လမ်းလျောက်သင်္ကြန်ကို ပြည်မြို့မှာ ပထမဆုံးအကြိမ်ကျင်းပပြုလုပ်မယ်

မတ်လ ၂၀-၂၀၁၉

လမင်း (VOM)

အခုလာမယ့် ၂၀၁၉ မဟာအတာသင်္ကြန်မှာ လမ်းလျောက်သင်္ကြန်ကို ပထမဆုံးအကြိမ် ပြည်မြို့မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမယ်လို့ ပွဲတော်ကျင်းပရာမှာပါဝင်စီစဉ်နေတဲ့ အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးကျော်ဇေယျဆီက သိရှိရပါတယ် ။

” မြန်မာ့ရိုးရာယဉ်ကျေးမှုကိုထိန်းသိမ်းတဲ့အနေနဲ့ကျင်းပပြုလုပ်သွားမှာပါ ခိုက်ရန်ဖြစ်ပွားမှုနည်းပါးအောင် လာရောက်ပါဝင်ဆင်နွှဲသူတွေလုံခြုံမှုရှိအောင် စီစဉ်ကြမှာပါ။ မြန်မာ့ရိုးရာနဲ့ပတ်သက်တဲ့ အစားအစာတွေလည်းရောင်းချဖို့စီစဉ်ထားပါတယ် “လို့  သူကပြောပါတယ် ။

လမ်းလျောက်သင်္ကြန်ကို ပြည်မြို့မြို့မိမြို့ဖတွေ ၊ ဌာနဆိုင်ရတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပူးပေါင်းကျင်းပမှာဖြစ်ပြီး ပြည်မြို့ ကမ်းနားလမ်းတစ်လျောက်မှာကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

လမ်းလျောက်သင်္ကြန်မှာ စတုဒီသာကျွေးမွေးတာ ၊ တေးဂီတဖျော်ဖြေတာ ၊ မြန်မာ့ရိုးရာအစားအစားတွေ ရောင်းချတာ ၊ သဲပန်းပု၊ပန်းချီ၊ကာတွန်း တွေပြသတာတွေ ကို ထည့်သွင်းပြုလုပ်သွားမှာဖြစ်ပါတယ် ။

#voiceofmyanmar #ပြည်မြို့ #လမ်းလျှောက်သင်္ကြန် #သင်္ကြန်

Related posts

Leave a Comment

VOM News

FREE
VIEW