တေးရေးဆရာ ကိုမောင်မောင်(မဇ္ဈိမလှိုင်း) ၂၄ နှစ်မြောက်လွမ်းရတုပွဲ ပြုလုပ်

 

စစ်ကိုင်း မတ် ၂၂-၂၀၁၉

တးရေးဆရာ ကိုမောင်မောင်(မဇ္ဈိမလှိုင်း) ၂၄ နှစ်မြောက်လွမ်းရတုပွဲကို မတ်လ ၂၁ ရက်နေ့ ည ၈ နာရီက စတင်ပြီး စစ်ကိုင်းတောင်ရိုး၊မဟာသမယချောင်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ကိုမောင်မောင်(မဇ္ဈိမလှိုင်း) ၂၄ နှစ်မြောက်လွမ်းရတုပွဲကို ကိုမောင်မောင်ရဲ့ ဂီတရဲဘော်ကြီး ကိုနေဝင်း၊အဆိုတော် ကိုမွန်းအောင်တို့အပါအဝင် ကိုမောင်မောင်ရဲ့ မိသားစုဝင်တွေ၊ဂီတ တပည့်တွေ၊အနယ်နယ်အရပ်ရပ်က ချစ်ခင်မြတ်နိုးကြသူတွေ တက်ရောက်ခဲ့ကြပြီး သူရေးစပ်ခဲ့တဲ့ တေးသီချင်းတွေကို အမှတ်တရ အနေနဲ့ ပြန်လည်သီဆိုကြပါတယ်။

မတ်လ ၂၂ ရက်နေ့မှာတော့ ကိုမောင်မောင်(မဇ္ဈိမလှိုင်း) ကိုရည်းစူးပြီး ဆရာတော်၊သံဃာတော် (၁၀) ပါး အား ဆွမ်းကပ်ခြင်း၊လှူဖွယ်ပစ္စည်းတွေ ဆပ်ကပ်လှူဒါန်းပြီး ရေစက်ချ အမျှပေးဝေခြင်း ပြုလုပ်ခဲ့ပါတယ်။

ကိုမောင်မောင်(မဇ္ဈိမလှိုင်း) ဟာ သင်္ကြန်းမိုး၊ပန်းချစ်သူ၊မိုးလုံးမှိုင်း၊ကြိုးကြာသံ၊ဝတ်မှုံ စတဲ့ ကိုယ်ပိုင်သံစဉ်သီချင်းတွေ ရေးသားသီးကုံးခဲ့သူ တေးရေးဆရာ ဂီတပညာရှင်ပဲ ဖြစ်ပါတယ်။ ကိုမောင်မောင်(မဇ္ဈိမလှိုင်း)ဟာ မန္တလေးဇာတိဖြစ်ပြီး အသက် (၄၆)အရွယ်မှာ ကွယ်လွန်ခဲ့တာပဲဖြစ်ပါတယ်။

Related posts

✕
VOM News

FREE
VIEW