စာရေးဆရာမကြီးဒေါ်ခင်ဆွေဦး ကွယ်လွန်

ရန်ကုန် မတ် ၂၈- ၂၀၁၉

သင်းသဒ္ဒါ

စာရေးဆရာမကြီး ဒေါ်ခင်ဆွေဦး အသက် (၈၇)နှစ်ကတော့ လူကြီးရောဂါနဲ့ မတ်၂၇ ရက် ညပိုင်း ၁၀နာရီ ၁၅မိနစ်အချိန်က ဆည်းဆာရိပ်ဂိလာန ဘိုးဘွားရိပ်သာမှာ ကွယ်လွန်သွားခဲ့ပါတယ်။

”ဆရာမကြီးကတော့ လူကြီးရောဂါနဲ့ ညက ဆုံးသွားတာပါ။ လူကြီးရောဂါ ဖြစ်နေတာကတော့ ၅ လကျော် ၆ လလောက်ရှိပါပြီ ။ကျွန်မတို့  မြန်မာနိုင်ငံမှာက စာရေးဆရာကြီးကတော့ ဘယ်လိုမှတန်ဖိုးဖြတ်လို့ မရပါဘူး။ သူ့ရဲ့ စာဖတ်ပရိသတ်တွေအတွက် စာကောင်းပေကောင်းတွေလည်း အများကြီးပေးခဲ့ပါတယ်။ဒေါ်ခင်ဆွေဦး ပတ်သက်ပြီး လူတိုင်းက နှမြောတသ ယူကြုံးမရတော့ ဖြစ်ကြတာပေါ့။ခေတ်အဆက်ဆက်မှာလည်း ခေတ် ရဲ့ ပုံရိပ်တွေကို ထင်ဟပ်စေတဲ့ စာတွေရေးဖွဲ့ ခဲ့တယ်။သူရဲ့ နဂိုစိတ်အနေအထားကလည်း အတော်ကို အေးချမ်းပါတယ်။အရာရာကိုလည်း အကောင်းမြင်ဝါဒနဲ့ ကြည့်တတ်ပါတယ်။ အင်မတန် တန်ဖိုးဖြတ်မရတဲ့ ဆုံးရှုံးမှုပါပဲ”လို့ စာရေးဆရာမ ဒေါ်သန်းမြင့်အောင် ဆိုပါတယ်။

ဒေါ်ခင်ဆွေဦး (စာရေးဆရာမကြီး) ကို တော့ ဒီဇင်ဘာ ၁ရက်နေ့ ၁၉၃၃ ခုနှစ် မှာ စစ်ကိုင်းတွင်ဖွားမြင်ခဲ့ပြီးတော့ စာရေးဆရာကြီးမဟာဆွေ (ဦးဘဆွေ) နှင့် (ဒေါ်ကြည်ကြည်) တို့ရဲ့ မွေးချင်း ၂ယောက်ထဲက သမီး အကြီးလည်း ဖြစ်ပါတယ်။

၁၉၄၆ ခုနှစ်မှာ ခင်ဆွေဦး အမည်နဲ့ သံတော်ဆင့်သတင်းစာ ‘ကလေးကဏ္ဍ’ ဝတ္ထူတွေ ဆောင်းပါးတွေကို စတင်ရေးခဲ့တယ်လို့ သိရပါတယ်။၁၉၆၁ ခုနှစ်မှာ ‘တို့တိုင်းဌာနီ’ ပထမဆုံးလုံးချင်းဝတ္ထူကိုလည်း ရေးသားခဲ့ပါတယ်။ ၁၉၆၆ ခုနှစ်မှာ ‘အင်ကြင်းရဂုံ’ ကိုလည်းကောင်း ၊၁၉၆၈ခုနှစ်မှာတော့ ‘တိမ်တောက်ချိန်’ ကိုလည်းကောင်း ၊၁၉၇၂ ခုနှစ်မလည်း ‘ နေခြည်ဖြာတော့ နွေးလိမ့်မယ်’ ကိုလည်းကောင်း ၊၁၉၇၃ ခုနှစ်မှာ ‘ ချစ်ခြင်းဆိုမယ်’ စသည့် ဝတ္ထူတွေ အပြင် ၁၉၆၂ ခုနှစ်မှာလည်း ‘ ခေတ်နှင့်အတူ’ ၊၁၉၆၃ ခုနှစ်မှာလည်း ‘ ငြိမ်းချမ်းပါစေ ‘ ၊၁၉၆၉ ခုနှစ် မှာလည်း ‘အလှအပ’ စတဲ့ ဝတ္ထူတို စုပေါင်းစာအုပ်တွေကို ရေးသားခဲ့သူလည်း ဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – Ma Syn Gyi facebook

#voiceofmyanmar #အနုပညာ #ဒေါ်ခင်ဆွေဦး #စာရေးဆရာ

Related posts

Leave a Comment

VOM News

FREE
VIEW