နျူကလီးယားလက်နက်တွေ အမေရိကန်လွှဲပေးရမယ်လို့ ဒေါ်နယ်ထရန့်က ကင်ဂျုံအန်ကို တောင်းဆိုခဲ့

ဝါရှင်တန်၊ မတ် ၃၀-၂၀၁၉

မျိုးဆက် (VOM)

ပြီးခဲ့တဲ့လက ဗီယက်နမ်နိုင်ငံ ဟနွိုင်းမှာပြုလုပ်တဲ့ ထိပ်သီးဆွေးနွေးပွဲ ပျက်ပြားခဲ့တဲ့ နေ့မှာ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်တွေနဲ့ ဗုံးလောင်စာတွေကို အမေရိကန်ကို လွှဲပြောင်းပေးဖို့ အတွက် ဗြောင်ကျကျတိုက်တွန်းချက်ပါဝင်တဲ့ စာရွက်ပိုင်းတစ်ခုကို အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကို ပေးခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ရရှိခဲ့တဲ့ စာရွက်စာတမ်းအရ သိရပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်က ဟနွိုင်းရှိ မက်ထရိုပိုလီဟိုတယ်မှာ ပြုလုပ်တဲ့ ထိပ်သီးဆွေးနွေးပွဲမှာ အမေရိကန်ရဲ့ ရပ်တည်ချက်ကိုဖော်ပြထားတဲ့ ကိုရီးယား-အင်္ဂလိပ်နှစ်ဘာသာနဲ့ ရေးသားထားတဲ့ စာကို ဒေါ်နယ်ထရန့်က ကင်ဂျုံအန်ကို ပေးခဲ့တယ်လို့ ဆွေးနွေးပွဲနဲ့ နီးစပ်တဲ့ အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

နျူကလီးယားစွန့်လွှတ်ရေးနဲ့ ပတ်သက်ပြီး ဒေါ်နယ်ထရန့်က ဘယ်လိုသဘောထားတယ်ဆိုတာကို သူကိုယ်တိုင် အတိအလင်းသတ်မှတ်ပြီး ကင်ဂျုံအန်ကို ပထမဆုံးအကြိမ် တိုက်ရိုက် အသိပေးလိုက်တာဖြစ်တယ်လို့ သတင်းရင်းမြစ်ကဆိုပါတယ်။

ဆွေးနွေးပွဲနေ့မှာ နှစ်နိုင်ငံခေါင်းဆောင် နှစ်ဦး နေ့လည်စာအတူစားသုံးမယ့် အစီအစဉ်ကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။ ဆွေးနွေးပွဲ ပျက်ပြားခြင်းနဲ့ ပတ်သက်လို့ နှစ်နိုင်ငံလုံးက အပြည့်အ၀ တာဝန်ယူထုတ်ပြန်ခြင်းမရှိပေမယ့် ဆွေးနွေးပွဲမအောင်မြင်ရသည့် အကြောင်းရင်းက အဲဒီစာကြောင်း ဖြစ်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

ဒေါ်နယ်ထရန့်ပေးလိုက်တဲ့ စာကိစ္စကို နှစ်ရက်ကြာ ဟနွိုင်းထိပ်သီးဆွေးနွေးပွဲပြီးနောက် ရုပ်မြင်သံကြားဌာနတစ်ခုနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘော်တန်က ပထမဆုံးအကြိမ် ရည်ညွှန်းပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် နျူကလီးယားလက်နက်တွေနဲ့ ဗုံးထုတ်လုပ်တဲ့ ပစ္စည်းတွေကို အမေရိကန်သို့ မြောက်ကိုရီးယားက လွှဲပြောင်းပေးသင့်တယ်ဆိုတာအပါအ၀င် စာမှာပါဝင်တဲ့ အမေရိကန်ရဲ့ အဓိကတောင်းဆိုတာတွေကိုတော့ ဂျွန်ဘော်တန်က တွေ့ဆုံမေးမြန်းခန်းမှာ ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။

Ref & Photo : Refuters

#voiceofmyanmar #နိုင်ငံတကာသတင်း #အမေရိကန် #မြောက်ဂိုရီးယား #ထိပ်သီးအစည်းအဝေး

Related posts

Leave a Comment

VOM News

FREE
VIEW