အရေးပေါ်လူနာသယ်ဆောင်လာသည့်ကားကို စစ်တပ်ကဖမ်းဆီး လူ ၁၀ ဦးပျောက်နေ မြောက်ဦး၊ မတ် ၁၃-၂၀၁၉ ခိုင်လင်းစံ (VOM) မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာက လူနာတစ်ဦးကို မြောက်ဦးဆေးရုံသို့ပို့ဆောင်ဖို့ မနေ့ကယူဆောင်လာချိန်မှာ ခလရ ၅၄၀ နယ်မြေခံတပ်ရင်းက မြောက်ဦးမြို့နယ် ချောင်းသစ်ကျေးရွာနားမှာ ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ အဲ့ဒီလူနာမှာ အသက် ၂၃ နှစ်အရွယ် မောင်လှမောင်ဝင်းဆိုသူ ဖြစ်ပြီး ငှက်ဖျားရောဂါအသည်းအသန်ဖြစ်ပွားနေပြီး သတိလစ်နေတဲ့အတွက် နီးစပ်ရာကျေးရွာတစ်ရွာဖြစ်တဲ့ ကျောင်းတောင်ကျေးရွာ လူမှုကူညီရေးအသင်းကို အကူအညီတောင်းပြီး မြောက်ဦးဆေးရုံကို ပို့ဆောင်ပေးခဲ့ကြတာဖြစ်ပါတယ်။ “ငှက်ဖျားရောဂါဖြစ်နေတဲ့ လှမောင်ဝင်းဟာ စိုးရိမ်ရတဲ့အတွက် မနေ့ကညနေပိုင်းက သူနေတဲ့ သဘောက်စာ တဲစုကနေ သွားယူပြီးတော့ ကျောင်းတောင် လူမှုကူညီရေးသင်းက လိုက်ပို့ပေးတာပါ။ အဲ့ဒါကို ချောင်းသစ်ရွာအလွန်မှာ တပ်ကနေဖမ်းဆီးသွားတာဖြစ်ပါတယ်။”လို့ ကျေးရွာသားတစ်ဦးကပြောပါတယ်။ အဲ့ဒီဖမ်းဆီးခံရသူတွေထဲမှာ ကျောင်းတောင်လူမှုကူညီရေးအသင်းက ဦးမောင်ထွန်း ဦးစိုးစိုးနိုင် ဦးမောင်စောထွန်း (၃၃) နှစ် ၊ ကိုဇော်မင်းထွန်း (၂၀)…
Read MoreMonth: March 2019
ဗီဇာကဒ်တွေကို လူတန်းစားမရွေးအသုံးပြုဖို့ရည်ရွယ်ခဲ့ပေမယ့် တကယ့်လက်တွေ့မှာ အကြွေးဝယ်ကဒ်ရယူဖို့ အခက်အခဲတွေရှိနေ
ရန်ကုန် ၊ မတ် ၁၃ TGH (VOM) Visa card တွေကို လူတန်းစားမရွေးသုံးစွဲနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံမှာ ချိတ်ဆက်ခဲ့ပေမယ့် တကယ့်လက်တွေ့မှာတော့ Credit Card ရယူဖို့ ဘဏ်တွေကိုလျှောက်တဲ့အခါ အဆင်မပြေမှု အခက်အခဲတွေ ဖြစ်ပေါ်နေပြီး အခြေခံလူတန်းစားတွေ အသုံးမပြုနိုင်သေးဘူး လို့ ဗီဇာကဒ်လျှောက်ထားသူ အချို့ကပြောဆိုပါတယ်။ ဒီလို အကြွေးဝယ်ကဒ်လျှောက်ထားတဲ့အခါ အဆင်မပြေတာတွေ ၊ အခက်အခဲတွေကြုံတွေ့ရတာဟာ အကြွေးဝယ်ကဒ်ဖြစ်တာအပြင် အကြွေးဝယ်ကဒ်ဖြစ်လို့ ဘဏ်အနေနဲ့ လိုအပ်တဲ့အချက် အလက်တွေကို တောင်းခံတာမျိုးရှိသလို နိုင်ငံရဲ့အခြေအနေ အရ ဥပဒေဘောင်အတွင်းကနေ ဗဟိုဘဏ်မှ ချမှတ်ထားတာတွေကို လိုက်နာရတာတွေရှိတာကြောင့် အကြွေးဝယ်ကဒ်လျှောက်ထားတဲ့ အခါ လတ်တလော အခက်အခဲရင်ဆိုင်နေရတာဖြစ်နိုင်ကြောင်းနဲ့ ၄င်းကဒ်အတွက် အခက်အခဲရှိပါက debit card ကို ရွေးချယ်သုံးစွဲနိုင်တယ်လို့ Visa Myanmar ရဲ့ Country Manager ဖြစ်သူ Lilian…
Read Moreသင်္ကြန်မှာ ယဉ်ကျေးမှုထိန်းတာနည်းလာကြတယ်ဆိုတဲ့ ဇော်ဝင်းထွဋ်
ရန်ကုန် မတ် ၁၃-၂၀၁၉ သင်းသဒ္ဒါ ရော့ခ်ဂီတနဲ့ ပရိသတ်ကို ခုချိန်ထိဆွဲဆောင်နိုင်ခဲ့တဲ့ အဆိုရှင်ကြီး ဇော်ဝင်းထွဋ်ကတော့ ခုနောက်ပိုင်း သင်္ကြန်တွေမှာ ယဉ်ကျေးမှုထိန်းတာနည်းလာကြတယ်လို့ဆိုပါတယ်။ ”သင်္ကြန် သီချင်းတွေကို အဆင့်အတန်းတစ်ခုနဲ့ သီချင်းတွေ ထွက်ဖို့တော့ လိုတာပေါ့။သင်္ကြန်ကတော့ အပျော်ပဲကွာ။ စာသားတွေကလည်း ကိစ္စမရှိဘူး နောက်ပြောင်တာဖြစ်မယ်။ နောက် အဓိပ္ပါယ်အမျိုးမျိုး ထွက် တာတွေလည်း ရှိမယ်။ တစ်ယောက်နဲ့ တစ်ယောက်နောက်ပြောင်နဲ့ စာသားတွေလည်း ဖြစ်မယ်။ ဒီအပေါ်မူတည်ပြီးတော့ သီချင်းစာသားတွေ ဖန်တီးရင်တော့ မှားသွားမှာပေါ့”လို့ ဆိုပါတယ်။ ၂၀၁၉ မဟာသင်္ကြန်အတွက် ရည်ရွယ်ပြီးတော့ နာမည်ကြီးအဆိုတော် ၅ ဦးဖြစ်တဲ့ ဇော်ဝင်းထွဋ် ၊Rဇာနည်၊ ရင်ဂို၊ ဝေလ ၊ လင်းလင်း၊ စည်သူလွင်တို့က သီဆိုထားက ပါဝင်တဲ့” နွေနတ်သမီး ” Summer Angel သင်္ကြန်သီချင်းခွေကို မနေ့ကထွက်ရှိခဲ့ပါတယ်။ မြန်မာ့ရိုးရာသင်္ကြန် ပတ်သက်ပြီး…
Read Moreဗဟိုဘဏ်အနေနဲ့ ခေတ်နှင့်မလျော်ညီတော့တဲ့ ငွေအကြွေတချို့ကို တရားဝင်သုံးစွဲခွင့် ရုပ်သိမ်းသင့်
ရန်ကုန် ၊ မတ် ၁၃ TGH (VOM) အခုခေတ် လူမှုအသိုင်းအဝိုင်း ပြည်သူတွေအကြားမှာ ငွေကြေးသုံးစွဲတဲ့အခါ ခေတ်နဲ့လျော်ညီမှုမရှိတော့တဲ့ ငွေစက္ကူအကြွေတွေကို ဗဟိုဘဏ်အနေနဲ့ တရားဝင်ဖျက်သိမ်းသင့်တယ်လို့ ပြည်သူတချို့က ဝေဖန်အကြံပြုပြောဆိုခဲ့တယ်။ ဒါနဲ့ပတ်သက်ပြီး ဗဟိုဘဏ်ရဲ့ သတင်းနဲ့လုံခြုံရေးဌာနက တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက ဘဏ်အနေနဲ့ တရားဝင်သုံးစွဲခွင့်ဖျက်သိမ်းထားတဲ့ငွေအကြွေ ၇၅ ကျပ်တန် ၂၅ကျပ်တန် ၃၅ ကျပ်တန်တွေသာရှိကြောင်း၊ ကျန်တဲ့ ၁ ကျပ်တန်ကအစ အကြွေတွေဟာ ဗဟိုဘဏ်ရဲ့ တရားဝင်သုံးစွဲလျက်ရှိတဲ့ငွေစက္ကူထဲမှာပါဝင်တာကြောင့် နေရာတိုင်းမှာသုံးစွဲခွင့်ပြုတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒီလိုပြောဆိုတဲ့အပေါ် ပြည်သူတစ်ဦးဖြစ်သူ ဦးထွန်းထွန်းနိုင်က “တရားဝင် သုံးစွဲခွင့်ရှိတယ်ဆိုတာ မှန်ပါတယ်။တကယ်တမ်းသုံးစွဲတဲ့အခါမှာကျ ဘယ်လိုမှအဆင်မပြေနိုင်ဘူး။ငွေနှစ်ရာပြည့်ဖို့တောင် ၅ကျပ်တန်ကို အရွက် ၄၀ ကိုင်ရမယ်။ ဒီနေ့ခေတ်အနေနဲ့ ဘယ်လိုမှ အဆင်မပြေတဲ့အနေထားဖြစ်တယ်။ဒီတော့ ဒါတွေကို ဗဟိုဘဏ်အနေနဲ့ သုံးစွဲခွင့် ရပ်လိုက်သင့်တယ်။ပြီးရင် ငွေအကြွေလဲချင်တဲ့သူတွေကို ဘဏ်မှာ ရက်တခုသတ်မှတ်ပြီးပြန်လဲလှယ်ပေး၊ ဘယ်သူမှလည်း လဲမယ်မထင်ပါဘူး၊အားလုံးက ကိုယ်ငယ်ငယ်ထဲကသုံးတာ…
Read Moreစစ်တွေမြို့နယ်မှာ နေအိမ်မီးလောင်မှုကြောင့် လူဦးရေ ၅၀ နီးပါးအိုးမဲ့အိမ်မဲ့ဖြစ်နေ
စစ်တွေ၊ မတ် ၁၃-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်းက ဒါးပိုင်မူဆလင်ကျေးရွာမှာ မတ်လ ၁၂ ရက်နေ့ မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက် နေအိမ် ၇ လုံးပျက်စီးဆုံးရှုံးခဲ့ရပြီး လူဦးရေ ၄၇ ဦးတို့မှာ အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။ အဲ့ဒီမီးလောင်မှုမှာ ဒါးပိုင်ကျေးရွာနေ ဦးရော်ဖီနေထိုင်တဲ့ ဆိုင်ခန်းကနေ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ထမင်းချက်ပြုဖို့အတွက် မီးမွေးထားတဲ့မီးဖိုကနေ ဝါးထရံကိုကူးစက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။ “မီးလောင်တာက မနေ့က မနက် ၈ နာရီလောက်မှာ စလောင်တာပါ။ နေအိမ် ၇ လုံးဆုံးရှုံးသွားတယ်။ လူနေတဲ့ဈေးဆိုင်ခန်းကနေ ထမင်းချက်တဲ့မီးဖိုက စလောင်တာပါ။ ပေါ့ဆမီးဖြစ်ပါတယ်။”လို့ မီးသတ်ဦးစီးဌာနကပြောပါတယ်။ မီးလောင်မှုကြောင့် မီးဘေးဒုက္ခသည် အိမ်ထောင်စုပေါင်း ၇ စုမှ အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၂၈ ဦးတို့အား ယာယီတဲတွေနဲ့နေရာချထားမှုတွေ ပြုလုပ်ပေးထားတာဖြစ်ပါတယ်။ “မီးလောင်သွားတဲ့နေအိမ်တွေက မိသားစုတွေကတော့…
Read MoreBoeing 737 Max လေယာဉ်အသုံးပြုမှု အီးယူနဲ့ နိုင်ငံအချို့ ယာယီရပ်ဆိုင်း
ဘရပ်ဆယ်၊ မတ် ၁၂-၂၀၁၉ မျိုးဆက်(VOM) ခရီးသည်တွေရဲ့ ဘေးကင်းလုံခြုံမှု သေချာစေဖို့အတွက် ဗြိတိန်အပါအ၀င် ဥရောပသမဂ္ဂဟာ Boeing 737 Max ခရီးသည်တင်လေယာဉ်နဲ့ ပြေးဆွဲပျံသန်းတာတွေကို တားမြစ်လိုက်ပါတယ်။ မတ် ၁၀ ရက်က အီသီယိုပီးယားလေကြောင်းလိုင်း လေယာဉ်တစ်စင်းပျက်ကျမှုကြောင့် လိုက်ပါလာသူ ၁၅၇ ဦးသေဆုံးပြီးနောက် ဥရောပသမဂ္ဂက ယခုလို တားမြစ်လိုက်တာဖြစ်ပါတယ်။ ဒီမတော်တဆမှုဟာ Boeing 737 Max လေယာဉ်အမျိုးအစားတွေနဲ့ပတ်သက်ပြီး ငါးလအတွင်း ဒုတိယအကြိမ်မြောက် အသေအပျောက်ဖြစ်ခဲ့တဲ့ မတော်တဆမှုဖြစ်ပါတယ်။ အမေရိကန်တာဝန်ရှိသူတွေကတော့ ဒီလေယာဉ်တွေဟု ပြေးဆွဲဖို့ လုံခြုံစိတ်ချရတယ်လို့ ပြောဆိုထားပြီး အမေရိကန် လေကြောင်း အစည်းအရုံးကတော့ ပြေးဆွဲမှုတွေ ယာယီရပ်ဆိုင်းထားဖို့ တိုက်တွန်းထားပါတယ်။ အိန္ဒိယနိုင်ငံမြို့ပြလေကြောင်း ပို့ဆောင်ရေး ၀န်ကြီးဌာနကလည်း အဆိုပါလေယာဉ်အမျိုးအစားတွေနဲ့ ပျံသန်းပြေးဆွဲတာတွေကို ချက်ချင်းရပ်ဆိုင်းဖို့ ကြေညာခဲ့သလို ဗြိတိန်နိုင်ငံ မြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့ကလည်း ပျံသန်းမှုရပ်ဆိုင်းဖို့ ယမန်နေ့အစောပိုင်းကကြေညာခဲ့ပါတယ်။ အီသီယိုပီးယား လေယာဉ်မတော်တဆမှုဖြစ်ပြီးနောက်…
Read Moreတိုင်းအစိုးရကနေ မြေနေရာပေးရင် တန်ဖိုးနည်းအိမ်ရာတွေ ဆောက်လုပ်ပေးမယ်
မတ် ၁၂-၂၀၁၉ သစ်တော် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က မြေနေရာစီစဉ်ပေးရင် ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေအနေနဲ့ တန်ဖိုးနည်း အိမ်ရာတွေကို ဆောက်လုပ်ပေးမယ်လို့ လုပ်ရေးလုပ်ငန်းရှင်အချို့ကပြောပါတယ်။တန်ဖိုးနည်းအိမ်ရာတွေ တည်ဆောက်မယ်ဆိုရင် အစိုးရအနေနဲ့ မြေတန်ဖိုးကို သုညရာခိုင်နှုန်းအထိ ချပေးနိုင်တယ်လို့ (၂၄) ကြိမ်မြောက် ဒုတိယသမ္မတ(၁) နှင့် စီးပွား ရေးလုပ်ငန်းရှင်တွေ တွေ့ဆုံပွဲမှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားတာရှိပါတယ်။ ၊ရန်ကုန်မြို့တော်ည်ပင်သာယာရေးကော်မတီ ၊ ကော်မတီဝင်လောင်း ဦးစိုးမင်းဦးပြောပြတာကတော့ ”အိုးမဲ့အိမ်မဲ့ ၊ ကျုးကျော်တွေအတွက်ဆို အစိုးရက မြေနေ ရာခွင့်ပြုပေးဖို့ဘဲလိုတာ။ ကျွန်တော်ကိုယ်တိုင်လဲ ကန်ထ ရိုက်ဖြစ်တဲ့အတွက် ကျွန်တော်တို့လို အိမ်ရာဆောက်လုပ် မယ့် ကန်ထရိုက်တွေအများကြီးရှိတယ်။ လုပ်ချင်တဲ့သူ တွေအများကြီး ၊အစိုးရကမြေသာပေးလိုက်။ ကျွန်တော်တို့ ကအိမ်ယာဖော်ဆောင်ဖို့အလွယ်တကူ ဖြစ်သွားမယ်။ ဒီလို ဖော်ဆောင်လိုက်ရင် အိုးမဲ့အိမ်မဲ့ တွေကင်းသွားမယ်။ အနည်းဆုံးတော့နေထိုင်ဖို့ ကအဆင်ပြေမှာပါ။ ရန်ကုန်တိုင်းဝန်ကြီးချုပ်ကမြေနေရာကို ဇီးရိုး အထိတောင်ချပေး…
Read More“ဆက်ပက် ” သင်္ကြန်သီချင်းနဲ့ပတ်သက်ပြီး သီဆိုသူ ကျော်ကျော်နန္ဒတောင်းပန်
ရန်ကုန် မတ် ၁၃- ၂၀၁၉ သင်းသဒ္ဒါ အွန်လိုင်းပေါ်မှာ ပရိသတ်ဝေဖန်မှုတွေ ခံနေရတဲ့ “ဆက်ပက်” သင်္ကြန်သီချင်းနဲ့ပတ်သက်ပြီးတော့ မတ် ၁၆ ရက် နံနက်ပိုင်းမှာ အဆိုတော် ကျော်ကျော်နန္ဒတောင်းပန်သွားမယ်လို့ ဆိုပါတယ်။ ” မြန်မာနိုင်ငံမှာနေပြီး သီချင်းတွေရဲ့ စာသားတွေ ဒီလိုအဝတ်အစားတွေ မဝတ်သင့်ဘူး။ပျော်ကြပါးကြတဲ့ သင်္ကြန်ကာလမှာ ရေကို ဆက်တိုက် ဆက်ပက်ကြပါ။ ညစ်ညမ်းတဲ့စကားမဟုတ်ပါဘူး။လွဲမှားနီးစပ်ရာ အဓိပ္ပါယ်ကို ယူပြီးတော့ တွေးပြီးပြောကြတယ်။ Online ပေါ်မှာ Hero ဖြစ်တာလည်း ဒီစာသားနဲ့ ဖက်ရှင်ပိုင်းကြောင့်ပါ။ ဘယ်သူမှ မဝတ်သေးတဲ့ ဖက်ရှင်ကိုလည်း ချပြလိုက်တယ်။ပရိသတ်ကို တောင်းပန်မယ် အသစ်တစ်ယောက်အနေနဲ့ လက်ခံပေး ကြပါလို့ ပြောချင်ပါတယ်။ကျွန်တော် ဘက်ကလည်း ဂီတပိုင်းရော ဖက်ရှင်ပိုင်းပါ ဆင်ခြင် သွားမှာပါ”လို့ ဆိုပါတယ်။ သူကတော့ လွန်ခဲ့ ၁၀ နှစ်ထဲက အနုပညာနဲ့ ပတ်သက်တဲ့ သရုပ်ဆောင်အပြင် တစ်ပိုယ်တော်…
Read Moreမိုးထိမိုးမိ ရွှေကြွေးကျန်ကိစ္စ တရားမကြောင်းအရ တရားစွဲဆိုထား
နေပြည်တော်၊မတ်လ(၁၂) ဒီပ(နေပြည်တော်) မတ်လ(၁၂)ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အမှတ်(၂) သတ္ထုတွင်း ၀န်ကြီးဌာနက ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်တဲ့ ဦးသံဒိုင်က မိုးထိမိုးမိ ရွှေလုပ်ကွက်(A)နဲ့ပတ်သက်ပြီး ကုမ္ပဏီတာဝန်ရှိသူတွေကို ရွှေကြွေးကျန် ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီးတော့ အနုညာတ စီရင်ဆုံးဖြတ်ခြင်းမလိုတဲ့ အတွက်ကြောင့် တရားမကြောင်းအရ တရားစွဲဆိုရခြင်းဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။ “ကုမ္ပဏီဘက်ကတော့ အနုညာတ စီရင်ပိုင်ခွင့်ကို ၀န်ကြီးဌာနဘက် တောင်းဆိုထားတာ မရှိပါဘူး စာချုပ်ထဲမှာတော့ ချုပ်ဆိုထားတာရှိတယ် ပြီးတော့ ကုမ္ပဏီဘက်က အခြားနေရာတွေကို တောင်းဆိုထားမှု၊ ၀န်ကြီးဌာနကို တင်ပြထားမှုနဲ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ထားမှုအပေါ်မှာ မူတည်ပြီးတော့ ပြည်ထောင်စု ရှေ့နေချုပ်ရုံးကနေ ပြန်လည်တောင်းခံပြီးတော့ ဒီကိစ္စဟာ စာချုပ်အငြင်းပွားတဲ့ ကိစ္စမှသာ လုပ်ရတဲ့အရာ ဖြစ်တာကြောင့် စာချုပ်ကို ဖောက်ဖျက်ခြင်းဖြစ်တဲ့အတွက် အနုညာတ စီရင်ဆုံးဖြတ်ခြင်း မလိုပါဘူးလို့ ပြန်လည်အကြောင်းပြန်ခြင်း…
Read Moreမြန်မာနိုင်ငံထဲကို ၀က်အပြင်းဖျားရောဂါမ၀င်ရောက်နိုင်ဖို့ တင်သွင်းမှုတွေကန့်သတ်
မတ် ၁၂ -၂၀၁၉ TGH ( VOM) မြန်မာနိုင်ငံထဲကို အာဖရိက ၀က်အပြင်းဖျားရောဂါကူးစက်ဝင်ရောက်မှု မရှိစေဖို့ အတွက် ၄င်းရောဂါဖြစ်ပွားနေတဲ့ တရုတ်နိုင်ငံအပါအ၀င် တခြားနိုင်ငံအချို့ကနေ ၀က်နဲ့ ဆက်စပ် ပစ္စည်းတင်သွင်းမှုကန့်သတ်ထားသလို တရားမ၀င်လမ်းကြောင်းတွေကနေ ၀င်ရောက်မှု မရှိစေဖို့ကိုလည်း လုပ်ဆောင်နေတယ်လို့သိရပါတယ်။ ဒီလိုကန့်သတ်ထားမှုနဲ့ပတ်သက်ပြီး စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းရေးဝန်ကြီးဌာန ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဘက်ကနေ မွေးမြူရေးလုပ်ငန်းအတွက် ၀က်သားပေါက်တင်သွင်းခွင့်ပြုဖို့ အဆိုပြုချက်တစ်ခု ဆွေးနွေးတောင်းဆိုထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောပါတယ်။ “ ရောဂါမရှိတဲ့နိုင်ငံတွေကနေ မွေးမြူရေးလုပ်ငန်းအတွက် အဓိကဖြစ်တဲ့ ၀က်သားပေါက်တင်သွင်းခွင့်ပြုဖို့ စိုက် / မွေး ဘက်ကနေ ဆွေးနွေးတောင်းဆိုထားတယ်။ အကြမ်းဖျင်း ဆွေးနွေးတဲ့ အတွင်းဝန်ခြင်း ပူးပေါင်းအစည်းအဝေးမှာပေါ့။ တစ်ဖက်နိုင်ငံက ရောဂါကင်းရှင်းကြောင်း အသိအမှတ်ပြုလက်မှတ်တောင်းတယ် ပြီးရင် စစ်ဆေးမှုတွေလည်း လုပ်မယ်ပေါ့။ဒါလည်းဆွေးနွေးမှုတွေလုပ်ရအုံးမှာပါ။သူတို့ပြောတာက ပြည်တွင်းမှာက ၀က်သားပေါက်တွေကို…
Read More