ထိုင်းရွေးကောက်ပွဲ မသမာမှုတွေရှိနေတယ်လို့ ၀န်ကြီးချုပ်ဟောင်း သက်ဆင်စွပ်စွဲ

 

ဘန်ကောက်၊ မတ်-၂၆

ထိုင်းနိုင်ငံမှာ မတ် ၂၄ ရက်ကပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ မသမာမှုတွေရှိနေတယ်လို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က စွပ်စွဲပြောကြားလိုက်ပါတယ်။ ၂၀၀၆ ခုနှစ်က ၀န်ကြီးချုပ်ရာထူးကနေ ဖြုတ်ချခံရပြီး ပြည်ပမှာ တိမ်းရှောင်နေထိုင်နေတဲ့ မစ္စတာသက်ဆင်က ရွေးကောက်ပွဲမှာ ရှေ့နောက်မညီတဲ့ မသမာမှုတွေ အတွက် စိုးရိမ်မိတယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။

ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ မစ္စတာသက်ဆင်ရဲ့ ညီမဖြစ်သူ ယင်လပ်ကိုဖြုတ်ချခဲ့တဲ့ ၂၀၁၄ ခုနှစ်က စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ကျင်းပခဲ့တာလည်းဖြစ်ပါတယ်။ ရွေးကောက်ပွဲအစောပိုင်း ရလဒ်များအရ စစ်တပ်လိုလားတဲ့ ပလန်ပရာချာရပ်သ်ပါတီက မဲအရေအတွက် ပိုမိုရရှိနေပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲမှာ မဲပေးသူဦးရေနဲ့ မဲမမာဏ ကွာဟမှုတွေနဲ့ပတ်သက်လို့ တိုင်ကြားမှုတွေလည်း အများအပြားရှိနေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အချက်အလက်တွေအစီရင်ခံရာမှာ မဲရေတွက်သူတွေရဲ့ အမှားတစ်ချို့ရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲရဲ့ တရားဝင် ရလဒ်တွေကိုတော့ မေလအတွင်းမှ ထုတ်ပြန်ကြေညာသွားမှာဖြစ်ပါတယ်။

Ref : BBC Photo : Getty Image

#voiceofmyanmar #နိုင်ငံတကာသတင်း #ထိုင်းရွေးကောက်ပွဲ #သက်ဆင်

Related posts

Leave a Comment

VOM News

FREE
VIEW