ဇာတ်လမ်းတွဲတွေကို သေချာစဉ်းစားပြီးမှာ လက်ခံတော့မယ့် စံရတီမိုးမြင့်

 

ရန်ကုန် မတ် ၂၇ -၂၀၁၉

သင်းသဒ္ဒါ

ပရိသတ် အချစ်တော် သရုပ်ဆောင် စံရတီမိုးမြင့်ကတော့ ဇာတ်လမ်းတွဲတွေကို သေချာစဉ်းစားပြီးမှ လက်ခံတော့မယ်လို့ ဆိုပါတယ်။ ရိုက်ထားတဲ့ ရုပ်သံဇာတ်လမ်းတွဲက လွှင့်နေပါပြီ။ ပြီးတော့ ကြော်ငြာတွေ မဂ္ဂဇင်း တွေအတွက် အလှပုံတွေ ရိုက်ဖြစ်နေ ပါတယ်။ နောက်ပိုင်းဇာတ်လမ်းတွဲ ရိုက်ဖို့ လာကမ်းလှမ်းတာတွေ ရှိပေမယ့် အချိန်အများကြီးပေးရလို့ သေချာ စဉ်းစားပြီးမှပဲ လက်ခံသွားဖို့ ရှိပါ တယ်။ဒီနှစ်ထဲမှာ ရုပ်ရှင်ကားကြီး လည်း ရုံတင်ဖို့ ရှိပါတယ် လို့ပြောပါတယ်။

”သဲသဲတို့ အရင်တုန်းကတော့ မင်းသား၊ မင်းသမီးတိုင်းက တစ်လကို ၄ ၊၅ ကားရိုက်ကြရတယ်။ဘယ်လို ဇာတ်ပဲဖြစ်ဖြစ် ရိုက်ကြတယ်။ အခု နောက်ပိုင်းတော့ အကုန်လုံးက သေချာပြန်ချုံ့လိုက်ပြီးတော့ အရေ အတွက်ထက် အရည်အသွေးကို ပိုပြီး ဦးစားပေးလာတာတွေ့ရတယ်။ အရင်ကလိုတစ်လ သုံး လေး ကား ရိုက်တာမျိုးမဟုတ်တော့ အိုက် တင်က မထပ်တော့ဘူး။ အရင်ကလိုတစ်လ သုံး လေး ကား ရိုက်တာမျိုးမဟုတ်တော့ အိုက် တင်က မထပ်တော့ဘူး။ အခုဆို သုံး လေး ကားလောက် ရိုက်တဲ့သူတွေကို သတိထားကြည့်။အစပိုင်းမှာ မသိသာပေမဲ့ သုံးလေးကားလောက်မှာ သိသာလာ တယ်လေ။အဲဒါကြောင့် အခုနောက် ပိုင်းဇာတ်လမ်းတွဲတွေရိုက်ရင် အိုက်တင်မထပ်အောင် အသစ်တွေကို ခေါ်တာပေါ့”လို့ဆိုပါတယ်။

သူမကတော့ ၂၀၁၉ မှာဖက်ရှင်နဲ့ပတ်သက်ပြီးတော့ Classic ဘက်သွားတဲ့ပုံစံမျိုး ကို သဘောကျတယ်။မိန်းမဆန်တဲ့ပုံစံ လေးတွေကို ပိုသဘောကျနေတယ်။ အဲဒါကတော့ သဲရဲ့အသက်အရွယ်နဲ့ ဆိုင်မယ်ထင်တယ်။ အရင်ကတော့ ပွဲတက်ဆို T- Shirt နဲ့လည်းတက် လိုက်တာပဲလေ။ အခုကျတော့ အဲလို မဟုတ်တော့ဘူး။ နည်းနည်း Classic ဖြစ်ပြီး မိန်းမဆန်တဲ့ပုံစံမျိုးတွေကို သဘောကျနေပါတယ်။ သဲက ဆယ်ကျော်သက်အရွယ်မဟုတ်တော့ ဘူးဆိုတော့ လူကြီးလိုဝတ်စားပြင် ဆင်ဖြစ်တယ်လို့ ဆိုပါတယ်။ ”သဲ ပွဲတက်ဝတ်စုံကို sexy ဆန် အောင်တစ်ခါမှတော့ မဝတ်ဖူးသေးပါ ဘူး။သဲကိုယ် တိုင်က မလှဘူးထင်လို့ အဲဒါမျိုး မဝတ်ဖြစ်ပေမဲ့၊ လှတဲ့သူတွေ ဝတ်ကြတာကိုလည်း သဲက မဝေဖန်ပါ ဘူး”လို့ ဆိုပါတယ်။

ဓါတ်ပုံ- စံရတီမိုးမြင့် ဖေ့စ်ဘွတ်ခ်

#voiceofmyanamr #အနုပညာ #စံရတီမိုးမြင့် #ဇာတ်လမ်းတွဲ

Related posts

✕
VOM News

FREE
VIEW