မြန်မာ့ရုပ်ရှင် နိုင်ငံတကာအဆင့်မှီဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
ရန်ကုန် မတ် ၂၃-၂၀၁၉ သင်းသဒ္ဒါ (VOM)   မြန်မာ့ရုပ်ရှင် နိုင်ငံတကာအဆင်အတန်းမှီဖို့ ရည်မှန်းချက်ထား အားထုတ်ကြဖို့ နိုင်ငံတော်အတိုင်ခံ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။   ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုရွေးချယ်ပွဲကို မတ် ၂၃ ရက် ညနေ ၃ နာရီက  ရန်ကုန်မြို့ သုဝဏ္ဏ The One Entertainmantမှာ ကျင်းပတာမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။   လက်ရှိရောက်ရှိနေတဲ့ နေရာထိတင်းတိမ်ရောင့်ရဲမနေပဲ နိုင်ငံတကာရဲ့ ရုပ်ရှင်တွေနဲ့ အဆင့်အတန်းမီအောင် ရည်မှန်းချက်ထားပြီ လက်တလောမှာ ဒေသအတွင်းရှိ ရုပ်ရှင်လောကဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံခြားကိုမီအောင် တိုက်တွန်းချင်ပါတယ်။ ကျွန်မတို့အာရှမှာ ကိုရီးယား ဂျပန် တရုတ် အိန္ဒိယ ရုပ်ရှင်ဇာတ်ကားတွေမှာ မိမိတို့ယဉ်ကျေးမှု သမိုင်းဝင်အမွေအနှစ်တွေကို ဖော်ဆောင်ပြသနေတာ ကမ္ဘာမှာထင်ရှားကျော်ကြားနေပါတယ်။ ကျွန်မတို့ အနေနဲ့လည်း ကိုယ့်နိုင်ငံရဲ့ သမိုင်းအမွေအနှစ်တွေ…
Read More
နှုတ်​ထွက်​ထားတဲ့ အုပ်​ချုပ်​ရေးမှူး ၉၈ ဦးအနက်​ ၇၀ ခန့်​အလုပ်​ပြန်​ဝင်
မြောက်​ဦး၊ မတ်​ ၂၃-၂၀၁၉ ခိုင်​လင်းစံ(VOM)   ရခိုင်​ပြည်​နယ်​မြောက်​ဦးမြို့နယ်​အတွင်းက အုပ်​ချုပ်​ရေးမှူး ၄ ဦးကို ၁၇ (၁) နဲလဖမ်းဆီးလိုက်​တဲ့အတွက်​ လုံခြုံမှုမရှိဘူးဆိုပြီး အုပ်​ချုပ်​ရေးမှူး ၉၈ ဦးတို့က ဖေဖော်​ရီ ၂ ရက်​နေ့နဲ့ ၄ ရက်​နေ့တွေမှာ  နှုတ်​ထွက်​ခဲ့ကြတာဖြစ်​ပါတယ်​။   အဲ့ဒီ ၉၈ ဦးထဲက ၇၀ လောက်​ဟာ ဒီကနေ့မှာ ရပ်​/ကျေးအုပ်​ချုပ်​ရေးမှူးတာဝန်​တွေကို ပြန်​လည်​လက်​ခံလိုက်​ကြတာဖြစ်​တယ်​လို့ သံရှင်​ပြင်​ကျေးရွာအုပ်​ချုပ်​ရေးမှူး ဦးခင်​မောင်​ဆန်းကပြောပါတယ်​။ “ကျွန်​တော်​ နှုတ်​ထွက်​ထားတဲ့အထဲက ၇၀ လောက်​ဟာ ဒီနေ့ပဲ အလုပ်​ပြန်​လုပ်​ဖို့ လက်​ခံလိုက်​ကြတာပါ။ ကျန်​တဲ့သူတွေကတော့ လက်​မခံဘူး။ ခရိုင်​ကနေ့တိုင်းဖုန်းဆက်​တယ်​။ တစ်​ယောက်​ချင်းစီကို ဆက်​ပြီးတော့ပြောတယ်​။ ကျွန်​တော်​တို့ကိုတော့မပြောဘူး။ တချို့ကလဲ ဖမ်းဆီးခံနေရတဲ့ လေးယောက်​ပြန်​လွတ်​ဖို့အတွက်​ထွက်​တာဆိုပြီးတော့ သဘောထားကွဲလွဲတာတွေလည်းရှိတာပေါ့”လို့ ဦးခင်​မောင်​ဆန်းကပြောပါတယ်​။   နှုတ်​ထွက်​ထားတဲ့ အုပ်​ချုပ်​ရေးမှူး ၉၈ ဦးတို့ကို အလုပ်​ပြန်​လည်​ဝင်​ရောက်​ပြီးတော့ မူလတာဝန်​ကိုထမ်းဆောင်​ကြဖို့အတွက်​ ပြည်​နယ်​ ထွေ/အုပ်​က…
Read More
စစ်ကိုင်း အေးငြိမ်းမြေသုဿန်မှာ သဂြိလ်စရိတ်မြင့်လို့ ဒေသခံတွေအခက်ခဲဖြစ်
စစ်ကိုင်း  မတ် ၂၃ -၂၀၁၉ စောပြည့်ချမ်းသာ(VOM)   စစ်ကိုင်းမြို့နယ်၊ စာရေးကျေးရွာအနီးမှာ အသစ်တည်ဆောက်ထားတဲ့ အေးငြိမ်းမြေသုဿန်မှာ ဂူသွင်းစရိတ်နဲ့ မြေမြုပ်စရိတ်တွေအတွက် ငွေကြေးကောက်ခံမှုအပေါ် စစ်ကိုင်းမြို့နေပြည်သူများ ခံနေကြရပါတယ်။     ခုအသစ်တည်ဆောက်ထားတဲ့ အေးငြိမ်းမြေသုဿန်မှာ မြေမြုပ်ပါက (၄ ×၆) ပေကို ငွေကျပ်ငါးသိန်း၊ အလောင်းဂူသွင်းပါက (၄ ×၆) ပေကို ငွေကျပ်ဆယ်သိန်း၊ အရိုးဂူသွင်းပါက (၂ ×၂)ပေကို ငွေကျပ် ငါးသိန်း၊ စက်ဖြင့်မီးသဂြိုလ်ပါက ငွေကျပ် နှစ်သောင်းနဲ့ မှတ်ပုံတင်ကြေး ငွေကျပ် ၁၅၀၀ တို့ကို စည်ပင်သာယာကော်မတီကို ပေးသွင်းနေရပါတယ်။   လုပ်အားခတွေ အနေနဲ့ ကျင်းတူးလုပ်အားခ (၄ ×၆)ပေကို ငွေကျပ် နှစ်သောင်း၊ အလောင်းအုတ်ဂူပြုလုပ်ခြင်း(၄ ×၆)ပေကို ငွေကျပ် (၄၂၀၀၀၀ )ကျပ်၊ အရိုးအုပ်ဂူပြုလုပ်ခြင်းအတွက် ငွေကျပ် တစ်သိန်း ပေးဆောင်ရမှာဖြစ်တာကြောင့်…
Read More
မှတ်ပုံတင်တစ်ခုကို ဖုန်း SIM Card နှစ်ခုသာကိုင်ခွင့်ပြုမယ်
ရန်ကုန် ၊မတ် ၂၃ TGH ( VOM)   မှတ်ပုံတင်တစ်ခုထဲနဲ့  ဖုန်းSIM Card ၂ ခုထက်ပိုကိုင်လို့မရတဲ့ စနစ်ကို လာမယ့် ဧပြီလ တစ်ရက်နေ့မှာ စတင်ဆောင်ရွက်သွားမယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ကထုတ်ပြန်ကြေငြာလိုက်ပါတယ်။   တကယ်လို့ SIM Card နှစ်ခုထက်ပိုပြီး မှတ်ပုံတင်ထားရင် SIM Card အသစ်ကိုပိတ်သိမ်းသွားမှာဖြစ်ကြောင်းနဲ့ SIM Card  စနစ်တကျမှတ်ပုံတင်နိုင်ရေးအတွက် ပူးပေါင်းပါဝင်ပေးဖို့လည်း ပြောဆိုထားပါတယ်။   ” အော်ပရေတာတွေကိုထိန်းချုပ်ရမှာ။ခုဆိုဆိုင်မှာသွားဝယ်ရင် ကဒ်တွေကမှတ်ပုံတင်ပြီးသားတွေပဲရောင်းတယ်။ကဒ်လဲပြောင်းရော ပြဿနာတက်တာပဲ။ဘာလုပ်ရမှန်းမသိ၊ဘယ်ဆိုင်ဝယ်ဝယ် ကဒ်တွေကမှတ်ပုံတင်ပြီးသားတွေ၊ခုဆိုကျမ ကဒ်ပျောက်တယ် အော်ရီဒူး ကိုဆက်မေးတော့ ကျမကဒ်က ကျမနာမည်နဲ့မဟုတ်ဘူး။ပြန်လျှောက်ဖို့ ဇယားရှုပ်နေတယ် ။ပြဿနာဖြစ်ရင်တောင် ဘယ်လိုရှင်းမလဲ ။ဈေးကွက်မှာက ဆင်းကဒ်တစ်ခု ၂၀၀ ၊၃၀၀ တောင်ဖြစ်နေတာ”လို့ ရန်ကုန်မြို့နေ မသိင်္ဂီက ပြောပါတယ်။   လက်ရှိမှာ   နိုင်ငံသားစိစစ်ရေးကတ်ပြားတစ်ခုတည်းနဲ့ SIM Card…
Read More
ပျောက်ဆုံးနေတဲ့သူတွေ အသတ်ခံလိုက်ရသလား ဖမ်းဆီးထားတာလား သိချင်တယ်လို့ မိသားစုတွေကပြော
မြောက်ဦး၊ မတ် ၂၃-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မြောက်ပိုင်းဒေသ ရန်အောင်ပြင်ကျေးရွာအနီး ပတင်းကွင်းမှာ မြန်မာ့တပ်မတော်နဲ့ AA အဖွဲ့တို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ မြောက်ဦးမြို့နယ်က ဒေသခံ ၃ ဦးနဲ့ ကျောက်တော် မြို့နယ်က ဒေသခံ ၃ ဦးတို့ ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီပျောက်ဆုံးနေသူတွေနဲ့ တစ်လကျော်ကြာတဲ့အထိ မိသားစုတွေအဆက်အသွယ်မရရှိကြသေးတာဖြစ်ပြီး ပေါက်ဆုံးနေ သူတွေဟာ အသတ်ခံလိုက်ရတာလား၊ ဖမ်းဆီးခံနေရတာလားဆိုတာကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက ထုတ်ပြန်ပေးဖို့ အတွက် မိသားစုတွေကပြောပါတယ်။ “ကျွန်မယောက်ျားနဲ့ သူ့ယောက်ဖက အဲ့ဒီနေ့မနက်က ဆိုင်ကယ်တစ်စီးနဲ့ ရမ်းချောင်းထဲကိုသွားပါတယ်။ အဲ့ဒီမှာ ထင်းခုတ် မလို့ ထင်းတောသွားဝယ်တာပါ။ တိုက်ပွဲဖြစ်တာကြားတော့ ကျွန်မကဖုန်းဆက်ကြည့်တယ်။ သူ့တို့သာကျော်ရွာမှာ ခဏနား နေတယ်လို့ပြောတယ်။ ၁၁ နာရီလောက်မှာ နောက်တစ်ခေါက်ဆက်လိုက်တော့ ဖုန်းကိုတခြားတစ်ယောက်ကိုင်တယ်။ ကိစ္စရှိလား။ မရှိရင်မဆက်နဲ့ဆိုပြီး ဖုန်းကိုပိတ်လိုက်တယ်။ ဗမာလိုလို ရခိုင်လိုလိုပြောတယ်။…
Read More
မတ်လ ၁၈ ရက်နေ့ မြောက်ဦးမြို့တွင်း ပစ်ခတ်မှုဖြစ်စဉ်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေ သတင်းစာရှင်းလင်း
မြောက်ဦး၊ မတ် ၂၃-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် ရခိုင်ပြည်နယ် မြောက်ဦးမြို့ပေါ်မှာ ဖြစ်ပွားခဲ့တဲ့ မတ်လ ၁၈ ရက်နေ့ကပစ်ခတ်မှုဖြစ်စဉ်နဲ့ပတ်သက်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ မြို့ခံတွေဟာ မတ်လ ၂၁ ရက်နေ့ မြောက်ဦးမြို့ ရခိုင်အမျိုးသားပါတီရုံးမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြပါတယ်။ #voiceofmyanmar #ရခိုင်ပြည်နယ် #မြောက်ဦး #ပစ်ခတ်
Read More
ဆီးရီးယားရှိ အိုင်အက်စ်စစ်သွေးကြွတွေကို ရာနှုန်းပြည့်ခြေမှုန်းနိုင်ပြီလို့ အမေရိကန်ကြေညာ
Read More
အခုနှစ်စစ်ကိုင်းသင်္ကြန်ကိုလမ်းလျှောက်သင်္ကြန်မဟုတ်တော့ဘဲ အရင်နှစ်အစီအစဉ်အတိုင်းသာကျင်းပသွားမယ်
စစ်ကိုင်း မတ် ၂၂-၂၀၁၉ အခုနှစ် စစ်ကိုင်းမှာ ပထမဆုံးအကြိမ် လမ်းလျှောက်သင်္ကြန်ကျင်းပဖို့ စီစဉ်ထားပေမယ့် အကြောင်းကြောင်းကြောင့် လမ်းလျှောက်သင်္ကြန်ကိုထည့်သွင်းကျင်းပသွားတော့မှာမဟုတ်ဘူးလို့   စစ်ကိုင်းမြို့နယ်စည်ပင်သာယာရေးကော်မတီကနေသိရပါတယ်။ ရိုက်ကူး-စောပြည့်ချမ်းသာ #voiceofmyanmar #သင်္ကြန် #စစ်ကိုင်းသင်္ကြန် #ကမ်းနားလမ်း
Read More
VOM News
FREE
VIEW