ဗင်နီဇွဲလားမှာ လျှပ်စစ်မီးအကြီးအကျယ်ပြတ်တောက်မှု တစ်လအတွင်း ဒုတိယအကြိမ်ဖြစ်ပွား

 

ကရာကတ်စ်၊ မတ်၂၇-၂၀၁၉

မျိုးဆက် (VOM)

နိုင်ငံရေးဆိုင်ရာအကြပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ဗင်နီဇွဲလားနိုင်ငံမှာ မတ် ၂၆ ရက်က တစ်လအတွင်း ဒုတိယအကြိမ် လျှပ်စစ်အကြီးအကျယ်ပြတ်တောက်မှုဖြစ်ပေါ်ခဲ့တာကြောင့် စာသင်ကျောင်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ ပိတ်ထားလိုက်ရပါတယ်။

တိုက်ခိုက်မှုတစ်ခု လုပ်ဆောင်တာကြောင့် ဒီလို လျှပ်စစ်အကြီးအကျယ်ပြတ်တောက်တာဖြစ်တယ်လို့ သမ္မတ မာဒူရိုရဲ့ ဗင်နီဇွဲလား အစိုးရက ပြောဆိုထားပြီး ဗင်နီဇွဲလားရဲ့ ကြားဖြတ်သမ္မတအဖြစ် အမေရိကန် အသိအမှတ်ပြုထားတဲ့ အတိုက်အခံဂွိုင်ဒိုကတော့ ဒါဟာ လျှပ်စစ်ဆိုင်ရာ အခြေခံအဆောက်အဦအားနည်းတာတွေကို ဖြေရှင်းမပေးနိုင်လို့ ဖြစ်ရတယ်လို့ ဆိုပါတယ်။

ဒါဟာ မတ်လအတွင်းမှာ ဒုတိယအကြိမ်လျှပ်စစ်အကြီးအကျယ်ပြတ်တောက်ခဲ့တာဖြစ်ပြီး မတ် ၂၅ ရက်ညကတည်းက ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတွေက ဖော်ပြပါတယ်။

ဒီလိုလျှပ်စစ်ပြတ်တောက်တာကြောင့် မီးရထားသယ်ယူပို့ဆောင်ရေးတွေလည်း ရပ်ဆိုင်းသွားတာကြောင့် ကရာကတ်စ်ရဲ့ လမ်းမတွေပေါ်မှာ လူထောင်ပေါင်းများစွာ လမ်းလျှောက်ခဲ့ကြရတယ်လို့ ဆိုပါတယ်။ မတ်လ ၇ ရက်ကလည်း ဗင်နီဇွဲလားနိုင်ငံရဲ့ ပြည်နယ် ၂၃ ခုလုံးမှာ လျှပ်စစ်ပြတ်တောက်ခဲ့ပြီး ဒီဖြစ်စဉ်ကြောင့် ရေဖြန့်ဝေမှုစနစ်တွေလည်း ရပ်ဆိုင်းခဲ့ရပါတယ်။

ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံကို ပစ်မှတ်ထားတိုက်ခိုက်လို့ ဒီလို လျှပ်စစ်ပြတ်တောက်ခဲ့ရတာလို့ ဗင်နီဇွဲလား ဆက်သွယ်ရေးဝန်ကြီး ဂျော်ဂီ ရိုဒရီဂွတ်က စွပ်စွဲပြောဆိုထားပြီး လျှပ်စစ်မီးအမြန်ဆုံးပြန်ရနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

Ref: UPI Photo : Reuters

#voiceofmyanmar #နိုင်ငံတကာသတင်း #ဗင်နီဇွဲယားနိုင်ငံ #လျှပ်စစ်မီး

Related posts

Leave a Comment

VOM News

FREE
VIEW