ရန်ကုန် မတ် ၂၈- ၂၀၁၉ သင်းသဒ္ဒါ စာရေးဆရာမကြီး ဒေါ်ခင်ဆွေဦး အသက် (၈၇)နှစ်ကတော့ လူကြီးရောဂါနဲ့ မတ်၂၇ ရက် ညပိုင်း ၁၀နာရီ ၁၅မိနစ်အချိန်က ဆည်းဆာရိပ်ဂိလာန ဘိုးဘွားရိပ်သာမှာ ကွယ်လွန်သွားခဲ့ပါတယ်။ ”ဆရာမကြီးကတော့ လူကြီးရောဂါနဲ့ ညက ဆုံးသွားတာပါ။ လူကြီးရောဂါ ဖြစ်နေတာကတော့ ၅ လကျော် ၆ လလောက်ရှိပါပြီ ။ကျွန်မတို့  မြန်မာနိုင်ငံမှာက စာရေးဆရာကြီးကတော့ ဘယ်လိုမှတန်ဖိုးဖြတ်လို့ မရပါဘူး။ သူ့ရဲ့ စာဖတ်ပရိသတ်တွေအတွက် စာကောင်းပေကောင်းတွေလည်း အများကြီးပေးခဲ့ပါတယ်။ဒေါ်ခင်ဆွေဦး ပတ်သက်ပြီး လူတိုင်းက နှမြောတသ ယူကြုံးမရတော့ ဖြစ်ကြတာပေါ့။ခေတ်အဆက်ဆက်မှာလည်း ခေတ် ရဲ့ ပုံရိပ်တွေကို ထင်ဟပ်စေတဲ့ စာတွေရေးဖွဲ့ ခဲ့တယ်။သူရဲ့ နဂိုစိတ်အနေအထားကလည်း အတော်ကို အေးချမ်းပါတယ်။အရာရာကိုလည်း အကောင်းမြင်ဝါဒနဲ့ ကြည့်တတ်ပါတယ်။ အင်မတန် တန်ဖိုးဖြတ်မရတဲ့ ဆုံးရှုံးမှုပါပဲ”လို့ စာရေးဆရာမ ဒေါ်သန်းမြင့်အောင် ဆိုပါတယ်။…
Read MoreMonth: March 2019
လစ်ဗျားကမ်းလွန်မှာ ကုန်တင်သင်္ဘောတစ်စင်းကို ရွှေ့ပြောင်းနေထိုင်သူတွေ ပြန်ပေးဆွဲ
ထရီပိုလီ ၊ မတ်၂၈-၂၀၁၉ မျိုးဆက်(VOM) လစ်ဗျားကမ်းလွန်မှာ ရွှေ့ပြောင်းနေထိုင်တွေကို ကယ်ဆယ်လိုက်တဲ့ ကုန်တင်သင်္ဘောတစ်စင်းကို ပြန်ပေးဆွဲပြီး မော်လ်တာနိုင်ငံသို့ ဦးတည်ခုတ်မောင်းဖို့ သင်္ဘောမှုထမ်းများကို အမိန့်ပေးစေ ခိုင်းလိုက်ကြပါတယ်။ သူတို့ကို ကယ်ဆယ်ပြီး လစ်ဗျားနိုင်ငံကို ပြန်လည်ပို့ဆောင်မယ်လို့ သင်္ဘောအမှုထမ်းတွေက ပြောဆိုပြီးနောက် သင်္ဘောကိုပြန်ပေးဆွဲလိုက်ကြတာလို့ သင်္ဘောပေါ်မှာ လိုက်ပါလာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကပြောပါတယ်။ အဲဒီသင်္ဘောပေါ်မှာတော့ ရွှေ့ပြောင်းနေထိုင်သူ ၁၀၀ကျော်လိုက်ပါသွားကြပါတယ်။ မော်လ်တာနိုင်ငံက သူတို့ရဲ့ ရေပိုင်နက်အတွင်း အဲဒီသင်္ဘောကို ၀င်ရောက်ခွင့်ပြုမှာမဟုတ်ဘူးလို့ မော်လ်တာစစ်ဘက်ကပြောပါတယ်။ သင်္ဘောပြန်ပေးဆွဲသူတွေကို ပင်လယ်ဓါးပြတွေအဖြစ် အီတလီ ဒုတိယ၀န်ကြီးချုပ် မာတီအိုဆယ်ဗီနီ ကဝေဖန်ပြောဆိုလိုက်ပါတယ်။ မြေထဲပင်လယ်အတွင်း ရေတပ်ကင်းလှည့်တာတွေကို ဥရောပသမဂ္ဂက အဆုံးသတ်ဖို့ လုပ်ဆောင် နေချိန်မှာဘဲ ဒီလို ပြန်ပေးဆွဲမှုဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ဒီလို ရေတပ်ကင်းလှည့်တဲ့ စစ်ဆင်ရေးကို အီတလီနိုင်ငံရဲ့ တောင်းဆိုလို့ စက်တင်ဘာလအတွင်းက ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်တာလို့ ဥရောပသမဂ္ဂက ဆိုပါတယ်။ ဒီစစ်ဆင်ရေးဟာ လူမှောင်ခိုမှုတွေကို တားဆီးဖို့နဲ့…
Read Moreအခြေခံစပါးဈေးနှုန်းအသစ်ကို ဧပြီလဆန်းပိုင်းမှာ ထုတ်ပြန်ကြေငြာပေးမယ်
ရန်ကုန် ၊ မတ် ၂၈ VOM(TGH) စပါးတွေ ပေါ်ချိန်ရောက်ခါနီးပြီဖြစ်တဲ့အတွက် အခြေခံစပါးဈေးနှုန်းအသစ်ကို လာမယ့် ဧပြီလဆန်းပိုင်းမှာ ထုတ်ပြန်ပေးသွားဖို့ရှိတယ်လို့ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ကနေသိရပါတယ်။ ဒီလိုဈေးနှုန်းသတ်မှတ်ရာမှာ တောင်သူလယ်သမားတွေရဲ့ စိုက်ပျိုးထုတ်လုပ်တဲ့ကုန်ကျစရိတ် ၊ နိုင်ငံတကာဈေးနှုန်း ၊ ငွေလဲလှယ်ဈေးနှုန်း စတာတွေနဲ့ တွက်ချက်ပြီး အားလုံး အဆင်ပြေမယ့် အခြေခံစပါးဈေးနှုန်းကို သတ်မှတ်ထုတ်ပြန်တာဖြစ်ပါတယ်။ ဒီနှစ်အတွက် စပါးဈေးနှုန်းအသစ်ကိုလည်း မကြာခင်ကြေငြာပေးနိုင်ဖို့အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာနကနေ တရားဝင်စာတင်ပြထားပြီးဖြစ်တယ်လို့သိရပါတယ်။ “နိုင်ငံတော်ဘက်ကိုတော့တင်ပြထားတယ်။နောက်ဆုံးအဆင့်တော့ရောက်ပြီ။ တောင်သူလယ်သမားတွေအကျိုးစီးပွားဖြစ်အာင် ၊ ကုန်သည်တွေလည်းမနစ်နာအောင် ချိန်ဆနေရ တယ်။ အကုန်လုံးတွက်ချက်ရတယ်။ အားလုံးတော့တင်ပြထားတယ်။သူတို့က ထုတ်ပြန်ပါ ဆိုတာနဲ့ထုတ်ပြန် ရမှာဖြစ်ပါတယ်။ဘယ်လောက်နှုန်းထားဖြစ်မလဲဆိုတာကတော့ တင်ပြထားဆဲဖြစ်လို့ ပြောဖို့အဆင်မပြေ သေးဘူး။ထုတ်ပြန်မှပဲ တရားဝင်ကြေငြာပေးပါမယ်။ဒီလို ဈေးနှုန်းထပ်ပြီးမကြေငြာခင်မှာ တချို့ကလည်း မထုတ်ပြန်နိုင်သေးဘူးလာဆိုပြီးမေးတယ် တချို့ကလည်း ဈေးကိုဆွဲချချင် လို့မထုတ်ပြန်သေးတဲ့အပေါ် ကောလဟာလွင့်တယ်။ဈေးနှုန်းက နှစ်အတွင်းသတ်မှတ်ထားတာမဟုတ်ပေမယ့်လည်း သီးနှံရာသီပြည့်နေတဲ့အချိန် မထုတ်ပြန်နိုင်သေးတဲ့အချိန်တွင်းမှာ ထုတ်ပြန်ထားပြီးသား အခြေခံဈေးနှုန်းလေးအတိုင်းဆက်ဝယ်ပေးဖို့ ထုတ်ပြန်ထားပါတယ်”လို့ …
Read Moreပြည်တွင်းမွေးမြူရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး နိုင်ငံတော်ကစိတ်ဝင်စားမှုအားနည်းနေ
ရန်ကုန် ၊ မတ် ၂၇ TGH(VOM) နိုင်ငံတော်အနေနဲ့ ပြည်တွင်းမွေးမြူရေးလုပ်ငန်းတွေနဲ့ပတ်သက်လို့ စိတ်ဝင်စားမှုအားနည်းနေတာကြောင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့ အများကြီးအားယူရမဲ့အခြေနေဖြစ်နေတယ်လို့ ဧရာဝတီတိုင်း ပုဇွန်မွေးမြူရေးနဲ့ထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်ဇော်ကပြောပါတယ်။ “၂၀၁၅ လောက်မှာ နိုင်ငံတော်သမ္မတအပါ တိုင်းဝန်ကြီးချုပ်ထိပါ အစီရင်ခံစာတင်ပြဖူးတယ်။တွေ့လည်းတွေ့ခဲ့တယ်။ထုတ်ကုန်အမယ်အသစ် နိုင်ငံခြားဝင်ငွေရှာလို့ရတာမျိုးပေါ့ ရေလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရေးကြီးတဲ့အကြောင်းအရာကိုတင်ပြတယ်။ဒါပေမဲ့နိုင်ငံတော်ကစိတ်ဝင်စားမှုအားနည်းတယ်။အဆောက်အဦးဆောက်ဖို့လောက်ပဲ စိတ်ဝင်စားနေတယ်။အမှန်ကရေလုပ်ငန်းဖွံ့ဖြိုးရင် နိုင်ငံခြားဝင်ငွေက ရှာလို့အကောင်းဆုံးပဲ။အများကြီးရှာလို့ရတယ်။ဥပမာ အာတီးမီးယားနဲ့ပတ်သက်လို့တက္ကသိုလ်တွေကိုမေးမယ်ဆိုရင် မသိတာကဆိုးတယ်။နိုင်ငံတော်ကမပံပိုးပေးနိုင်သေးဘူး။အခွန်ပဲကောက်ပြီး ပံ့ပိုးမှုကြဘာမှမရှိတော့ ကြာတော့စိတ်ဓာတ်ကျမိတယ်”လို့ ပြောပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းထက် မွေးမြူရေးလုပ်ငန်းတွေကသာ ဝင်ငွေအများဆုံးရှာနိုင်တာဖြစ်တာကြောင့် ပြည်တွင်းမွေးမြူရေးကဏ္ဍဖွံ့ဖြိုးဖို့မှာ နိုင်ငံတော်ကနေ ပံပိုးမှုအဖြစ် သက်သာတဲ့ဈေးနူန်းတွေနဲ့ စက်ယန္တရားတွေကိုငှါးရမ်းပေးဖို့လိုအပ်နေတယ်လို့ ပြောပါတယ်။ လပွတ္တာ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ရဲ့ ဦးစီးဌာနမှူး ဦးသက်ဦး(ယာယီ တွဲဖက်)”နိုင်ငံတကာက အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပေးနေပါတယ်။နိုင်ငံတော်အနေနဲ့က ဘတ်ဂျက်က မလုပ်ပေးနိုင်သေးဘူးပေါ့။နည်းပညာတွေ အရင်းအနှီးတွေ လိုအပ်ချက်တွေရှိနေသေးတယ်”လို့ ပြောပါတယ်။ မြန်မာနိုင်ရဲ့ ရေထွက်ပစ္စည်း…
Read Moreထိုင်းအတိုက်အခံပါတီ ခုနှစ်ပါတီ ညွှန့်ပေါင်းဖွဲ့၊ အောက်လွှတ်တော်မှာ ၂၅၅ နေရာအနိုင်ရနိုင်
ဗန်ကောက်၊ မတ်၂၇-၂၀၁၉ မျိုးဆက် (VOM) အငြင်းပွားဖွယ် ထိုင်းနိုင်ငံရွေးကောက်ပွဲပြီးနောက် အတိုက်အခံပါတီ ခုနှစ်ပါတီက ဒီမိုကရက်တစ်တပ်ဦး ညွှန့်ပေါင်းအဖွဲ့ကို မတ် ၂၇ ရက်မှာ ဖွဲ့စည်းလိုက်ပြီး ၎င်းတို့ဟာ အောက်လွှတ်တော်မှာ အမတ်နေရာအများစုအနိုင်ရတယ်လို့ အခိုင်အမာဆိုပါတယ်။ စစ်တပ်က ငါးနှစ်ကြာအုပ်ချုပ်ပြီးနောက် အစိုးရတစ်ရပ်ပြောင်းလဲဖွဲ့စည်းရေး ၎င်းတို့မှာ ကြိုးစားခွင့်ရှိတယ်လို့ အတိုက်အခံညွှန့်ပေါင်းအဖွဲ့က ပြောပါတယ်။ ဒါပေမယ့် စစ်အစိုးရက ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်ပေါင်းပြီး ၀န်ကြီးချုပ်တစ်ဦးရွေးချယ်ပိုင်ခွင့်ကိုတော့ အတိုက်အခံညွှန့်ပေါင်းအဖွဲ့က ဆုံးရှုံးရဖွယ်ရှိနေပါတယ်။ မေလမှာ ထိုင်းဘရင်သစ်ရဲ့ ရာဇဘိသိတ်ခံဖို့အတွက် ပြင်ဆင်နေတဲ့ ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တင်းမာမှုတွေ မြင့်တက်လာနိုင်ပါတယ်။ အာဏာသိမ်းခေါင်းဆောင် ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာကလည်း သူရဲ့ ၀န်ကြီးချုပ်ရာထူး ရည်မှန်းချက်ကို လက်လွှတ်ဖွယ်ရှိမနေပါဘူး။ အတိုက်အခံညွှန့်ပေါင်းအဖွဲ့ကတော့ သူတို့ဟာ အောက်လွှတ်တော်မှာ အမတ်နေရာ ၂၅၅ နေရာအထိ အနည်းဆုံးအနိုင်ရရှိလိမ့်မယ်လို့ ဖြူထိုင်းပါတီရဲ့…
Read Moreဇာတ်လမ်းတွဲတွေကို သေချာစဉ်းစားပြီးမှာ လက်ခံတော့မယ့် စံရတီမိုးမြင့်
ရန်ကုန် မတ် ၂၇ -၂၀၁၉ သင်းသဒ္ဒါ ပရိသတ် အချစ်တော် သရုပ်ဆောင် စံရတီမိုးမြင့်ကတော့ ဇာတ်လမ်းတွဲတွေကို သေချာစဉ်းစားပြီးမှ လက်ခံတော့မယ်လို့ ဆိုပါတယ်။ ရိုက်ထားတဲ့ ရုပ်သံဇာတ်လမ်းတွဲက လွှင့်နေပါပြီ။ ပြီးတော့ ကြော်ငြာတွေ မဂ္ဂဇင်း တွေအတွက် အလှပုံတွေ ရိုက်ဖြစ်နေ ပါတယ်။ နောက်ပိုင်းဇာတ်လမ်းတွဲ ရိုက်ဖို့ လာကမ်းလှမ်းတာတွေ ရှိပေမယ့် အချိန်အများကြီးပေးရလို့ သေချာ စဉ်းစားပြီးမှပဲ လက်ခံသွားဖို့ ရှိပါ တယ်။ဒီနှစ်ထဲမှာ ရုပ်ရှင်ကားကြီး လည်း ရုံတင်ဖို့ ရှိပါတယ် လို့ပြောပါတယ်။ ”သဲသဲတို့ အရင်တုန်းကတော့ မင်းသား၊ မင်းသမီးတိုင်းက တစ်လကို ၄ ၊၅ ကားရိုက်ကြရတယ်။ဘယ်လို ဇာတ်ပဲဖြစ်ဖြစ် ရိုက်ကြတယ်။ အခု နောက်ပိုင်းတော့ အကုန်လုံးက သေချာပြန်ချုံ့လိုက်ပြီးတော့ အရေ အတွက်ထက် အရည်အသွေးကို ပိုပြီး ဦးစားပေးလာတာတွေ့ရတယ်။ အရင်ကလိုတစ်လ သုံး…
Read Moreဗင်နီဇွဲလားမှာ လျှပ်စစ်မီးအကြီးအကျယ်ပြတ်တောက်မှု တစ်လအတွင်း ဒုတိယအကြိမ်ဖြစ်ပွား
ကရာကတ်စ်၊ မတ်၂၇-၂၀၁၉ မျိုးဆက် (VOM) နိုင်ငံရေးဆိုင်ရာအကြပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ဗင်နီဇွဲလားနိုင်ငံမှာ မတ် ၂၆ ရက်က တစ်လအတွင်း ဒုတိယအကြိမ် လျှပ်စစ်အကြီးအကျယ်ပြတ်တောက်မှုဖြစ်ပေါ်ခဲ့တာကြောင့် စာသင်ကျောင်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ ပိတ်ထားလိုက်ရပါတယ်။ တိုက်ခိုက်မှုတစ်ခု လုပ်ဆောင်တာကြောင့် ဒီလို လျှပ်စစ်အကြီးအကျယ်ပြတ်တောက်တာဖြစ်တယ်လို့ သမ္မတ မာဒူရိုရဲ့ ဗင်နီဇွဲလား အစိုးရက ပြောဆိုထားပြီး ဗင်နီဇွဲလားရဲ့ ကြားဖြတ်သမ္မတအဖြစ် အမေရိကန် အသိအမှတ်ပြုထားတဲ့ အတိုက်အခံဂွိုင်ဒိုကတော့ ဒါဟာ လျှပ်စစ်ဆိုင်ရာ အခြေခံအဆောက်အဦအားနည်းတာတွေကို ဖြေရှင်းမပေးနိုင်လို့ ဖြစ်ရတယ်လို့ ဆိုပါတယ်။ ဒါဟာ မတ်လအတွင်းမှာ ဒုတိယအကြိမ်လျှပ်စစ်အကြီးအကျယ်ပြတ်တောက်ခဲ့တာဖြစ်ပြီး မတ် ၂၅ ရက်ညကတည်းက ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတွေက ဖော်ပြပါတယ်။ ဒီလိုလျှပ်စစ်ပြတ်တောက်တာကြောင့် မီးရထားသယ်ယူပို့ဆောင်ရေးတွေလည်း ရပ်ဆိုင်းသွားတာကြောင့် ကရာကတ်စ်ရဲ့ လမ်းမတွေပေါ်မှာ လူထောင်ပေါင်းများစွာ လမ်းလျှောက်ခဲ့ကြရတယ်လို့ ဆိုပါတယ်။ မတ်လ ၇ ရက်ကလည်း ဗင်နီဇွဲလားနိုင်ငံရဲ့ ပြည်နယ် ၂၃…
Read Moreတစ်ပတ်အတွင်း ရခိုင်ပြည်နယ်အတွင်းမှာ စစ်ဘေးရှောင်ဦးရေ ၈၀၀၀ လောက်တိုးလာ
စစ်တွေ၊ မတ် ၂၇-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်အတွင်းမှာ လက်ရှိဖြစ်ပွားနေတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် မတ်လတတိယအပါတ်အတွင်း မှာ စစ်ဘေးရှောင်ဦးရေ ၈၀၀၀ လောက်အထိ တိုးလာခဲ့တာဖြစ်ပါတယ်။ အဲ့ဒီစစ်ဘေးရှောင်တွေဟာ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ကျောက်တော်မြို့နယ်တွေက ဒေသခံကျေးရွာသား တွေဖြစ်ကြပြီး ကျေးရွာအတွင်းကို လက်နက်ကြီးကျရောက်တာတွေ၊ လေယာဉ်နဲ့တိုက်ခိုက်တာတွေကြောင့် ကြောက်ရွံ့ပြီး ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးရောက်ရှိလာခဲ့ကြတာဖြစ်ပါတယ်။ “ရသေ့တောင်၊ ဘူးသီးတောင်၊ မြောက်ဦး၊ မင်းပြားမြို့နယ်တွေမှာ အခုရက်ပိုင်းအတွင်းမှာ တိုက်ခိုက်တာတွေရှိနေတယ်။ ဒါကြောင့် ကျေးရွာသားတွေက ကြောက်ရွံ့ပြီးတော့ ရွာမှာမနေရဲတဲ့အတွက် ထွက်ပြေးလာခဲ့ကြပါတယ်။ ပြီးခဲ့တဲ့တစ်ပတ် အတွင်းမှာ စစ်ဘေးရှောင်ဦးရေက ၈၀၀၀ လောက်အထိမြင့်တက်ခဲ့တာပါ။”လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းကပြောပါတယ်။ ပြီးခဲ့တဲ့လက ရခိုင်ပြည်နယ်အတွင်းက မြို့နယ်ငါးမြို့နယ်အတွင်းမှာ စစ်ဘေးရှောင်ဦးရေ ၁၀၀၀၀ ကျော်သာရှိခဲ့ပေမယ့် မတ်လအတွင်းမှာ စစ်ဘေးဒဏ်ခံရတဲ့မြို့နယ် ခြောက်ခုအထိတိုးလာခဲ့ပြီး စစ်ဘေးရှောင်ဦးရ ၂၁၇၀၀ နီးပါးအထိ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။…
Read Moreနယ်စပ်ကနေ အိန္ဒိယနိုင်ငံ အတွင်း ကုန်စည်တင်ပို့မှု အိန္ဒိယနိုင်ငံက ပိတ်ပင်တဲ့အတွက် ကုန်ပစ္စည်းတွေ ပိတ်မိနေ
ရိခေါဒါရ် မတ်လ ၂၇ မြန်မာ-အိန္ဒိယ နယ်စပ် ချင်းပြည်နယ် ရိခေါဒါရ်မြို့ နဲ့ အိန္ဒိယနိုင်ငံ မိဇိုရမ်ပြည်နယ် ဇိုခေါထာရ်ကျေးရွာ နယ်စပ် ကနေ ပုံမှန်တင်ပို့နေကျ နယ်စပ်ကုန်ပစ္စည်းတွေကို အိန္ဒိယနိုင်ငံဖက် ကနေပြီးတော့ ပိတ်ထားတာကြောင့် ကုန်ပစ္စည်းတွေ ပိတ်မိနေတယ်လို့ နယ်စပ်ကုန်သည်တွေ ဆီကနေ သိရပါတယ်။ မိဇိုရမ်ပြည်နယ် ဇိုခေါထာရ်ကျေးရွာ မှာ ရှိတဲ့ ကုန်စည်ပို့ဆောင်ရေး အဖွဲ့နဲ့ ကျန်ဖိုင်းမြို့မှာ ရှိတဲ့ ကုန်စည်ပို့ဆောင်ရေး ယာဉ်လိုင်းတို့အကြား အပြန်အလှန် အငြင်းပွားမှု ဖြစ်ပွားရာကနေ ဇိုခေါထာရ်ကျေးရွာမှာ ရှိတဲ့ ကုန်စည်ပို့ဆောင်ရေးအဖွဲ့ကနေပြီးတော့ မြန်မာဖက်ကနေ ၀င်လာတဲ့ ကုန်စည်တွေကို ဇိုခေါထာရ်ကနေ ကျန်ဖိုင်းကို ဆက်မပို့ဖို့နဲ့ ကျန်ဖိုင်းကနေ ဇိုခေါထာရ်ကို ဖြတ်ပြီး မြန်မာဖက်ခြမ်းကို ၀င်လာမယ့် ကုန်တင်ကားတွေကို ဖြတ်သန်းလာရောက်တာတွေ မလုပ်ဖို့ မတ်လ ၂၅ ရက်နေ့က စတင် တားမြစ်ခဲ့တာကြောင့် အခုလို ပိတ်သွားတာ…
Read Moreအွန်လိုင်းကနေ ခင်မင်ခဲ့သူကို သွားရောက်တွေ့ဆုံခဲ့တဲ့ အမျိုးသမီး ရွှေထည်ပစ္စည်းတွေ လုယက်ခံရ
စစ်ကိုင်း မတ် ၂၆-၂၀၁၉ မောင်တာရာ(VOM) စစ်ကိုင်းမြို့မှာ အွန်လိုင်းကနေ ခင်မင်ခဲ့သူကို သွားရောက်တွေ့ဆုံခဲ့တဲ့ အမျိုးသမီးရဲ့ ရွှေထည်ပစ္စည်းတွေ လုယက်ခံမှုဖြစ်ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သူကို အခုလ ၂၅ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကိုင်းမြို့မရဲစခန်းက သိရပါတယ်။ အမရပူရမြို့နယ်နေ မ××××၊ ၂၄နှစ်မှာ အခုလ ၉ ရက်နေ့ မနက်(၆)နာရီ အချိန်ခန့်မှာ လူမှုကွန်ယက်စာမျက်နှာမှာ ခင်မင်ရင်းနှီးခဲ့တဲ့ ဝက်လက်မြို့နယ်၊ကမ်းဖြူကျေးရွာနေ ထက်နေအောင် (ခ)ထက်မြတ်အောင်၊ ၂၇နှစ်ဆိုသူကနေ တွေ့ဆုံလိုကြောင်း ပြောတဲ့ အတွက် မန္တလေးမြို့ရှိ စွယ်တော်ဘုရားမှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ အဲလို သွားရောက် တွေ့ဆုံတဲ့အခါမှာ ထက်နေအောင် (ခ)ထက်မြတ်အောင်က စစ်ကိုင်းဘက်ကို ဘုရားဖူးသွားဖို့  ပြောဆိုခေါ်ဆောင်ခဲ့တဲ့ အတွက် မ×××× က ထက်နေအောင်(ခ)ထက်မြတ်အောင်ရဲ့ ဆိုင်ကယ်နဲ့ လိုက်ပါလာခဲ့ရာမှာ စစ်ကိုင်းမြို့၊ တင်းတိပ်ရပ်ကွက် ကောင်းမှုတော်ဘုရားမြောက်ဘက်အနီး ရောက်ရှိတဲ့ အခါ ထက်နေအောင်(ခ)…
Read More