စစ်တပ်က အာဏာသိမ်းအပြီး ငါးနှစ်ကြာပြီးနောက် ထိုင်းမှာ ရွေးကောက်ပွဲကျင်းပနေ

 

ဘန်ကောက်၊ မတ်၂၄-၂၀၁၉

မျိုးဆက် (VOM)

ထိုင်းနိုင်ငံမှာ ၂၀၁၄ခုနှစ်အတွင်း စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ပထမဆုံးအကြိမ်အထွေထွေ ရွေးကောက်ပွဲကို ကျင်းပပြုလုပ်နေပြီး မဲဆန္ဒရှင် သန်း၅၀မှာ မဲရုံတွေကို သွားရောက်မဲပေးနေကြပါတယ်။

ထိုင်းနိုင်ငံဟာ နိုင်ငံရေးမတည်ငြိမ်မှုတွေရဲ့ ရိုက်ခတ်မှုဒဏ်ကို ခံနေရတာ နှစ်ချီကြာမြင့်နေပြီဖြစ်ပြီး စစ်တပ်ကို ထောက်ခံသူတွေနဲ့ ရာထူးကနေဖယ်ရှားခံရသော ဝန်ကြီးချုပ်သက်ဆင်ရှင်နာဝပ်ကို ထောက်ခံ သူတွေအကြား အငြင်းပွားမှုတွေကလည်း ကြီးမားကျယ်ပြန့်လျက်ရှိနေပါတယ်။

၂၀၁၄ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် အာဏာပြန်လွှဲပေးဖို့နဲ့ ဒီမိုကရေစီစနစ်ပြန်လည်ပေါ်ထွန်းဖို့ ကတိပြုခဲ့ပေမယ့်လည်း ရွေးကောက်ပွဲကို အကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့ပါတယ်။

လက်ရှိရွေးကောက်ပွဲမှာ ရွေးကောက်ပွဲရလဒ် ဘယ်လိုတွေပဲ ထွက်ပေါ်လာပါစေ စစ်တပ်က နိုင်ငံရေးမှာ ပါဝင်ခွင့် ကျိန်းသေဆက်ရမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ရပ်ကို စစ်တပ်က ပြဌာန်းထားတယ်လို့ ဝေဖန်သူတွေကဆိုပါတယ်။

၂၀၁၁ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ပြုလုပ်တဲ့ ရွေးကောက်ပွဲမှ မဲပေးသူဦးရေဟာ အရင်ကထက် မြင့်မားလိမ့်မယ်လို့ မျှော်မှန်းထားကြပါတယ်။ ရွေးကောက်ပွဲကာလအတွင်းမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တရားဥပဒေကို လိုက်နာကြဖို့လည်း ထိုင်းဘုရင်က ထုတ်ပြန်ထားပါတယ်။ ဒီရွေးကောက်ပွဲကတော့ ထိုင်းစစ်တပ်ကိုလိုလားသူတွေနဲ့ သက်ဆင်ကိုထောက်ခံတဲ့ မဟာမိတ်တွေအကြား အဓိကအားပြိုင်တဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်ပါတယ်။

Ref : BBC Photo : Getty Image

#voiceofmyanmar #ထိုင်း #ရွေးကောက်ပွဲ #သက်ဆင်

Related posts

Leave a Comment

VOM News

FREE
VIEW