အကယ်ဒမီနဲ့ ပတ်သက်ပြီး ပရိသတ်ဆန္ဒပြည့်စေချင်တယ်ဆိုတဲ့ နေတိုး

ရန်ကုန် မတ် ၂၀- ၂၀၁၉

သင်းသဒ္ဒါ

မုန်းစွဲ ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီတစ်ကြိုပေးခံရတာနဲ့ ပတ်သက်ပြီးတော့ အကယ်ဒမီနေတိုးကတော့ အကယ်ဒမီနဲ့ ပတ်သက်ပြီး ပရိသတ်ဆန္ဒပြည့်စေချင်တယ်လို့ဆို ပါတယ်။

”ကျွန်တော်ရဲ့ အကယ်ဒမီပတ်သက်ပြီင်္း ရင်ခုန်သံ ခံစားမှုကတော့ ပရိသတ်နဲ့ အတူတူပဲပေါ့။ ဒီနှစ်ထဲမှာ ကျွန်တော့်ကို ရင်ခုန်ပေးကြတဲ့ ပရိသတ်တွေ များတယ်။ ပရိသတ်တွေရဲ့ ဆန္ဒတွေကိုလည်း ကျွန်တော်ပြည့်ဝစေ ချင်တယ်။ ကျွန်တော် ပရိသတ်တွေကိုလည်း အမြဲပြောပါတယ်။ ဆုဆိုတာမျိုးက မသေချာသေးဘူးလေ။ မျိုးစုံ ပြောင်းလဲနိုင်တယ်။ မျိုးစုံလည်း အခြေအနေတွေ ဖြစ်သွားနိုင်တယ်ဆိုတော့ ဒီအပေါ်ယုံယုံကြည်ကြည် ရှိတာမဟုတ်ဘူး။ အကယ်ဒမီကိုရခဲ့ရင်တော့ ပရိသတ်တကယ့်ကို အမှတ်တရပိုဖြစ်မှာပေါ့။ ပရိသတ်တွေ မျှော်လင့် ချက်တွေကို အကောင်အထည်ဖော်ပေးနိုင်တဲ့သူ ဖြစ်ဖို့လည်း မျှော်လင့်ပါတယ်။ အားလုံးရဲ့ လိုအင် ဆန္ဒ အတိုင်း ဖြစ်ပါစေလို့ ဆုတောင်းပါတယ်”လို့ဆိုပါတယ်။

“မုန်းစွဲ” ဇာတ်ကားကတော့ ဆရာတော်အရှင်ဆန္ဒာဓိကရဲ့ ကိုယ်တွေ့ဖြစ်ရပ်မှန် တရားတော် “အသေလှတဲ့သူ” တရားတော်ကို ဒါရိုက်တာ သြရသက ဇာတ်လမ်းဇာတ်အိမ်ဖွဲ့ပြီးတော့ ကျော်ကျော်ဗို ၊မင်းသွေး ၊ ဖွေးဖွေး ၊အေးဝတ်ရည်သောင်း တို့အတူ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ”တကယ်လို့ ဆုတောင်းမပြည့်ခဲ့ရင်လည်း ကျွန်တော် တာဝန်ကို အမြဲကျေပွန် အောင် ထမ်းဆောင်သွားပါမယ်လို့ ပရိသတ်ကိုပြောချင်ပါတယ်”လို့ဆိုပါတယ်။

ဓာတ်ပုံ – သင်းသဒ္ဒါ

#voiceofmyanmar #အကယ်ဒမီ #နေတိုး #မုန်းစွဲ

Related posts

Leave a Comment

VOM News

FREE
VIEW