ပြည်တွင်းမွေးမြူရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး နိုင်ငံတော်ကစိတ်ဝင်စားမှုအားနည်းနေ

 

ရန်ကုန် ၊ မတ် ၂၇

TGH(VOM)

 

နိုင်ငံတော်အနေနဲ့ ပြည်တွင်းမွေးမြူရေးလုပ်ငန်းတွေနဲ့ပတ်သက်လို့ စိတ်ဝင်စားမှုအားနည်းနေတာကြောင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့ အများကြီးအားယူရမဲ့အခြေနေဖြစ်နေတယ်လို့ ဧရာဝတီတိုင်း  ပုဇွန်မွေးမြူရေးနဲ့ထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်ဇော်ကပြောပါတယ်။

 

“၂၀၁၅ လောက်မှာ နိုင်ငံတော်သမ္မတအပါ တိုင်းဝန်ကြီးချုပ်ထိပါ အစီရင်ခံစာတင်ပြဖူးတယ်။တွေ့လည်းတွေ့ခဲ့တယ်။ထုတ်ကုန်အမယ်အသစ် နိုင်ငံခြားဝင်ငွေရှာလို့ရတာမျိုးပေါ့ ရေလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရေးကြီးတဲ့အကြောင်းအရာကိုတင်ပြတယ်။ဒါပေမဲ့နိုင်ငံတော်ကစိတ်ဝင်စားမှုအားနည်းတယ်။အဆောက်အဦးဆောက်ဖို့လောက်ပဲ စိတ်ဝင်စားနေတယ်။အမှန်ကရေလုပ်ငန်းဖွံ့ဖြိုးရင် နိုင်ငံခြားဝင်ငွေက ရှာလို့အကောင်းဆုံးပဲ။အများကြီးရှာလို့ရတယ်။ဥပမာ အာတီးမီးယားနဲ့ပတ်သက်လို့တက္ကသိုလ်တွေကိုမေးမယ်ဆိုရင် မသိတာကဆိုးတယ်။နိုင်ငံတော်ကမပံပိုးပေးနိုင်သေးဘူး။အခွန်ပဲကောက်ပြီး ပံ့ပိုးမှုကြဘာမှမရှိတော့ ကြာတော့စိတ်ဓာတ်ကျမိတယ်”လို့ ပြောပါတယ်။

 

စိုက်ပျိုးရေးလုပ်ငန်းထက် မွေးမြူရေးလုပ်ငန်းတွေကသာ ဝင်ငွေအများဆုံးရှာနိုင်တာဖြစ်တာကြောင့် ပြည်တွင်းမွေးမြူရေးကဏ္ဍဖွံ့ဖြိုးဖို့မှာ နိုင်ငံတော်ကနေ ပံပိုးမှုအဖြစ် သက်သာတဲ့ဈေးနူန်းတွေနဲ့ စက်ယန္တရားတွေကိုငှါးရမ်းပေးဖို့လိုအပ်နေတယ်လို့ ပြောပါတယ်။

 

လပွတ္တာ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ရဲ့ ဦးစီးဌာနမှူး ဦးသက်ဦး(ယာယီ တွဲဖက်)”နိုင်ငံတကာက အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပေးနေပါတယ်။နိုင်ငံတော်အနေနဲ့က ဘတ်ဂျက်က မလုပ်ပေးနိုင်သေးဘူးပေါ့။နည်းပညာတွေ အရင်းအနှီးတွေ လိုအပ်ချက်တွေရှိနေသေးတယ်”လို့ ပြောပါတယ်။

 

မြန်မာနိုင်ရဲ့ ရေထွက်ပစ္စည်း အများဆုံးထွက်ရှိတဲ့ ဧရာဝတီတိုင်းမှာ လွန်ခဲ့တဲ့ ၂၀၀၈ က နာဂစ်ဖြစ်ပြီနောက်ပိုင်းကတည်းက ခုချိန်ထိ ပုဇွန်လုပ်ငန်း နလန်မထူနိုင်သေးတဲ့အပြင် တချို့ ပုဇွန်လုပ်ငန်းရှင်တွေအနေနဲ့ မွေးမြူရေးအစား လယ်ယာစိုက်ပျိုးရေးကို ပြောင်းလဲလုပ်ကိုင်နေကြသလို တချို့ကလည်း နိုင်ငံခြားထွက်ခွာ အလုပ်လုပ်ကိုင်နေကြရတယ်လို့သိရပါတယ်။

 

#voiceofmyanmar #မွေးမြူရေး #ဧရာဝတီတိုင်း #ပုဇွန်

Related posts

Leave a Comment

VOM News

FREE
VIEW