ချောင်းရိုက်အပြာဗီဒီယိုတွေ မျှဝေလို့ ကိုရီးယားK Pop စတား ဂျန်ဂျွန်ယောင်း အဖမ်းခံလိုက်ရပြီ

 

ဆိုးလ်၊ မတ်၂၂ -၂၀၁၉

မျိုးဆက် (VOM)

အမျိုးသမီးတွေရဲ့ လိင်ပိုင်းဆိုင်ရာ ဗီဒီယိုတွေကို လျှို့ဝှက်ချောင်းရိုက်ပြီး အွန်လိုင်းမှာ သူငယ်ချင်းတွေကို ဖြန့်ဝေခဲ့တယ်ဆိုတဲ့စွပ်စွဲချက်တွေကြောင့် ကိုရီးယား K Pop စတားတစ်ဦးဖြစ်သူ အဆိုတော် ဂျန်ဂျွန်ယောင်းကို တောင်ကိုရီးယားတရားရုံးက မတ် ၂၁ ရက်မှာ ၀ရမ်းထုတ်ပြီး ဖမ်းဆီးလိုက်ပါတယ်။

အသက် ၃၀ နှစ်အရွယ် ဂျန်ဂျွန်ယောင်းဟာ သူနဲ့ အတူအိပ်ခဲ့တဲ့ အမျိုးသမီး ၁၀ ဦးရဲ့ လိင်နဲ့ပတ်သက်တဲ့ ဗီဒီယိုတွေကို ရိုက်ကူးပြီး KakaoTalk messenger chat room မှာ K Pop အမျိုးသားအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Big Bang အဖွဲ့က ဆောင်းရီအပါအ၀င် အခြား K Pop အဆိုတော်တွေကိုပါ မျှဝေခဲ့တယ်ဆိုပြီးစွပ်စွဲခံထားရပါတယ်။

Big Bang အဖွဲ့က ဆောင်းရီကတော့ လိင်ပိုင်းဆိုင်ရာ ဗီဒီယိုမှတ်တမ်းကိစ္စတွေအပြင် သူနဲ့ပတ်သက်ပြီး ရင်းနှီ်းမြုပ်နှံမယ့်လူတွေကို အပျော်မယ်တွေစီစဉ်ပေးတာအပါအ၀င် တစ်ခြားစွပ်စွဲချက်တွေကြောင့် စုံစမ်းစစ်ဆေးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဂျန်ဂျွန်ယောင်အနေနဲ့ အမှုနဲ့ဆိုင်တဲ့ သက်သေအထောက်အထားတွေကို ဖျက်ဆီးမယ့် အန္တရာယ်ရှိနေတာကြောင့် ဖမ်းဝရမ်းထုတ်ပြီး ဖမ်းဆီးလိုက်ရတယ်လို့ တရားရုံးက ထုတ်ပြန်ပါတယ်။

အဲဒီနေ့အစောပိုင်းမှာဘဲ သူ့ကို တရားရုံးမှာ ကြားနာစစ်ဆေးခြဲ့ပီး အမှားကျူးလွန်ခဲ့တယ်လို့ ဂျန်ဂျွန်ယောင်းက ၀န်ခံခဲ့ပါတယ်။ ကျွန်တော်ခွင့်မလွှတ်နိုင်တဲ့ မဟာအမှားကြီးကိုကျူးလွန်ခဲ့ပါတယ်။ အဲဒီအတွက် အပြစ်ရှိကြောင်း ၀န်ခံပါတယ်။ ခုခံချေပတာတွေ မလုပ်တော့ဘဲ တရားရုံးရဲ့ အဆုံးအဖြတ်ကို ကျွန်တော်လက်ခံသွားပါမယ် လို့ ဂျန်ဂျွန်ယောင်က တရားရုံးမှာ မျက်ရည်စက်လက်နဲ့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် သူ့ကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ မိန်းကလေးတွေကို တောင်းပန်ကြောင်းနဲ့ သူရဲ့ အသက်ရှင်နေတဲ့ နေ့တွေတိုင်း ကျူးလွန်ခဲ့တဲ့ အပြစ်တွေအတွက် နောင်တတွေနဲ့ ရှင်သန်နေရတော့မယ်လို့ လည်း သူကဆိုပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာနဲ့ ၀တ်လစ်စလစ်ပုံတွေ လျှို့ဝှက်ရိုက်ကူးတာဟာ ဆိုးဆိုးရွားရွား ပြန့်နှံ့ဖြစ်ပေါ်နေပြီး ဒီလိုလုပ်ရပ်တွေအပေါ် ဆန္ဒပြမှုတွေလည်း ဖြစ်ပေါ်နေပါတယ်။

တောင်ကိုရီးယားနိုင်ငံမြို့ကြီး ၁၀ မြို့ရှိ ဟိုတယ်အခန်းတွေက ဧည့်သည် ၁၆၀၀ ကို လျှို့ဝှက်ဗီဒီယို ရိုက်ကူးပြီး ၀က်ဘ်ဆိုက်တစ်ခုမှတစ်ဆင့် ရောင်းချနေတယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် အမျိုးသားလေးဦးကို ပြီးခဲ့တဲ့နေ့ကဘဲ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

Ref : UPI Photo : CNN

#voiceofmyanmar #နိုင်ငံတကာသတင်း #ဂိုရီးယား #အဆိုတော်

Related posts

Leave a Comment

VOM News

FREE
VIEW