ထိုင်းအတိုက်အခံပါတီ ခုနှစ်ပါတီ ညွှန့်ပေါင်းဖွဲ့၊ အောက်လွှတ်တော်မှာ ၂၅၅ နေရာအနိုင်ရနိုင်

    ဗန်ကောက်၊ မတ်၂၇-၂၀၁၉ မျိုးဆက် (VOM) အငြင်းပွားဖွယ် ထိုင်းနိုင်ငံရွေးကောက်ပွဲပြီးနောက် အတိုက်အခံပါတီ ခုနှစ်ပါတီက ဒီမိုကရက်တစ်တပ်ဦး ညွှန့်ပေါင်းအဖွဲ့ကို မတ် ၂၇ ရက်မှာ ဖွဲ့စည်းလိုက်ပြီး ၎င်းတို့ဟာ အောက်လွှတ်တော်မှာ အမတ်နေရာအများစုအနိုင်ရတယ်လို့ အခိုင်အမာဆိုပါတယ်။ စစ်တပ်က ငါးနှစ်ကြာအုပ်ချုပ်ပြီးနောက် အစိုးရတစ်ရပ်ပြောင်းလဲဖွဲ့စည်းရေး ၎င်းတို့မှာ ကြိုးစားခွင့်ရှိတယ်လို့ အတိုက်အခံညွှန့်ပေါင်းအဖွဲ့က ပြောပါတယ်။ ဒါပေမယ့် စစ်အစိုးရက ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်ပေါင်းပြီး ၀န်ကြီးချုပ်တစ်ဦးရွေးချယ်ပိုင်ခွင့်ကိုတော့ အတိုက်အခံညွှန့်ပေါင်းအဖွဲ့က ဆုံးရှုံးရဖွယ်ရှိနေပါတယ်။ မေလမှာ ထိုင်းဘရင်သစ်ရဲ့ ရာဇဘိသိတ်ခံဖို့အတွက် ပြင်ဆင်နေတဲ့ ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တင်းမာမှုတွေ မြင့်တက်လာနိုင်ပါတယ်။ အာဏာသိမ်းခေါင်းဆောင် ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာကလည်း သူရဲ့ ၀န်ကြီးချုပ်ရာထူး ရည်မှန်းချက်ကို လက်လွှတ်ဖွယ်ရှိမနေပါဘူး။ အတိုက်အခံညွှန့်ပေါင်းအဖွဲ့ကတော့ သူတို့ဟာ အောက်လွှတ်တော်မှာ အမတ်နေရာ ၂၅၅ နေရာအထိ အနည်းဆုံးအနိုင်ရရှိလိမ့်မယ်လို့ ဖြူထိုင်းပါတီရဲ့…

Read More

ဇာတ်လမ်းတွဲတွေကို သေချာစဉ်းစားပြီးမှာ လက်ခံတော့မယ့် စံရတီမိုးမြင့်

  ရန်ကုန် မတ် ၂၇ -၂၀၁၉ သင်းသဒ္ဒါ ပရိသတ် အချစ်တော် သရုပ်ဆောင် စံရတီမိုးမြင့်ကတော့ ဇာတ်လမ်းတွဲတွေကို သေချာစဉ်းစားပြီးမှ လက်ခံတော့မယ်လို့ ဆိုပါတယ်။ ရိုက်ထားတဲ့ ရုပ်သံဇာတ်လမ်းတွဲက လွှင့်နေပါပြီ။ ပြီးတော့ ကြော်ငြာတွေ မဂ္ဂဇင်း တွေအတွက် အလှပုံတွေ ရိုက်ဖြစ်နေ ပါတယ်။ နောက်ပိုင်းဇာတ်လမ်းတွဲ ရိုက်ဖို့ လာကမ်းလှမ်းတာတွေ ရှိပေမယ့် အချိန်အများကြီးပေးရလို့ သေချာ စဉ်းစားပြီးမှပဲ လက်ခံသွားဖို့ ရှိပါ တယ်။ဒီနှစ်ထဲမှာ ရုပ်ရှင်ကားကြီး လည်း ရုံတင်ဖို့ ရှိပါတယ် လို့ပြောပါတယ်။ ”သဲသဲတို့ အရင်တုန်းကတော့ မင်းသား၊ မင်းသမီးတိုင်းက တစ်လကို ၄ ၊၅ ကားရိုက်ကြရတယ်။ဘယ်လို ဇာတ်ပဲဖြစ်ဖြစ် ရိုက်ကြတယ်။ အခု နောက်ပိုင်းတော့ အကုန်လုံးက သေချာပြန်ချုံ့လိုက်ပြီးတော့ အရေ အတွက်ထက် အရည်အသွေးကို ပိုပြီး ဦးစားပေးလာတာတွေ့ရတယ်။ အရင်ကလိုတစ်လ သုံး…

Read More

ဗင်နီဇွဲလားမှာ လျှပ်စစ်မီးအကြီးအကျယ်ပြတ်တောက်မှု တစ်လအတွင်း ဒုတိယအကြိမ်ဖြစ်ပွား

  ကရာကတ်စ်၊ မတ်၂၇-၂၀၁၉ မျိုးဆက် (VOM) နိုင်ငံရေးဆိုင်ရာအကြပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ဗင်နီဇွဲလားနိုင်ငံမှာ မတ် ၂၆ ရက်က တစ်လအတွင်း ဒုတိယအကြိမ် လျှပ်စစ်အကြီးအကျယ်ပြတ်တောက်မှုဖြစ်ပေါ်ခဲ့တာကြောင့် စာသင်ကျောင်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ ပိတ်ထားလိုက်ရပါတယ်။ တိုက်ခိုက်မှုတစ်ခု လုပ်ဆောင်တာကြောင့် ဒီလို လျှပ်စစ်အကြီးအကျယ်ပြတ်တောက်တာဖြစ်တယ်လို့ သမ္မတ မာဒူရိုရဲ့ ဗင်နီဇွဲလား အစိုးရက ပြောဆိုထားပြီး ဗင်နီဇွဲလားရဲ့ ကြားဖြတ်သမ္မတအဖြစ် အမေရိကန် အသိအမှတ်ပြုထားတဲ့ အတိုက်အခံဂွိုင်ဒိုကတော့ ဒါဟာ လျှပ်စစ်ဆိုင်ရာ အခြေခံအဆောက်အဦအားနည်းတာတွေကို ဖြေရှင်းမပေးနိုင်လို့ ဖြစ်ရတယ်လို့ ဆိုပါတယ်။ ဒါဟာ မတ်လအတွင်းမှာ ဒုတိယအကြိမ်လျှပ်စစ်အကြီးအကျယ်ပြတ်တောက်ခဲ့တာဖြစ်ပြီး မတ် ၂၅ ရက်ညကတည်းက ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတွေက ဖော်ပြပါတယ်။ ဒီလိုလျှပ်စစ်ပြတ်တောက်တာကြောင့် မီးရထားသယ်ယူပို့ဆောင်ရေးတွေလည်း ရပ်ဆိုင်းသွားတာကြောင့် ကရာကတ်စ်ရဲ့ လမ်းမတွေပေါ်မှာ လူထောင်ပေါင်းများစွာ လမ်းလျှောက်ခဲ့ကြရတယ်လို့ ဆိုပါတယ်။ မတ်လ ၇ ရက်ကလည်း ဗင်နီဇွဲလားနိုင်ငံရဲ့ ပြည်နယ် ၂၃…

Read More

တစ်ပတ်အတွင်း ရခိုင်ပြည်နယ်အတွင်းမှာ စစ်ဘေးရှောင်ဦးရေ ၈၀၀၀ လောက်တိုးလာ

  စစ်တွေ၊ မတ် ၂၇-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်အတွင်းမှာ လက်ရှိဖြစ်ပွားနေတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် မတ်လတတိယအပါတ်အတွင်း မှာ စစ်ဘေးရှောင်ဦးရေ ၈၀၀၀ လောက်အထိ တိုးလာခဲ့တာဖြစ်ပါတယ်။ အဲ့ဒီစစ်ဘေးရှောင်တွေဟာ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ကျောက်တော်မြို့နယ်တွေက ဒေသခံကျေးရွာသား တွေဖြစ်ကြပြီး ကျေးရွာအတွင်းကို လက်နက်ကြီးကျရောက်တာတွေ၊ လေယာဉ်နဲ့တိုက်ခိုက်တာတွေကြောင့် ကြောက်ရွံ့ပြီး ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးရောက်ရှိလာခဲ့ကြတာဖြစ်ပါတယ်။ “ရသေ့တောင်၊ ဘူးသီးတောင်၊ မြောက်ဦး၊ မင်းပြားမြို့နယ်တွေမှာ အခုရက်ပိုင်းအတွင်းမှာ တိုက်ခိုက်တာတွေရှိနေတယ်။ ဒါကြောင့် ကျေးရွာသားတွေက ကြောက်ရွံ့ပြီးတော့ ရွာမှာမနေရဲတဲ့အတွက် ထွက်ပြေးလာခဲ့ကြပါတယ်။ ပြီးခဲ့တဲ့တစ်ပတ် အတွင်းမှာ စစ်ဘေးရှောင်ဦးရေက ၈၀၀၀ လောက်အထိမြင့်တက်ခဲ့တာပါ။”လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းကပြောပါတယ်။ ပြီးခဲ့တဲ့လက ရခိုင်ပြည်နယ်အတွင်းက မြို့နယ်ငါးမြို့နယ်အတွင်းမှာ စစ်ဘေးရှောင်ဦးရေ ၁၀၀၀၀ ကျော်သာရှိခဲ့ပေမယ့် မတ်လအတွင်းမှာ စစ်ဘေးဒဏ်ခံရတဲ့မြို့နယ် ခြောက်ခုအထိတိုးလာခဲ့ပြီး စစ်ဘေးရှောင်ဦးရ ၂၁၇၀၀ နီးပါးအထိ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။…

Read More

နယ်စပ်ကနေ အိန္ဒိယနိုင်ငံ အတွင်း ကုန်စည်တင်ပို့မှု အိန္ဒိယနိုင်ငံက ပိတ်ပင်တဲ့အတွက် ကုန်ပစ္စည်းတွေ  ပိတ်မိနေ

ရိခေါဒါရ် မတ်လ ၂၇ မြန်မာ-အိန္ဒိယ နယ်စပ် ချင်းပြည်နယ် ရိခေါဒါရ်မြို့ နဲ့ အိန္ဒိယနိုင်ငံ မိဇိုရမ်ပြည်နယ် ဇိုခေါထာရ်ကျေးရွာ နယ်စပ် ကနေ ပုံမှန်တင်ပို့နေကျ နယ်စပ်ကုန်ပစ္စည်းတွေကို အိန္ဒိယနိုင်ငံဖက် ကနေပြီးတော့  ပိတ်ထားတာကြောင့်  ကုန်ပစ္စည်းတွေ  ပိတ်မိနေတယ်လို့  နယ်စပ်ကုန်သည်တွေ ဆီကနေ သိရပါတယ်။ မိဇိုရမ်ပြည်နယ် ဇိုခေါထာရ်ကျေးရွာ မှာ ရှိတဲ့ ကုန်စည်ပို့ဆောင်ရေး အဖွဲ့နဲ့ ကျန်ဖိုင်းမြို့မှာ ရှိတဲ့ ကုန်စည်ပို့ဆောင်ရေး ယာဉ်လိုင်းတို့အကြား အပြန်အလှန် အငြင်းပွားမှု ဖြစ်ပွားရာကနေ ဇိုခေါထာရ်ကျေးရွာမှာ ရှိတဲ့ ကုန်စည်ပို့ဆောင်ရေးအဖွဲ့ကနေပြီးတော့ မြန်မာဖက်ကနေ ၀င်လာတဲ့ ကုန်စည်တွေကို ဇိုခေါထာရ်ကနေ ကျန်ဖိုင်းကို ဆက်မပို့ဖို့နဲ့ ကျန်ဖိုင်းကနေ ဇိုခေါထာရ်ကို ဖြတ်ပြီး မြန်မာဖက်ခြမ်းကို ၀င်လာမယ့် ကုန်တင်ကားတွေကို ဖြတ်သန်းလာရောက်တာတွေ မလုပ်ဖို့ မတ်လ ၂၅ ရက်နေ့က စတင် တားမြစ်ခဲ့တာကြောင့် အခုလို ပိတ်သွားတာ…

Read More
VOM News

FREE
VIEW