ဘင်္ဂလားပင်လယ်အော်ထဲကကျွန်းမှာ ရိုဟင်ဂျာတွေကို နေရာချထားမယ့် အစီအစဉ် UNHCR ကြိုဆို

ဒါကာ၊ မတ်၂၂-၂၀၁၉

မျိုးဆက် (VOM)

ကော့ဘဇားဒေသက ဒုက္ခသည်စခန်းတွေထဲမှာ လူဦးရေထူထပ်စွာနေထိုင်နေကြတဲ့ ရိုဟင်ဂျာတွေကို ဘင်္ဂလားပင်လယ်အော်ထဲက ဘာရှန်ချာကျွန်းမှာ နေရာချထားဖို့ ဘင်္ဂလားဒေ့ရှ်ရဲ့ အစီအစဉ်ကို ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာ အေဂျင်စီ (UNHCR) ကကြိုဆိုလိုက်ပါတယ်။

ကော့ဘဇားဒေသမှာရှိတဲ့ ကူတူပါလောင် ဒါမှမဟုတ် အခြား ဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည်တွေ အရမ်းကို ပြည့်ကြပ်ပြီး နေထိုင်ရတာကို ရှင်းရှင်းလင်းလင်းတွေ့နိုင်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ အေဂျင်စီရဲ့ လက်ထောက်မဟာမင်းကြီး Volker Turk က အဲဒီဒေသတွေကို ငါးရက်ကြာသွားရောက်ပြီးနောက် ဒါကာမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကိုပြောပါတယ်။

မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် တစ်ခြားရွေးချယ်စရာနေရာတစ်ခု ရရှိဖို့ တက်တက်ကြွကြွ လုပ်ဆောင်နေတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ဆောင်ရွက်မှုတွေကို ကြိုဆိုတယ်လို့ သူကပြောပါတယ်။ ဘင်္ဂလားပင်လယ်အော်အတွင်းက ဘာရှန်ချာကျွန်းကို ရိုဟင်ဂျာတွေ နေရာရွှေ့ပြောင်းရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂဟာ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေနဲ့ ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒီလိုရွှေ့ပြောင်းဖို့အတွက် ဒုက္ခသည်တွေ ဆန္ဒပါဖို့လိုသလို သူတို့အတွက် ဆက်လက်အသက်မွေးဝမ်းကျောင်းနိုင်ဖို့လည်း လိုအပ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဘာရှန်ချာကျွန်းဟာ ဝေးလံခေါင်ဖျားတဲ့ ကျွန်းတစ်ကျွန်းဖြစ်ပြီး မုတ်သုန်ရာသီမှာ ပြင်းထန်တဲ့ မုန်တိုင်းဒါဏ်တွေ ခံရလေ့ရှိတာကြောင့် ကျွန်းရဲ့ ခံနိုင်ရည်အပေါ် ကုလသမဂ္ဂ အထူးအစီရင်ခံစာတင်သွင်းသူအပါအ၀င် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့အစည်းတွေက စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေကြပါတယ်။

Ref : Daily Mail Photo : AFP

#voiceofmyanmar #ဘင်္ဂလားဒေ့ရှ် #ဒုက္ခသည် #UNHCR

Related posts

Leave a Comment

VOM News

FREE
VIEW