ဝါရှင်တန်၊ မတ်-၁၉ ၊၂၀၁၉ မျိုးဆက် ( VOM) ဗင်နီဇွဲလားနိုင်ငံမှာ ဆိုရှယ်လစ်သမ္မတ နီကိုလပ်မာဒူရိုကို ဖြုတ်ချဖို့ အတိုက်အခံတို့က ဖိအားပေးနေချိန်မှာဘဲ အမေရိကန်ရှိ ဗင်နီဇွဲလားအစိုးရပိုင် သံတမန်အဆောက်အဦတွေကို အတိုက်အခံခေါင်းဆောင် ဂွိုင်ဒိုရဲ့ ကိုယ်စားလှယ်တွေက သိမ်းယူလိုက်တယ်လို့ ဂွိုင်ဒိုရဲ့ အမေရိကန်ဆိုင်ရာ အထူးကိုယ်စားလှယ်က မတ် ၁၈ ရက်ကပြောပါတယ်။ ၀ါရှင်တန်ရှိ ဗင်နီဇွဲလား ကာကွယ်ရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်တဲ့ အဆောက်အဦနှစ်ခုနဲ့ နယူးယောက်ရှိ ကောင်စစ်ဝန်အဆောက်အဦးတို့ကို အတိုက်အခံတို့က ထိန်းချုပ်ရရှိခဲ့တယ်လို့ ကားလို့စ်ဗက်ချီအိုက ပြောဆိုပြီး လာမယ့် ရက်အနည်းငယ်အတွင်း ၀ါရှင်တန်ရှိ ဗင်နီဇွဲလားသံရုံးကို သိမ်းယူဖို့ မျှော်လင့်ထားတယ်လို့သူကဆိုပါတယ်။ သမ္မတ မာဒူရိုရဲ့ မေလအတွင်းက ရွေးကောက်ပွဲဟာ တရားမ၀င်ဘူးဆိုပြီး အမျိုးသားလွှတ်တော်ဥက္ကဌဖြစ်သူ အတိုက်အခံခေါင်းဆောင် ဂွိုင်ဒိုက ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကြားဖြတ်သမ္မတအဖြစ်ဇန်န၀ါရီလက ကြေညာခဲ့ပါတယ်။ သူ့ကို ဗင်နီဇွဲလားနိုင်ငံအတွက် မှန်ကန်တဲ့ ခေါင်းဆောင်အဖြစ် အမေရိကန်အပါအ၀င် အနောက်နိုင်ငံအများစုက…
Read MoreMonth: March 2019
တပ်မတော်ဘက်က ပစ်ခတ်မှုတွေကြောင့် မြောက်ဦးနဲ့ စစ်တွေမြို့တွေမှာ ဈေးတွေပိတ်ထား
မြောက်ဦး၊ မတ် ၁၉-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အပြင် မြောက်ဦးမြို့ပေါ်နဲ့အနီးဝန်းကျင်တွေမှာ မြန်မာ့တပ်မတော် ဘက်က ပစ်ခတ်တာတွေပြုလုပ်နေတဲ့အတွက် စိုးရိမ်ကြောက်လန့်ပြီးတော့ ဒီကန့မနက်ပိုင်းကစတင်ပြီး မြောက်ဦးမြို့က ဈေးကိုပိတ်ထားလိုက်ကြတာဖြစ်ပါတယ်။ အခုလိုမျိုး မြို့နဲ့အနီးဝန်းကျင်နေရာတွေမှာ ပစ်ခတ်မှုတွေရှိနေပြီး တပ်မတော်ဘက်က ပစ်ခတ်လိုက်တဲ့လက်နက်ကြီး ကျည်တွေ ကျေးရွာအတွင်းကျရောက်ပြီး မီးလောင်တာတွေအပြင် ဒေသခံတွေကိုပါထိခိုက်မှုတွေရှိနေတာကြောင့် တစ်မြို့လုံးမှာဈေးဆိုင်ခန်းတွေကို ပိတ်သိမ်းထားကြတာဖြစ်ပါတယ်။ “ဒီကနေ့မနက်ပိုင်းကစပြီးတော့ ပိတ်လိုက်ကြတာပေါ့။ မြို့ပေါ်တွေမှာရော။ မြို့နဲ့အနီးအနားမှာပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတော့ ကြောက်ပြီး ပိတ်လိုက်တာဖြစ်ပါတယ်။ ဘာတွေဖြစ်လာမလဲမပြောနိုင်ဘူးလေ။ ဒါကြောင့် စိုးရိမ်ပြီးတော့ ပိတ်လိုက်ကြတာပါ။”လို့ ဈေးဆိုင်သည်တစ်ဦးကပြောပါတယ်။ ဒါ့အပြင် စစ်တွေမြို့မှာလည်း မြို့မဈေးကြီးကို မနက်တစ်ပိုင်းသာဖွင့်ခဲ့ပြီးတော့ နေ့လည်ပိုင်းမှာ ပိတ်လိုက်ကြတာဖြစ်ပါတယ်။ “လောလောဆယ်မှာတော့ မြောက်ဦးမှာတိုက်ပွဲဖြစ်တာမရှိဘူး။ စစ်တပ်ကနေ ပစ်ခတ်မှုတွေပြုလုပ်နေတာ ဒီကနေ့ဆိုရင် သုံးရက်ရှိပြီ။ တစ်ရက်ထက်တစ်ရက် ပြင်းထန်လာတယ်။ ဒေသခံတွေထိခိုက်ဒဏ်ရာတွေရကြတယ်ဆိုတော့ အပြင်မှာလည်း သွားလာတဲ့သူတွေ မရှိသလောက်ဖြစ်နေတယ်။ တစ်မြို့လုံးကစိုးရိမ်နေကြပါတယ်။”လို့ မြောက်ဦးမြို့ခံတစ်ဦးကပြောပါတယ်။…
Read Moreမြရွာက သကြားစက်ဝန်းကျင်အနီးမှာ ကြိတ်စကြံဖတ်ခြောက်များမီးလောင်မှု နှစ်ရက်ကြာအထိမငြိမ်းသေး
မတ် ၁၉-၂၀၁၉ လမင်း (VOM) ပြည်မြို့ ၊ မြရွာ ၊ နဝဒေးသကြားစက်ပတ်ဝန်းကျင်မှာရှိတဲ့ ကြံကြိတ်ဖတ်ခြောက်တွေစွန့်ပစ်ထားတဲ့နေရာမှာ မတ်လ ၁၈ ရက်နေ့ နေ့လည် ၁ နာရီ အချိန်ခန့်က အပူရှိန်လွန်ကဲပြီး မီးလောင်မှု့တစ်ခုဖြစ်ပွားခဲ့ပါတယ် ။ ” စက်ရုံမှုးရဲ့ဟြေပြချက်အရတော့ ကြိတ်စတွေကြိတ်ထားတဲ့အဖတ်တွေက အော်တိုမစ်တစ်လောင်တာပေါ့ သူကဖွဲနုသဘောမျိုးပါဘဲ အောက်က အောင်းနေတဲ့အပူလည်းရှိတယ် အပေါ်ကနေအပူလည်းရှိတော့ လောင်သွားတာပေါ့ ထိခိုက်ဆုံးရှုံးမှု့တော့မရှိပါဘူး ” ဟု ပြည်ခရိုင်မီးသတ်ဦးစီးဌာနလက်ထောက်ဦးစီးမှူးဦးအေးကျော် ကဟြေပါတယ် ။ အဲ့ဒီ မီးလောင်မှုကို ပြည်ခရိုင်မီးသတ်တပ်ဖွဲ့မှ ဦးဆောင်ငြိမ်းသတ်နေတာဖြစ်ပြီး အခုလက်ရှိအခြေအနေမှာ မီးကိုထိန်းထားနိုင်ပြီဖြစ်ပေမယ့် ကျန်ရှိနေတဲ့ မီးကြွင်းမီးကျန်တွေကိုလည်း အခုအချိန်ထိငြိမ်းသတ်နေရဆဲဖြစ် တယ်လို့ ပြည်ခရိုင်မီးသတ်ဦးစီးဌာနကနေ သိရပါတယ် ။ #voiceofmyanmar #မီးလောင် #သကြားစက် #ပြည်မြို့
Read Moreဟိုတယ်တွေကို ကြယ်ပွင့်တွေနဲ့အဆင့် သတ်မှတ်သွားမယ်
ရန်ကုန် ၊ မတ် ၁၉ TGH (VOM) ဟိုတယ် တစ်ခုမှာ ရှိသင့်တဲ့ အချက်တွေနဲ့ ၀န်ဆောင်မှုတွေကို အကဲဖြတ်ပြီး ကြယ်ပွင့် နဲ့အဆင့်သတ်မှတ်သွားဖို့ ရှိတယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကနေသိရပါတယ်။ အဲ့ဒီလိုအဆင့်သတ်မှတ်ဖို့ အတွက် နိုင်ငံတကာက ပညာရှင်တွေပါဝင်တဲ့ အဖွဲ့အစည်းတွေပူးပေါင်းပြီး သတ်မှတ်သွားဖို့ အတွက် ဟိုတယ် နဲ့ ခရီးသွားလုပ်ငန်း ၊ ဟိုတယ်လုပ်ငန်းဆိုင်ရာအသင်းအဖွဲ့ တွေ ဆွေးနွေးမှုတွေစတင်လုပ်ဆောင်နေပြီလို့ သိရပါတယ်။ “ နိုင်ငံတကာမှာလည်း ဟိုတယ်တွေက ကြယ်ပွင့်အဆင့်သတ်မှတ်ထားတာရှိတယ်။မြန်မာနိုင်ငံမှာ လည်း အဆင့်သတ်မှတ်တယ်ဆိုတာမျိုးစလုပ်တာဖြစ်တယ်။ ဈေးနှုန်းပိုင်းတော့မဆိုင်ဘူး။သူ့ဘာသာ ဟိုတယ်တွေ ဈေးနှုန်းသတ်မှတ်ပေါ့။ ကြယ်ပွင့်အဆင့်၃ ရှိတဲ့ဟိုတယ်က ကြယ်ပွင့်အဆင့် ၄ ရှိတဲ့ဟိုတယ်ဈေးတောင်းရင်လည်း တည်းတဲ့သူက ကြည့်မှာပဲလေ။ ရန်ကုန်က ဟိုတယ်တွေကို စလုပ်မှာဖြစ်တယ်။ လုပ်မယ့်အထဲ နိုင်ငံခြားပညာရှင်တွေလည်းပါမယ်”။လို့  မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌဖြစ်သူ ဦးရန်ဝင်းက အခုလိုပြောပါတယ်။ ဟိုတယ်တစ်ခုမှာ…
Read Moreငွေကျပ် ၁၉ဘီလီယံကျော် အကုန်ကျခံ တည်ဆောက်ထားတဲ့ မန္တလေး-ပြင်ဦးလွင် လမ်းသစ် စတင်ဖွင့်လှစ်
မန္တလေး၊ မတ် ၁၉-၂၀၁၉ ဟိန်းကို(VOM) ငွေကျပ်တန်ဖိုး (၁၉.၇၃)ဘီလ်ီယံ အကုန်ကျခံ တည်ဆောက်ထားတဲ့ မြစ်ငယ်-ထုံးဘို-ပြင်ဦးလွင်လမ်း (မန္တလေး-ပြင်ဦးလွင်) လမ်းအပိုင်း ၄၈ပေအကျယ်ရှိ (၄)လမ်းသွား နိုင်လွန်ကတ္တရာလမ်း ဖွင်လှစ်တဲ့ အခမ်းအနားကို ဒီကနေ့နံနက်ပိုင်းက မန္တလေး-ပြင်ဦးလွင် မိုင်တိုင်(၁၉/၁)မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ နိုင်လွန်ကတ္တရာလမ်းခင်းတာကို B.O.T စနစ်နဲ့ ဆောင်ရွက်ထားတာဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဋ္ဌာနနဲ့ ORIENTAL HIGHWAY ကုမ္ပဏီတို့က အကျိုးတူ ပူးပေါင်း ဆောင်ရွက်ခဲ့တာလည်း ဖြစ်ပါတယ်။ ” မန္တလေး – ပြင်ဦးလွင်လမ်း ပိုမိုကောင်းမွန်စေချင်ပါတယ်၊ မန္တလေးမြို့သစ်စီမံကိန်းက ပြင်ဉ်ီးလွင်မှာ လုပ်မှာဗျ ဒါဟာကျွန်တော်တို့အားလုံး အလုပ်အကိုင်ရှာဖွေ ဖန်တီးနိုင်သလို ၊ နှစ်ရှည်စီမံကိန်းတစ်ခုကို အကောင်အထည်ဖော်မှာ ဖြစ်တဲ့အတွက် အားလုံး စည်းကမ်းရှိမှဖြစ်မှာ၊ အားလုံးညီညွတ်မှဖြစ်မှာ ၊ အစိုးရပိုင်းက အဂတိ ကင်းရမယ်၊ ပြည်သူပိုင်းက စည်းကမ်းရှိရမယ်၊ စေတနာထား လုပ်မှသာ တိုင်းပြည်က ဖွံ့ဖြိုးတိုးတက်မှာ…
Read Moreလက်နက်ကြီးကျရောက်လို့ မြောက်ဦးမြို့မှာ နေအိမ်တစ်လုံးမီးလောင်ပြီး ဒေသခံအများအပြားဒဏ်ရာရရှိ
မြောက်ဦး၊ မတ် ၁၉-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ မနေ့ညက တပ်မတော်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ရွာဟောင်းတော ကျေးရွာမှာ နေအိမ်တစ်လုံးမီးလောင်ကျွမ်းသွားခဲ့ပြီး ဒေသခံ ၇ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ အဲ့ဒီပစ်ခတ်မှုမှာ မြောက်ဦးမြို့ အရှေ့ဘက် နှစ်မိုင်ခန့်အကွာမှာရှိတဲ့ ရွာဟောင်းကျေးရွာက ကလေးငယ်နှစ်ဦးအပါအဝင် ရွာသား ၆ ဦးနဲ့ မြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်တဲ့ အလယ်ဈေးရပ်ကွက်က အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ “စစ်တပ်ကပစ်နေတာတော့ တစ်နေ့ကစပြီး ကျွန်တော်တို့ရွာနားမှာ ပစ်ခတ်မှုတွေလုပ်နေပါတယ်။ ဘယ်တပ်ကပစ်တယ်ဆိုတာတော့မသိဘူး။ ရွာရဲ့တောင်ဘက်ကနေပစ်ခတ်နေတာပါ။ မနေ့ကည ၉ နာရီလောက်မှာ လက်နက်ကြီးကျည်တစ်လုံးရွာထဲကိုကျတယ်။ အိမ်တစ်ဆောင်မီးလောင်သွားတယ်။ ရွာသားတွေ ဒဏ်ရာရကြပါတယ်။”လို့ ကျေးရွာသားတစ်ဦးကပြောပါတယ်။ အဲ့ဒီပစ်ခတ်မှုဟာ မနေ့ကညနေပိုင်းမှာ မြောက်ဦးမြို့ရဲ့မြောက် ကျောက်ရာဇ်ကေရပ်ကွက်ကို တပ်မတော်က ကားလေးစီးနဲ့ ဝင်ရောက်လာခဲ့ပြီး စတင်ပစ်ခတ်ခဲ့ကြတာဖြစ်ပြီးတော့ ည ၉ နာရီလောက်မှာ ရွာဟောင်းတောကျေးရွာကို လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့တာဖြစ်ပါတယ်။ “ဒဏ်ရာရတာကတော့ ရွာဟောင်းတောရွာက…
Read Moreအားလုံးအကျုံးဝင် ပညာရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၅၄ သန်းထောက်ပံ့မယ်
ရန်ကုန် ၊ မတ် ၁၈ TGH ပညာရေးဝန်ကြီးဌာနကဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံရဲ့ အားလုံးအကျုံးဝင် ပညာရေးစီမံကိန်းအတွက် သြစတေးလျနိုင်ငံအပါအ၀င် ဒိန်းမတ်နိုင်ငံ နဲ့ ဖင်လန်နိုင်ငံ အစိုးရ တို့က ထပ်ဆောင်းရန်ပုံငွေအဖြစ် အမေရိကန် ဒေါ်လာ ၅၄ သန်းထောက်ပံ့ပေးသွားမယ်လို့ ဒီကနေ့ မတ်လ ၁၈ ရက်နေ့မှာ ကမ္ဘာ့ဘဏ်ကနေ ထုတ်ပြန်လိုက်ပါတယ်။ “သြစတေးလျနိုင်ငံအနေနဲ့ ဒီစီမံကိန်းရဲ့ ကောင်းမွန်တဲ့ ဆောင်ရွက်မှုအပေါ်အားရမှုရှိလို့ ခုလိုထပ်ဆောင်းရန်ပုံ ငွေဖြည့်တင်းပေးနိုင်တာဖြစ်ပါတယ်၊ဒီလိုပံ့ပိုးကူညီပေးတာက ပဋိပက္ခဒေသက ကလေးငယ်တွေအပါအ၀င် မြန်မာနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ကလေးငယ်တွေအတွက် အခြေခံပညာရေးကိုပိုမိုလက်လှမ်းမီစေနိုင်မှာဖြစ်တယ်” လို့ သြစတေးလျ သံအမတ်ကြီး Ms.Andrea Faulker ကပြောပါတယ်။ လက်ရှိအချိန်မှာ အဲ့ဒီစီမံကိန်းကနေ အမေရိကန် ဒေါ်လာ ၈၈.၅ သန်းအသုံးပြုခဲ့ပြီး ပြည်တွင်းမှာရှိတဲ့ ပြည်နယ်နဲု့တိုင်း အသီးသီးက အခြေခံပညာသင်ကျောင်းတွေ ၊ ဘုန်းတော်ကြီးသင် စာသင်ကျောင်းတွေကို ရန်ပုံငွေခွဲဝေပေးခဲ့သလို ဆင်းရဲနွမ်းပါးပြီး ကျောင်းထွက်လုနီးပါးဖြစ်နေတဲ့ ကလေးတွေအတွက်…
Read Moreမြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုပြီးတဲ့အခါ အရင်ကထက် ၀န်ဆောင်မှု ပိုကောင်းမှာဖြစ်လို့ လက်မှတ်ဈေးနူန်းအပြောင်းလဲရှိနိုင်
ရန်ကုန် ၊မတ် ၁၈ TGH (VOM) ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းအဆင့်မြှင့်တင်နေတာတွေ အားလုံး ပြီးဆုံးတဲ့အခါ ဂျပန်နိုင်ငံကအသစ်ဝယ်ယူထားတဲ့ DEMU တွဲဆိုင်း တွေကို အစားထိုးပြေးဆွဲမှာဖြစ်ပြီး ဒီလိုပြေးဆွဲတဲ့အခါ အရင်ကထက် ၀န်ဆောင်မှုပိုင်း ပိုကောင်းမွန်လာမှာဖြစ်တာကြောင့်လက်မှတ်ခတွေလည်း အပြောင်းအလဲ ရှိနိုင်တယ်လို့ မြန်မာ့မီးရထား(အောက်မြန်မာပြည်ရုံး)ကနေ သိရပါတယ်။ “ဒီလမ်းပိုင်းကြီးတစ်ခုလုံး ပြီးသွားပြီဆိုရင် ရထားတွဲဆိုင်းတွေကအစ ဂျပန်နိုင်ငံက အသစ်ဝယ်ယူထားတဲ့ တွဲဆိုင်းတွေနဲ့ ပြေးဆွဲပေးသွားမယ်။ အရင်တုန်းက တွဲဆိုင်း ၆၆ ဆိုင်းဝယ်ယူမယ်လို့ ပြောထားတာ။ အခုက ဘတ်ဂျက်အနေအထားအရ ၆၄ ဆိုင်းပဲဝယ်နိုင်တော့တယ်။ အရင်ထက် facility ပိုကောင်းသွားမှာ ဖြစ်တဲ့အတွက် လက်မှတ်နှုန်းထားခကတော့ သူ့ဈေးနဲ့သူ အပြောင်းအလဲတော့ ရှိမှာပါ၊အဆင်မြှင့်တင်မှုတွေပြီးမှပဲ တွဲဆိုင်းတွေက ပြည်တွင်းကိုရောက်မှာဖြစ်တယ်” လို့ မြန်မာ့မီးရထား(အောက်မြန်မာပြည်ရုံးမှ) အထွေထွေမန်နေဂျာ ဦးဘမြင့်က ပြောပါတယ်။ လက်ရှိမှာတော့ မြို့ပတ်ရထားလမ်းပိုင်းရဲ့ အနောက်ဘက်ခြမ်းကို စတင်ဆောင်ရွက်နေပြီး မင်္ဂလာဒုံဘူတာကနေ ပုရွက်ဆိတ်ကုန်းဘူတာအထိကို…
Read MoreSMS Voting စနစ်ရပ်ဆိုင်းပြီး မဲပေးခဲ့တဲ့သူတွေကိုလည်း ပိုက်ဆံပြန်လည်ပေးပို့မယ်
ရန်ကုန် ၊ မတ် ၁၈ TGH( VOM) အနုပညာရှင်အချို့နဲ့ပရိသတ်တွေရဲ့ ဆန္ဒအတိုင်း SMS Voting စနစ်ကိုရပ်ဆိုင်းကြောင်းနဲ့ Voting ပေးခဲ့ပြီးသူတွေအတွက်ပေးပို့ထားတဲ့ဖုန်းနံပါတ်အလိုက် အော်ပရေတာကနေ ငွေပြန်လည်ပေးပို့သွားမယ်လို့ Star Awards ဆုရွေးချယ်ရေးကော်မတီက ဒီကနေ့မှာ တရားဝင်ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ Voting စနစ်က Star Awards ပွဲမှာ ချီးမြှင့်မယ့်Popular Award ၊ People’s Choice Award တွေအတွက်လုပ်ခဲ့တာဖြစ်ပြီး ဒီစနစ်ကြောင့် အနုပညာရှင်တချို့ နူတ်ထွက်မှုတွေလည်း ရှိခဲ့ပါတယ်။ ဒီလိုနူတ်ထွက်မှုတွေဖြစ်ပေါ်ပြီး ဒီကနေ့မှာတော့ voting စနစ်ကို အပြီးတိုင်ရပ်စဲလိုက်ပြီလို့ ကြေငြာခဲ့တာပဲဖြစ်ပါတယ်။ ခုလို SMS Voting အစီအစဉ်ထည့်သွင်းခဲ့တာဟာ ကိုယ်ကြိုက်နှစ်သက်တဲ့အနုပညာရှင်ကိုတစ်ခါမက voteအရေအတွက်ပေးနိုင်ဖို့သာဖြစ်ပြီး ငွေကြေးအကျိုးအမြတ် ရလိုမှုအတွက်အဓိကမဟုတ်ဘူးလို့ လည်း ရေးသားဖော်ပြထားပါတယ်။ ခုချိန်မှာတော့ ပရိသတ်ရဲ့ရာနှုန်းပြည့်ပေးမှုနဲ့ ရရှိမယ့် People Choice Award…
Read Moreချင်းပြည်နယ်မှာ ရင်းနှီးမြှုပ်နှံသူတွေကို ဝင်ငွေခွန်ကင်းလွတ်ခွင့်အပြင် မြေငှားရမ်းခွင့်ပါအကန့်အသတ်မရှိခွင့်ပြုမယ်
ရန်ကုန် ၊မတ် ၁၈ TGH (VOM) ချင်းပြည်နယ်မှာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မယ်ဆိုပါက အဲဒီလုပ်ငန်းရှင်တွေအတွက်ကို ဝင်ငွေခွန်ကင်းလွတ်ခွင့်အပြင် မြေငှားရမ်းခွင့်ကိုပါ အကန့်အသတ်မရှိ ခွင့်ပြုပေးမယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှူးဦးစီးဌာနကနေ သိရပါတယ်။ “ချင်းပြည်နယ်က အလားအလာကောင်းတွေအများကြီးရှိပေမယ့် ရင်းနှီးမြှုပ်နှံမှုဝင်တာ နည်းသေးတယ်။ သေသေချာချာ ဘယ်သူမှ သိပ်မသိကြဘူး။ အဲ့ဒီမှာ ခရီးသွားကဏ္ဍဆိုရင် အများကြီး ဖွံ့ဖြိုးတိုးတက်ဖို့ရှိတယ်။ဒါကြောင့် ဒီချင်းပြည်နယ်မှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ခရီးသွားကဏ္ဍ၊ စိုက်ပျိုးရေးနဲ့မွေးမြူရေး၊ ရေအားလျှပ်စစ်တွေ ရှိတယ်။ အဲဒီကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် အဓိကဖိတ်ခေါ်ထားတယ်။ ရင်းနှီးမြှုပ်နှံသူတွေ လာဖို့အတွက် အများကြီးလုပ်ရတယ်။ ဝင်ငွေခွန်တွေ ကင်းလွတ်ခွင့်ပေးထားတယ်။ အခွန်သက်သာခွင့်ပေါ့။ မြေငှားရမ်းခွင့်ဆိုရင် နိုင်ငံခြားသားကို နှစ် (၅၀) ပြီးတော့မှ သက်တမ်းတိုးပေးတယ်။ တစ်ခါတိုးရင် ၁၀ နှစ် နှစ်ကြိမ်တိုးပေးတယ်။ ဒါကျတော့နှစ် ၇၀ ထက်ပိုတယ်။ ၈၀ လည်းဖြစ်နိုင်သလို ၉၀ လည်းဖြစ်နိုင်တယ်”လို့ ရင်းနှီးမြှုပ်နှံမှုနှင့်…
Read More