စည်တောင်ကျေးရွာကို လက်နက်ကြီးနဲ့ပစ်ခတ်ခံရတဲ့အတွက် ကျေးရွာအများအပြားက ဒေသခံတွေထွက်ပြေး

ဘူးသီးတောင်၊ မတ် ၂၂-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ မနေ့ညနေပိုင်းဖြစ်ပွားခဲ့တဲ့ စည်တောင်ကျေးရွာအတွင်းသို့ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတဲ့အတွက် ကျေးရွာသား ၇ ဦးအထိသေဆုံးခဲ့ရပြီး အများအပြားဒဏ်ရာရရှိခဲ့တဲ့အတွက် အနီးအနားမှာ ရှိတဲ့ကျေးရွာတွေက ဒေသခံတွေ ဒီကနေ့နေ့လယ်ပိုင်းမှာ ထွက်ပြေးခဲ့ကြတာဖြစ်ပါတယ်။     ထွက်ပြေးခဲ့ကြတဲ့ ကျေးရွာသားတွေဟာ လက်နက်ကြီးနဲ့ပစ်ခတ်ခံလိုက်ရတဲ့ စည်တောင်ကျေးရွာအပါအဝင် ကံပြင်၊ ရေကောင်းချောင်း၊ သပြေဆိပ်၊ စပါးထား၊ ကွမ်းတောင်၊ စံဂိုးထောင်၊ ရေစိုးချောင်း၊ ခရုချောင်း စတဲ့ရွာတွေဖြစ်ကြပြီး ဘူးသီးတောင်မြို့နယ် စေတီတောင်ကျေးရွာနဲ့ ရသေ့တောင်မြို့နယ် ဈီးခေါင်းကျေးရွာတွေမှာ လာရောက်ခိုလှုံနေကြတာ ဖြစ်ပါတယ်။   “ဒီကနေ့ နေ့လည်ပိုင်းလောက်မှာ စပြီးတော့ ကျွန်တော်တို့ရွာကို စည်တောင်ရွာသားတွေရောက်လာကြပါတယ်။ ပြီးတော့ ကျန်တဲ့ရွာတွေမှာလည်း ဆက်မနေရဲတဲ့အတွက် ကြောက်ရွံ့ပြီးတော့ ထွက်ပြေးလာခဲ့ကြတာလို့ ပြောပါတယ်။ လောလော ဆယ်မှာတော့ ၈ ရွာက လူဦးရေ ၉၀၀…

Read More

စိုင်ပြင်-ဒီပဲယင်းကျေးရွာချင်းဆက်လမ်းပိုင်းတချို့မှာ တောင်သူတွေရဲ့ လယ်မြေတွေ ပါဝင်နေလို့ ဒေသခံတွေ ကန့်ကွက်

မန္တလေး မတ် ၂၂-၂၀၁၉ သွေးသစ်(VOM) စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်က စိုင်ပြင်-ဒီပဲယင်းကျေးရွာချင်းဆက်လမ်းပိုင်းအနက် အုန်းတ ပင်-မရကန်လမ်းနေရာကို တိုင်းဒေသကြီးအစိုးရဘတ်ဂျက်နဲ့ ဆောင်ရွက်နေတာမှာ ပုံစံ(၇)ရရှိပြီးသား လယ်ယာမြေတွေ ပေါ်မှာ လမ်းဖောက်နေတဲ့အတွက် ဒေသခံတွေက ကန့်ကွက်နေတာဖြစ်ပါတယ် ။ အဲ့ဒီလို လယ်မြေထဲကနေလမ်းဖောက်တဲ့အတွက်လည်း မြေယာလျော်ကြေးပေးအပ်တာမျိုး မရှိဘဲလမ်းအူကြောင်းထိုးနေတဲ့အတွက် ဒေသခံတွေက မကျေမနပ်ဖြစ်နေတာပါ။ဒါ့အပြင် အရင်လမ်းဟောင်းရှိနေတာကို အသုံးမပြုပဲ လယ်မြေတွေကြားထဲကနေ ဖောက်မှာဖြစ်တဲ့အတွက် အနီးဝန်းကျင်က လယ်တွေမှာလည်း ရေနစ်မြုပ်မှု ခံသွားရဖို့ ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ “ကျွန်တော်ပိုင်တဲ့လယ်မြေကဧက(၂၅)ဧပါ။ အခုလိုလယ်မြေတွေထဲမှာ လမ်းအူကြောင်းထိုးတော့ ကျွန်တော်မြေ နှစ်ဧကပါသွားမယ်။ လမ်းဟောင်းရှိရဲ့သားနဲ့ အနိုင်ကျင့်ပြီးလုပ်လိုက်တဲ့အတွက် နောက်ဆက်တွဲဆိုးကျိုးက လယ်မြေတွေရေနစ်မြှုပ်နိုင်တယ်။ အဲလိုမြှုပ်ခဲ့ရင် ကျန်တဲ့မြေတွေလည်း အကုန်မြှုပ်မယ်။ ကျွန်တော်တို့တောင်သူတွေ လယ်လုပ်ငန်းမှာဆိုးကျိုးတွေဖြစ်မယ်။”လို့ နစ်နာသူ ဦးကုလားကပြောပါတယ်။ မြို့နယ်ဆောက်လုပ်ရေးဝန်ကြီးဌာနကနေဦးဆောင်ပြီး စိုင်ပြင်-ဒီပဲယင်းကျေးရွာချင်းဆက်လမ်းပိုင်းကိုတည်ဆောက်နေတာဖြစ်ပြီး လမ်းပိုင်းတစ်ခုဖြစ်တဲ့ အုန်းတပင်-မရကန်လမ်းနေရာမှာ အခုလို အဆင်မပြေဖြစ်နေတာဖြစ်ပါတယ် ။ “ဒီလမ်းပိုင်းကိုဖျောက်လုပ်ရတာက တနယ်ချောင်းတောင်ဘက်မှာရှိတဲ့လမ်းဟောင်းဟာ ရေဦးတိုက်…

Read More

ရွှေတိဂုံ ဘုရားကို ကပ်လှူရတဲ့ရွှေဈေးတက်မယ်

  ရန်ကုန် ၊ မတ် ၂၂ TGH(VOM) ရွှေတစ်ကျပ်သားလှူတိုင်း ရွှေသင်္ကန်းအတွက်အလှူခံရတဲ့ငွေထဲကနေ စိုက်ထုတ်ရတာများလာတဲ့အတွက် ရွှေတစ်ကျပ်သားကို ၈၁၀၀၀၀ ကနေ  ၁၀၀၀၀၀၀ အဖြစ်ပြောင်းလဲတိုးမြှင့်ကောက်ခံတော့မယ်လို့ ရွှေတိဂုံ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ပြောပါတယ်။ “ခုလက်ရှိရွှေဈေးနှုန်းကလည်းသိနေတာပဲ။ ဒါကြောင့်  ခုရွှေဈေးနဲ့ မတိမ်းမယိမ်းပဲ ပြောင်းလဲသတ်မှတ်လိုက်တာပါ။ မေလ ၁ ရက်မှာစမယ်။ဒီကြားထဲကတော့ဒီဈေးနှုန်းပါပဲ။ တခြား ဘုရားတွေလည်း ဒီလို ရွှေဈေးနှုန်းနဲ့ မတိမ်းမယိမ်းကောက်ခံတာတွေရှိပါတယ်။”လို့ ဂေါပကအဖွဲ့ ရဲ့ ရွှေမျက်ပါးသင်္ကန်းတော်ဆက်ကပ်လှူဒါန်းရေးဆပ်ကော်မတီ ဥက္ကဋ္ဌဖြစ်သူ ဦးခင်မောင်ဌေးက ပြောပါတယ်။ အလှူရှင်တွေအဆင်ပြေဖို့အတွက် ရွှေတိဂုံဘုရားကို ရွှေသင်္ကန်း တစ်ကျပ်သားကပ်လှူတိုင်း  ပြင်ပပေါက်ဈေးအတိုင်းမကောက်ခံခဲ့ပဲ ၂၀၁၇ အရှေ့ပိုင်းမှာဆိုရင် ရွှေတစ်ကျပ်သားကို ၆ သိန်းကျပ် သတ်မှတ်ခဲ့ပြီး ၂၀၁၇ ဇန်န၀ါရီ ၁ နေ့မှာ ရွှေတစ်ကျပ်သားကို ၈၁၀၀၀၀ ပြောင်းလဲတိုးမြှင့်ခဲ့ပါတယ်။အခု တတိယအကြိမ်ပြောင်းလဲမှုကိုတော့ လာမယ့် မေလ ၁ ရက်နေ့ကနေစတင်ပြီး…

Read More

ဘင်္ဂလားပင်လယ်အော်ထဲကကျွန်းမှာ ရိုဟင်ဂျာတွေကို နေရာချထားမယ့် အစီအစဉ် UNHCR ကြိုဆို

ဒါကာ၊ မတ်၂၂-၂၀၁၉ မျိုးဆက် (VOM) ကော့ဘဇားဒေသက ဒုက္ခသည်စခန်းတွေထဲမှာ လူဦးရေထူထပ်စွာနေထိုင်နေကြတဲ့ ရိုဟင်ဂျာတွေကို ဘင်္ဂလားပင်လယ်အော်ထဲက ဘာရှန်ချာကျွန်းမှာ နေရာချထားဖို့ ဘင်္ဂလားဒေ့ရှ်ရဲ့ အစီအစဉ်ကို ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာ အေဂျင်စီ (UNHCR) ကကြိုဆိုလိုက်ပါတယ်။ ကော့ဘဇားဒေသမှာရှိတဲ့ ကူတူပါလောင် ဒါမှမဟုတ် အခြား ဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည်တွေ အရမ်းကို ပြည့်ကြပ်ပြီး နေထိုင်ရတာကို ရှင်းရှင်းလင်းလင်းတွေ့နိုင်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ အေဂျင်စီရဲ့ လက်ထောက်မဟာမင်းကြီး Volker Turk က အဲဒီဒေသတွေကို ငါးရက်ကြာသွားရောက်ပြီးနောက် ဒါကာမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကိုပြောပါတယ်။ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် တစ်ခြားရွေးချယ်စရာနေရာတစ်ခု ရရှိဖို့ တက်တက်ကြွကြွ လုပ်ဆောင်နေတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ဆောင်ရွက်မှုတွေကို ကြိုဆိုတယ်လို့ သူကပြောပါတယ်။ ဘင်္ဂလားပင်လယ်အော်အတွင်းက ဘာရှန်ချာကျွန်းကို ရိုဟင်ဂျာတွေ နေရာရွှေ့ပြောင်းရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂဟာ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေနဲ့ ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။…

Read More

ငဒူ ဇာတ်ကားနဲ့ အကယ်ဒမီမရရင် စိတ်မကောင်းမဖြစ်ဖို့ ပြောလာတဲ့မြင့်မြတ်

  ရန်ကုန် မတ် ၂၂-၂၀၁၉ သင်းသဒ္ဒါ ကျရာဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်တတ်တဲ့ အကယ်ဒမီ မြင့်မြတ်ကတော့ ငဒူ ဇာတ်ကားနဲ့ အကယ်ဒမီမရရင် စိတ်မကောင်းမဖြစ်ဖို့ ပရိသတ်ကို ပြောပါတယ်။ ငဒူ ဇာတ်ကားပတ်သက်ပြီးတော့ ”ပရိသတ်က သနားပြီးတော့ အကယ်ဒမီကို ရင်ခုန်ပေးတာကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်ကတော့ ဒီနှစ်အကယ်ဒမီကို မထင်ပါဘူး။ကိုနေတိုးရမယ်လို့ပဲ ထင်ပါတယ်။ ငဒူ အတွက် စိတ်မကောင်းမဖြစ်ပါနဲ့ ။သိပ်မမှန်းပါနဲ့လို့ ပြောချင်ပါတယ်။ ကိုယ့်ချစ်တဲ့ ပရိသတ်တွေကတော့ ရစေ ချင်လို့ မှန်းကြတာပေါ့။ We Love အဖွဲ့တွေလည်း မမှန်းကြပါနဲ့လို့ ရတာမရတာကတော့ ကံပေါ့။ အဓိကတော့ ဘယ်သူပဲ အကယ်ဒမီရရပေါ့။ စီနီယာတွေရတာပဲ ၀မ်းသာမှာပါ”လို့ ဆိုပါတယ်။ သူ့ကတော့ ငဒူကားမှာ ဉာဏ်ရည်မမီပေမယ့် လူတိုင်းအပေါ် ကူညီတတ်တဲ့ စိတ်ဓာတ်ရှိသူအဖြစ် ကာရိုက်တာကိုတော့ ပီပြင် အောင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ အနုပညာသက်တမ်းတစ်လျှောက်…

Read More

မြောက်ဦးမြို့ဟာ ခရီးသွားဒေသဖြစ်တာကြောင့်  တိကျတဲ့ အခြေအနေတွေထုတ်ပြန်ပေးဖို့ လိုအပ်

ရန်ကုန် ၊မတ် ၂၂ TGH (VOM) ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး နိုင်ငံတော်ကနေ ထုတ်ပြန်ကြေငြာချက်တွေဟာ  ဆိုရှယ်မီဒီယာပေါ်မှာဖော်ပြနေတဲ့ အချက်အလက်တွေလောက်မပြည့်စုံဘဲ အဲဒီအပိုင်းမှာ အားနည်းအားနည်းနေတယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း UMTA တွဲဖက်အတွင်းရေးမှူး ဦးဖြိုးဇော်ဝေက ပြောဆိုပါတယ်။   “ကျွန်တော်တို့ နိုင်ငံကို ခရီးသွားဧည့်သည်တွေလာဖို့ပဲဖြစ်ဖြစ် ၊ တိုင်းပြည်မှာဖြစ်နေတဲ့ကိစ္စတွေပဲဖြစ်ဖြစ် သတင်းအမှန်ရဖို့က အရေးကြီးပါတယ်။ မှန်ကန်တဲ့သတင်းအချက်အလက်ရရှိဖို့အရေးကြီးတယ်။ ခုလို အခြေအနေမျိုးမှာ ဆိုရှယ်မီဒီယာတွေမှာက  ဟိုကတော့ ဟိုလိုလုပ်သွားပြန်ပြီ ဒီကတော့ဒီလိုလုပ်သွားပြန်ပြီ ဒီမှာတော့တိုက်ပွဲဖြစ်သွားပြန်ပြီ ၊ ဟိုနေရာမှာတော့ လက်နက်ကြီးကျသွားတယ် ဓာတ်ပုံတွေနဲတကွတက်လာတယ်။ဒါပေမယ့် ဆိုရှယ်မီဒီယာဆိုတာက တကယ်ဟုတ်မဟုတ် ကျွန်တော်တို့အနေ နဲ့အတည်ပြုလို့မရဘူး။အဲ့တော့ ဆိုရှယ်မီဒီယာကပြန့်နှံ့တာကတစ်ပိုင်းပေါ့။ နိုင်ငံပိုင်တွေကနေ ထုတ်ပြန်တာလည်းရှိပေမယ့် အားနည်းနေသေးတယ်လို့မြင်တယ် ၊တိကျတဲ့သတင်းတွေကိုထုတ်ပြန်ပေးဖို့လိုအပ်နေပါတယ်”လို့ ဆိုပါတယ်။   အဲ့ဒီ လို တိကျသေချာပြီး ပြည်စုံတဲ့သတင်းအချက်အလက်ထုတ်ပြန်တာ အားနည်းမှုတွေ၊ ရခိုင်ပြည်နယ်မြောက်ဦးမှာဖြစ်ပွားနေတဲ့ကိစ္စတွေကြောင့် လတ်တလေ သင်္ကြန်တွင်း မြောက်ဦးခရီးစဉ်တွေ ပယ်ဖျက်လိုက်ရတာရှိသလို လက်ရှိ အနောက်နိုင်ငံသားဝင်ရောက်မှုနူန်းလည်း…

Read More

ချောင်းရိုက်အပြာဗီဒီယိုတွေ မျှဝေလို့ ကိုရီးယားK Pop စတား ဂျန်ဂျွန်ယောင်း အဖမ်းခံလိုက်ရပြီ

  ဆိုးလ်၊ မတ်၂၂ -၂၀၁၉ မျိုးဆက် (VOM) အမျိုးသမီးတွေရဲ့ လိင်ပိုင်းဆိုင်ရာ ဗီဒီယိုတွေကို လျှို့ဝှက်ချောင်းရိုက်ပြီး အွန်လိုင်းမှာ သူငယ်ချင်းတွေကို ဖြန့်ဝေခဲ့တယ်ဆိုတဲ့စွပ်စွဲချက်တွေကြောင့် ကိုရီးယား K Pop စတားတစ်ဦးဖြစ်သူ အဆိုတော် ဂျန်ဂျွန်ယောင်းကို တောင်ကိုရီးယားတရားရုံးက မတ် ၂၁ ရက်မှာ ၀ရမ်းထုတ်ပြီး ဖမ်းဆီးလိုက်ပါတယ်။ အသက် ၃၀ နှစ်အရွယ် ဂျန်ဂျွန်ယောင်းဟာ သူနဲ့ အတူအိပ်ခဲ့တဲ့ အမျိုးသမီး ၁၀ ဦးရဲ့ လိင်နဲ့ပတ်သက်တဲ့ ဗီဒီယိုတွေကို ရိုက်ကူးပြီး KakaoTalk messenger chat room မှာ K Pop အမျိုးသားအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Big Bang အဖွဲ့က ဆောင်းရီအပါအ၀င် အခြား K Pop အဆိုတော်တွေကိုပါ မျှဝေခဲ့တယ်ဆိုပြီးစွပ်စွဲခံထားရပါတယ်။ Big Bang အဖွဲ့က ဆောင်းရီကတော့ လိင်ပိုင်းဆိုင်ရာ ဗီဒီယိုမှတ်တမ်းကိစ္စတွေအပြင်…

Read More

အီရတ်နိုင်ငံ တိုက်ဂရစ်မြစ်အတွင်း ရေယာဉ်နစ်မြုပ် လူ၁၀၀ နီးပါးသေဆုံး

မိုလ်ဆူး၊ မတ်၂၂ – ၂၀၁၉ မျိုးဆက် (VOM) အီရတ်နိုင်ငံ မိုဆူးမြို့ရှိ တိုက်ဂရစ်မြစ်အတွင်း မတ် ၂၁ ရက်က ခရီးသည်တင် ရေယာဉ်တစ်စင်း နစ်မြုပ်ခဲ့လို့ လူပေါင်း၁၀၀နီးပါး သေဆုံးသွားပါတယ်။ သေဆုံးသူအများစုမှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဖြစ်တယ်လို့ အီရတ် ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး အဲဒီ ရေယာဉ်ဟာလူပေါင်း၂၀၀နီးပါး တင်ဆောင်လာတယ်လို့ ယူဆရတယ်ဆိုပါတယ်။ အဲဒီ ရေယာဉ်ဟာ နှစ်သစ်ကူးပွဲတော်ကျင်းပရာ နေရာတစ်ခုဖြစ်တဲ့ ကမ္ဘာလှည့်ခရီးသွားတွေနဲ့ စည်ကားတဲ့ ကျွန်းတစ်ကျွန်းဆီကို ဦးတည်သွားရောက်စဉ် နစ်မြှပ်ခဲ့တာဖြစ်ပါတယ်။ ရေယာဉ်ပေါ်လိုက်ပါလာသူအများစုဟာ ရေမကူးတတ်ကြဘူးလို့ မိုလ်ဆူးမြို့ပြကာကွယ်ရေးအေဂျင်စီက ထုတ်ပြန်ပါတယ်။ သေဆုံးသွားတဲ့ လူပေါင်း ၉၄ဦးထဲမှာ ကလေးငယ်၁၉ဦးနဲ့ အမျိုးသမီး၆၁ဦးထက်မနည်း ပါဝင်ပြီး လူ ၅၅ဦးကိုတော့ ကယ်တင်လိုက်နိုင်ခဲ့ပါတယ်။ ရေယာဉ်ဟာ ခရီးသည်တွေအလွန်အကျွံတင်ဆောင်ခဲ့ပြီး ရေတွေဟာ သင်္ဘောပေါ်အထိဝင်ရောက်လာပြီး တိမ်းမှောက်သွားတယ်လို့ လိုက်ပါသွားတဲ့ ခရီးသည်တစ်ဦးကဆိုပါတယ်။ လက်ရှိမှာတော့ ကယ်ဆယ်ရေးနဲ့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေ…

Read More

ဘူးသီးတောင်မှာ ဗုံးခိုကျင်းထဲပုန်းအောင်းသား ၄ ဦးနဲ့ နေအိမ်ပေါ်မှာရှိနေသူတစ်ဦး လက်နက်ကြီး ကျရာက်သေဆုံး

  ဘူးသီးတောင်၊ မတ် ၂၂-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် စည်တောင်ကျေးရွာမှာ မတ်လ ၂၁ ရက် မနေ့က ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးတော့ ဗုံးခိုကျင်းထဲပုန်းအောင်းနေတဲ့ ကျေးရွာသား ၄ ဦးနဲ့ နေအိမ်ပေါ်မှာရှိနေတဲ့ အမျိုးသမီးကြီးတစ်ဦး လက်နက်ကြီးကျရောက် သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီပစ်ခတ်မှုဖြစ်စဉ်ဟာ မနေ့က နေ့လည် ၂ နာရီလောက်မှာ ကျေးရွာကို တပ်မတော်စစ်ကြောင်းကဝင်ရောက်လာခဲ့ပြီး ညနေ ၇ နာရီလောက်မှာ စတင်ပစ်ခတ်ခဲ့တာဖြစ်ပြီးကျေးရွာအတွင်းလက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အခုလိုသေဆုံးခဲ့ရတာဖြစ်တယ်လို့ ရွာသားတွေကပြောပါတယ်။ “စပြီးပစ်တာက မနေ့က ညနေ ၇ နာရီလောက်မှာပါ။ ရွာထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတော့ တစ်ရွာလုံးက ကြောက်ပြီးတော့ ဟိုမှာပုန်းဒီမှာပုန်းအဆင်ပြေသလို ပုန်းကြတာပေါ့။ အခုသေတဲ့မိသားစုက ဗုံးခိုကျင်းထဲမှာ ပုန်းနေတုန်း ကျင်းထဲကိုလက်နက်ကြီးကျည်ကျပြီး သေဆုံးသွားတာပါ။ နောက်ထပ်ပြီးတေ့လည်း ရွာထဲမှာ အဖွားကြီးတစ်ယောက် အိမ်ပေါ်မှာ ပုန်းနေတုန်း…

Read More

တေးရေးဆရာ ကိုမောင်မောင်(မဇ္ဈိမလှိုင်း) ၂၄ နှစ်မြောက်လွမ်းရတုပွဲ ပြုလုပ်

  စစ်ကိုင်း မတ် ၂၂-၂၀၁၉ တးရေးဆရာ ကိုမောင်မောင်(မဇ္ဈိမလှိုင်း) ၂၄ နှစ်မြောက်လွမ်းရတုပွဲကို မတ်လ ၂၁ ရက်နေ့ ည ၈ နာရီက စတင်ပြီး စစ်ကိုင်းတောင်ရိုး၊မဟာသမယချောင်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ကိုမောင်မောင်(မဇ္ဈိမလှိုင်း) ၂၄ နှစ်မြောက်လွမ်းရတုပွဲကို ကိုမောင်မောင်ရဲ့ ဂီတရဲဘော်ကြီး ကိုနေဝင်း၊အဆိုတော် ကိုမွန်းအောင်တို့အပါအဝင် ကိုမောင်မောင်ရဲ့ မိသားစုဝင်တွေ၊ဂီတ တပည့်တွေ၊အနယ်နယ်အရပ်ရပ်က ချစ်ခင်မြတ်နိုးကြသူတွေ တက်ရောက်ခဲ့ကြပြီး သူရေးစပ်ခဲ့တဲ့ တေးသီချင်းတွေကို အမှတ်တရ အနေနဲ့ ပြန်လည်သီဆိုကြပါတယ်။ မတ်လ ၂၂ ရက်နေ့မှာတော့ ကိုမောင်မောင်(မဇ္ဈိမလှိုင်း) ကိုရည်းစူးပြီး ဆရာတော်၊သံဃာတော် (၁၀) ပါး အား ဆွမ်းကပ်ခြင်း၊လှူဖွယ်ပစ္စည်းတွေ ဆပ်ကပ်လှူဒါန်းပြီး ရေစက်ချ အမျှပေးဝေခြင်း ပြုလုပ်ခဲ့ပါတယ်။ ကိုမောင်မောင်(မဇ္ဈိမလှိုင်း) ဟာ သင်္ကြန်းမိုး၊ပန်းချစ်သူ၊မိုးလုံးမှိုင်း၊ကြိုးကြာသံ၊ဝတ်မှုံ စတဲ့ ကိုယ်ပိုင်သံစဉ်သီချင်းတွေ ရေးသားသီးကုံးခဲ့သူ တေးရေးဆရာ ဂီတပညာရှင်ပဲ ဖြစ်ပါတယ်။ ကိုမောင်မောင်(မဇ္ဈိမလှိုင်း)ဟာ မန္တလေးဇာတိဖြစ်ပြီး အသက်…

Read More
VOM News

FREE
VIEW