါ်ဆောင်သွားတယ်လို့ ဒေသခံ ရဲတပ်ဖွဲ့အကြီးအကဲက မတ် ၁၉ ရက်အစောပိုင်းက ပြောပါတယ်။ ခရိုင်ကိုယ်စားပြု ကိုယ်စားလှယ်တွေရွေးချယ်တဲ့ ရွေးကောက်ပွဲတွေကို မတ် ၁၈…

Read More

မြောက်ဦးမြို့ပေါ်ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေ

မြောက်ဦး၊ မတ် ၂၀-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် မြောက်ဦးမြို့ပေါ်နေရာတွေမှာ ပစ်ခတ်မှုမတွေနေ့တိုင်းဖြစ်ပွားနေပြီး ပြင်းပြင်းထန်ထန်ပစ်ခတ်နေတဲ့အတွက် မြောက်ဦးဒေသခံတွေအနေနဲ့ စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ပွားနေကြတာဖြစ်ပါတယ်။ မြို့ပေါ်မှာပစ်ခတ်တာတွေကို ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့မှာ စတင်ပြုလုပ်ခဲ့ကြတာဖြစ်ပြီး အခုရက်ပိုင်းအတွင်းမှာ ပိုမိုဆိုးရွားတဲ့အနေအထားမျိုးဖြစ်ပွားနေပြီး မြို့ပေါ်နဲ့အနီးဝန်းကျင်မှာ လက်နက်ကြီးကျည်တွေ ကျရောက်တဲ့အတွက် နေအိမ်မီးလောင်တာတွေလည်း ရှိခဲ့တာဖြစ်ပါတယ်။ အရင်ကတော့ တိုက်ပွဲတွေဖြစ်တယ်ဆိုတော့ တစ်ဖက်နဲ့တစ်ဖက်ပဲ ပစ်ကြခတ်ကြ။ တိုက်ကြတာလေ။ မဆိုင်တဲ့သူတွေအတွက်တော့ သိပ်စိုးရိမ်စရာမရှိဘူးပေါ့နော်။ အခုက စစ်တပ်ကနေပြီးတော့ မြို့ထဲမှာ စစ်ကြောင်းတွေသွားတယ်။ မြို့တွင်းနေရာတွေ၊ မြို့စွန်တွေမှာ ပစ်ခတ်တာတွေလုပ်တယ်ဆိုတော့ ရပ်ကွက်တွေထိကျည်တွေကျကွဲတယ်။ ပြီးတော့ လူတွေလည်း တော်တော်များများ ထိခိုက်တာတွေရှိနေပြီဆိုတော့ စိုးရိမ်နေကြပါတယ်။”လို့ မြောက်ဦးမြို့ခံတစ်ဦးကပြောပါတယ်။ အခုလိုမျိုး ဒေသခံတွေအနေနဲ့ စိုးရိမ်ထိတ်လန့်နေကြတဲ့အတွက် နေအိမ်အပြင်ထွက်ပြီး လမ်းလျှောက်သွားလာမှုတွေ မပြုရဲလောက်တဲ့အထိကို စိုးရိမ်မှုတွေရှိနေကြတာဖြစ်ပါတယ်။ “နယ်ကလူတွေလည်း မြို့ပေါ်ကိုမလာရဲ။ မြို့ပေါ်ကလူတွေလည်း နေအိမ်တွေမှာပဲနေကြတယ်။ လမ်းလျှောက်ထွက်တဲ့ သူတွေတောင် သိပ်မရှိတော့ဘူး။…

Read More

၎.၆၇ ဘီလျံ နဲ့တည်ဆောက်ခဲ့တဲ့ တိုင်းရင်းစက်ရုံ သစ်စတင်ဖွင့်လှစ်

ရန်ကုန် ၊ မတ် ၂၀ TGH (VOM) ၂၀၁၂ခုနှစ်ကနေ စတင်တည်ဆောက်ခဲ့တဲ့ တိုင်းရင်းဆေးဝါးစက်ရုံသစ်ကို မန္တလေးမြို့ အောင်မြေသာစံမြို့နယ် တိုင်းရင်းဆေးဝါးစက်ရုံမှာ ဖွင့်လှစ်ခဲ့ပါတယ်။အဲ့ဒီစက်ရုံကို ကျပ်ငွေ ၃.၆၅ဘီလီယံ၊ စက်နှင့်စက်ပစ္စည်းအတွက် ကျပ်ငွေ ၁.၀၂ဘီလီယံ စုစုပေါင်းကျပ်ငွေ ၄.၆၇ ဘီလီယံ ကုန်ကျခံတည်ဆောက်ခဲ့တာဖြစ်ပါတယ်။   ကျပ်ငွေ ၄.၆၇ ဘီလျံ ကုန်ကျခံတည်ဆောက်ခဲ့တဲ့ တိုင်းရင်းဆေးစက်ရုံကနေ ထိုက်တန်တဲ့ အကျိုးရလဒ်၊ စွမ်းဆောင်ရည်ပြည့်ဝပြီး  ဘေးအန္တရာယ်ကင်းတဲ့ ဆေးဝါးတွေထုတ်လုပ်နိုင်ဖို့ လိုအပ်တယ်လို့  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး အဲ့ဒီဆေးရုံသစ်ဖွင့်ပွဲမှာ ပြောကြားခဲ့ပါတယ်။ “စက်ရုံ စတင်ဖွင့်တဲ့အချိန်မှာတော့အပြည့်အဝထုတ်လုပ်လည်ပတ်နိုင်ခြင်းမရှိသေး ပေမယ့်လည်း အနာဂတ်မှာ ဖြစ်အောင်  လိုအပ်တဲ့ဘဏ္ဍာငွေကို ၂၀၁၉-၂၀ ခု ဘဏ္ဍာနှစ်မှာ ဖြည့်ဆည်းပေးမှာဖြစ်ပါတယ်၊တိုင်းရင်းဆေးရုံနဲ့ တိုင်းရင်းဆေးကုဌာနတွေမှာ သုံးစွဲတာတွေ များပြီး အာနိသင် ထက်တဲ့ဆေးဝါးကို ပိုထုတ်လုပ်ဖြန့်ဖြူးပေးရမှာဖြစ်တယ်”လို့ ဝန်ကြီးကပြောခဲ့ပါတယ်။ အဲ့ဒီအတွက်  သုတေသနဌာန၊ စီမံကိန်းဌာန၊ သတင်းအချက်အလက်နှင့်…

Read More

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး နှင့် ပူးပေါင်းကော်မတီကိုထောက်ခံပွဲညောင်ဦးတွင်ပြုလုပ်

  မတ်လ ၂၀-၂၀၁၉ လမင်း (VOM) မတ်လ ၁၉ ရက်နေ့ ညနေ ပိုင်းက ညောင်ဦးမြို့နယ်မှာ ဒေသခံ ၇၀၀ ကျော်စုပေါင်းပြီး ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး နဲ့ ပူးပေါင်းကော်မတီကော်မတီကို ထောက်ခံတဲ့ထောက်ခံပွဲတစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။ အဲ့ဒီ ထောက်ခံပွဲကို ညောင်ဦးမြို့ အမှတ် ၁ ရပ်ကွက် ညောင်ပင်ကွင်းမှ စတင်ပြီး လမ်းမတော်လမ်း၊ မဏီစည်သူဈေးဝိုင်း ကနေ အမှတ် ၅ ရပ်ကွက်ရှိ မြို့နယ်အားကစားကွင်းအထိ စီးတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ပြီး နောက်ဦးဆောင်သူတွေက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်တဲ့ အကြောင်းအရာတွေကို ဟောပြောခဲ့ကြပါတယ် ။ ဆန္ဒထုတ်ဖော် ထောက်ခံသူတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ပေး ၊ အနိုင်ကျင့် ကလိန်ခြုံ ဖွဲ့စည်းပုံ ခုပြင်ပေး ၊ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးသည် နိုင်ငံသားတိုင်း တာဝန်ဖြစ်သည် ၊…

Read More
VOM News

FREE
VIEW