ပြည် ဧပြီ ၃=၂၀၁၉ ဂျန်ကိုးလ် ( VOM) ပဲခူးတိုင်းပြည်မြို့မှာ ဧပြီလ၂ရက်ညနေက အချိန်အခါမဟုတ် မိုးရွာလေပြင်းတိုက်ခတ်ခဲ့တာကြောင့် ရွှေဆံတော်စေတီမြတ်ကြီးရင်ပြင်တော်ပေါ်ရှိ ရုပ်ပွားတော်၆ဆူစောင်းတန်းပြိုကျခဲ့ပါတယ်။ အခြားအဆောက်အဦတချို့အနည်းငယ်ထိခိုက်ခဲ့သော်လည်းရွှေဆံတော်စေတီမြတ်ကြီးကတော့အထိအခိုက်မရှိခဲ့ဘူးလို့ဂေါပကအဖွဲ့ကပြောပါတယ် ။ “အဓိကတွေ့ရှိတာကတော့ အင်္ဂါထောင့်ဘက်မှာ ဆင်းတုတော် ခြောက်ဆူရှိတဲ့တန်ဆောင်းပေါ့ အဲတာအမိုးပြိုကျသွားပါတယ် ဒီပြင်ဟာကတော့ ပြောပလောက်တဲ့အထိ မရှိပါဘူး ပဌာန်းယာယီမဏ္ဍပ်ကတော့အမိုးလန်သွားတယ်ပေါ့ သစ်ကိုင်းကျိုးသွားတာ အနည်းအပါးလောက်ပါပဲ စေတီတော်ကြီးကတော့ ဘာမှထိခိုက်ပျက်ဆီးမှုမရှိပါဘူး” ရွှေဆံတော်စေတီ ဂေါပကအဖွဲ့ဝင် ဦးမောင်မောင်ကြီးကပြောပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး မြို့နယ်ထွေအုပ် ရဲတပ်ဖွဲ့ တိုင်းအစိုးရတို့ကိုအချိန်နဲ့တပြေးညီအကြောင်းကြားတင်ပြပြီး ဂေါပကအဖွဲ့ အရေးပေါ်အစည်းအဝေးခေါ်ပြီးအမြန်ဆုံးပြန်လည်ပြုပြင်ဘို့ ပညာရှင်ကိုခေါ်ဆောင်ထားပြီဖြစ်ကြောင်း သူကဆက်ပြောပါတယ်။ ပြည်မြို့ပေါ်မှာ လေပြင်းတိုက်ခတ်မိုးရွာမှုကြောင့် အဆောက်အဦတချို့အမိုးလန်ပျက်ဆီးခြင်းနဲ့ သစ်ပင်များပြိုလဲတာတွေ လျှပ်စစ်မီးများပြတ်တောက်တာတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောကြပါတယ် ။ #voiceofmyanmar #ပြည် #ရွှေဆံတော် #လေပြင်းကျ #စောင်းတန်းပြို
Read MoreDay: April 3, 2019
AA လက်နက်ကိုင်အဖွဲ့ ပလက်ဝမြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ မနှောင့်ယှက်ရန် ခူမီးချင်းမျိုးနွယ်စု ကြေညာချက်ထုတ်
ပလက်ဝ ဧပြီ ၃-၂၀၁၉ မိုင်ချယ်ရီ(VOM) ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းမှာ လုပ်ကိုင်ဆောင်ရွက်နေတဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကို AAလက်နက်ကိုင် အဖွဲ့အနေနဲ့ ပစ်မှတ်ထား တိုက်ခိုက်တာတွေ မလုပ်ဖို့ ခူမီးချင်းမျိုးနွယ်စုများရေးရာအတိုင်ပင်ခံကောင်စီ က ဧပြီလ ၂ ရက်နေ့ ရက်စွဲ နဲ့ ထုတ်ပြန်ကြေညာချက်လိုက်ပါတယ်။ ဒီလို ထုတ်ပြန်ရတာကတော့ ပလက်ဝမြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းဖြစ်တဲ့ ကုလားတန်မြစ်ကူးတံတားစီမံကိန်း အစိတ်အပိုင်းတွေကို AA လက်နက်ကိုင်အဖွဲ့က မတ်လ (၁၉) ရက်နေ့က ဖျက်ဆီးခဲ့သလို မတ်လ ၃၀ ရက်နေ့မှာလည်း ပလက်ဝမြို့နဲ့ ဇိုရမ်ပူမြို့အကြား ကားလမ်းဖောက်လုပ်နေတဲ့ လုပ်ငန်းခွင်က အလုပ်သမားတွေကို ဖမ်းဆီးခေါ်ဆောင်တာတွေနဲ့ စက်ယန္တရားတွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် အခုလို ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ကြေညာချက်ထဲမှာတော့ AA လက်နက်ကိုင်အဖွဲ့ အနေနဲ့ ပလက်ဝမြို့နယ်ရဲ့ တည်ငြိမ်အေးချမ်းရေး နဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ ကို…
Read Moreကျောက်တော်မြို့နယ် ကန်ဇောက်ရဲကင်းစခန်းမှာ ရဲအချင်းချင်းပစ်ခတ်လို့ တစ်ဦးသေ
ကျောက်တော်၊ ဧပြီ ၃-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ ကျောက်တော်မြို့နယ်အတွင်းက ကန်ဇောက်ရဲကင်းစခန်းမှာ ရဲအချင်းချင်း ခိုက်ရန်ဖြစ်ပွားကြပြီး ပစ်ခတ်မှုတစ်ခု မနေ့ ဧပြီလ ၂ ရက်နေ့ နေ့ညနေပိုင်းက ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီပစ်ခတ်မှုကြောင့် သေဆုံးသူမှာ တင်းမရဲစခန်းမှူး ရဲအုပ် မောင်မောင်လေးဖြစ်ပြီးတော့ အဲ့ဒီနေရာမှာပင် သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ “ဟုတ်ပါတယ်။ မနေ့က နေ့လယ်ပိုင်းမှာဖြစ်တာပါ။ အချင်းချင်းစကားများပြီးတော့ ဖြစ်တယ်လို့သိရပါတယ်။ လောလောဆယ်မှာတော့ စစ်ဆေးနေတုန်းဖြစ်ပါတယ်။”လို့ ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့ကပြောပါတယ်။ ရဲအရာရှိကို သေနတ်နဲ့ပစ်ခတ်လိုက်တဲ့ ရဲတပ်ဖွဲ့ဝင်ကိုတော့ ကျောက်တော်မြို့မရဲစခန်းမှာ ထိန်းသိမ်းချုပ်နှောင်ထားတာ ဖြစ်ပါတယ်။ “ပစ်ခတ်တာက ရဲတပ်ကြပ်ကြီး ကျော်အေးစိန်ကပစ်လိုက်တာပါ။ အခုသူ့ကို ကျောက်တော်စခန်းမှာချုပ်ထားတယ်။ စစ်ဆေးမှုတွေပြုလုပ်နေတယ်။”လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ ပစ်ခတ်ခံရပြီးသေဆုံးသူ ရဲအုပ်မောင်မောင်လေးရဲ့ မူလတာဝန်မှာ ကျောက်တော်မြို့နယ် တင်းမရဲကင်းစခန်းမှူး…
Read Moreညမထွက်ရအမိန့် ထုတ်ပြန်ရုံနဲ့တရားဥပဒေစိုးမိုးမှုမရရှိလာနိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေပြော
စစ်တွေ၊ ဧပြီ ၃-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မြို့နယ်ငါးမြို့နယ်အတွင်းမှာ ဧပြီလ ၂ ရက်ညနေပိုင်းကစတင်ပြီး တော့ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ဒေသတည်ငြိမ်မှုမရှိဘူးဆိုပြီး ပုဒ်မ ၁၄၄ ကိုထုတ်ပြန်ရတာဖြစ်ပေမယ့် ရခိုင်ပြည်နယ်ရဲ့လက်ရှိအခြေအနေအရ အဲ့ဒီအမိန့်ကိုထုတ်ပြန်လိုက်တာကြောင့် တရားဥပဒေစိုးမိုးမှုကို ရရှိလာနိုင်မှာမဟုတ်ကြောင်း ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းကပြောပါတယ်။ “အခုဖြစ်နေတာက လူထုကြားထဲမှာ အချင်းချင်းဖြစ်နေတဲ့ပုံစံမျိုးမဟုတ်ဘူး။ ဒါက နိုင်ငံရေးပြဿနာဖြစ်တယ်။ နိုင်ငံရေးအရ ဆွေးနွေးမှုတွေမှာ အဖြေတစ်ခုမရနိုင်သရွေ့တော့ ၁၄၄ ပဲထုတ်ထုတ် ဘာပဲထုတ်ထုတ် တည်ငြိမ်အေးချမ်းလာမယ်လို့တော့ ကျွန်တော်မမြင်ဘူး။” လို့သူကပြောပါတယ်။ အခုလိုမျိုး ညမထွက်ရအမိန့်ကို ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်တွေမှာ ထုတ်ပြန်လိုက်တာဖြစ်ပြီး အဲ့ဒီအမိန့်ကိုထုတ်ပြန်ရတာဟာ နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးတွေကို ထိခိုက်စေတဲ့ အကြမ်းဖက်မှုတွေရှိလာနေတဲ့အတွက် ထုတ်ပြန်ရတာဖြစ်တယ်လို့…
Read Moreသမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသားတွေလွှတ်ပေးကြောင်း သတင်းမှားကို လူမှုကွန်ယက်တင်မိသူ ဆက်သွယ်ရေးပုဒ်မနဲ့ အမှုဖွင့်ခံရ
မန္တလေး ဧပြီ ၃-၂၀၁၉ PEN (VOM) မတ်လ ၂၉ ရက်နေ့ ညပိုင်းက သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသားတွေ အစုလိုက်အပြုံလိုက် လွှတ်ပေးကြောင်း ဖေ့ဘုတ်လူမှုကွန်ယက်တင်သူတယောက်ကို မန္တလေးတိုင်း အကျဉ်းဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ပုဒ်မ ၆၆ဃ နဲ့ အမှုဖွင့်တိုင်တန်းခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးကနေသိရပါတယ်။ ကျော်ထွေး facebook account ပိုင်ရှင်ဟာ သူ့ရဲ့ ကိုယ်ပိုင် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသားအစုံလိုက်အပြုံလိုက်လွှတ်ပေးတာ ဝမ်းသာပီတိဖြစ်ရပါတယ် သမ္မတကြီးရေ ခေါင်းစဉ်နဲ့“ ယနေ့သမ္မတကြီးအမိန့်နဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရသူများစာရင်းမှာ အစုလိုက် အပြုံလိုက် လွှတ်ပေးတဲ့စာရင်းက ထူးခြားတယ်၊ AAI//W စာရင်းဝင်နိုင်ကျဉ်း (၃၆)ယောက်ကတော့ မထူးခြားပါဘူး။ တကယ်တူးခြားတာ တွေက အသက် (၇၅ ) နှစ်က အထက်…
Read Moreစစ်ကိုင်းတိုင်းမှာ ဖေဖော်ဝါရီလကနေ ဧပြီလအထိ လေပြင်းတိုက်ခတ်တာကြောင့် လူနေအိမ် ၄၀၀ နီးပါးထိခိုက်ပျက်စီး
မုံရွာ ဧပြီ ၃-၂၀၁၉ မောင်တာရာ (VOM) စစ်ကိုင်းတိုင်းမှာ အခုနှစ် ဖေဖော်ဝါရီလ ကနေ ဧပြီလ ၂ ရက်နေ့ အထိ လေပြင်းတိုက်ခတ်တဲ့ အတွက် ပျက်စီးခဲ့တဲ့ လူနေအိမ် ၄၀၀ နီးပါးအထိ ရှိခဲ့ပြီးဖြစ်တယ်လို့ စစ်ကိုင်း တိုင်း သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနကနေ သိရပါတယ်။ စစ်ကိုင်းတိုင်းမှာ အခုနှစ် ဖေဖော်ဝါရီလအတွင်းက မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၆၁ လုံး ပျက်စီးခဲ့ပြီး လူနှစ်ဦး မိုးကြိုးထိမှန်သေဆုံးကာ လူသုံးဦး ထိရောက်ဒဏ်ရာရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့ ညပိုင်းအချိန်က တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် လူနေအိမ် ၁၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး ဧပြီလ (၂)ရက်နေ့ ညပိုင်းအချိန်က တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် အိမ်ခြေ ၁၀၀ ကျော် အမိုးလန်ပျက်စီးခဲ့ပါတယ်။…
Read Moreပိုင်ရှင်မဲ့သစ်တွေ မကြာခဏဖမ်းမိတဲ့ မင်းတုန်းက သစ်ဖမ်းပွဲ
မင်းတုန်း ဧပြီ ၃-၂၀၁၉ ဂျန်ကိုးလ်(VOM) မကွေးတိုင်း မင်းတုန်းမြို့နယ်က ရူချောင်းအဖျားမှာ တရားမ၀င်ကျွန်းသစ် စကွဲယားတုံး (လေးထာင့်တုံး) အလုံး၈၀ခန့်နဲ့အတူ သစ်တင်ကား တူးကရောင်း သစ်တစ်စီးကို မတ်လ၂ရက်နေ့လယ်က ပိုင်ရှင်မဲ့ဖမ်းမိခဲ့တယ်လို့ မင်းတုန်းမြို့ အမှတ်၁ မဲဆန္ဒနယ်မြေ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းထံကသိရပါတယ်။ “ဒေသခံပြည်သူတဦးကသတင်းပေးလို့ ကျနော်နဲ့ထွေအုပ်ကဒုဦးစီးမျိုးမင်းထွန်း သစ်တောနဲ့ရဲ နောက် ကျနော်တို့မြို့နယ်ပါတီက အီးစီကိုကျော်မင်းဦးကို အဖေါ်ခေါ်တက်ရတာ ကျေးရွာတွေနဲ့မိုင်၂၀လောက်ဝေးတယ် ။ ဟိုဘက်မြို့နယ်(ကံမ)ဘက်ကိုထုတ်တာ ။ ကားကပျက်ကျန်ခဲ့တာ လမ်းကဖုန်နေတာဘဲ”လို့ မကြာခဏသစ်ဖမ်းရာမှာပါခဲ့တဲ့ ဦးတင်ဝင်းကပြောပြပါတယ် သတင်းအရကျန်နေသေးတဲ့ သစ်တွေကိုဆက်လက်ရှာဖွေရဦးမှာဖြစ်တယ်လို့သူကဆက်ပြောပါတယ်။ အခုဖမ်းမိတဲ့နေရာဟာ သစ်တောဦးစီးဌာနရဲ့ စီးပွားဖြစ် ကျွန်းစိုက်ခင်းနဲ့လည်း မဝေးဘူးလို့ဒေသခံတွေကပြောပါတယ် ။ စီးပွားဖြစ် ကျွန်းစိုက်ခင်းကို အုပ်ချုပ်ထောက်ပံ့မှု လွယ်ကူစေရန် ကားလမ်းဖောက်တာကို ဦးဆောင်ကန့်ကွက်ခဲ့တဲ့ စပါးတန်း ဆည်ကော်မတီဥက္ကဋ္ဌ ဦးဌေးလွင်ပြောတာက “ကျနော်တို့ရွာရဲ့ မိုးရာသီစိုက်ပျိုးရေ အတွက်တည်ဆောက်ထားတဲ့ဆည်ဘေးက ကပ်ဖောက်တာဆည်ပျက်မှာစိုးတယ် နောက်ပီးမကြာခင်သစ်ခိုးလမ်းဖြစ်မှာစိုးရိမ်တယ်”လို့ဆိုပါတယ်။…
Read Moreမြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ကားလမ်း နှောင့်ယှက်မှုများရှိသော်လည်း လုပ်ငန်းစီမံကိန်း ဆက်လက်အကောင်အထည်ဖော်မည်
ဟားခါး ဧပြီ ၃-၂၀၁၉ မိုင်ချယ်ရီ (VOM) ချင်းပြည်နယ် ပလက်ဝမြို့နယ် နဲ့ အိန္ဒိယနိုင်ငံ မိဇိုရမ်ပြည်နယ် ဇိုရင်ပူမြို့ အကြား နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးကားလမ်း ဖောက်လုပ်နေတဲ့ စီမံကိန်းမှာ လက်နက်ကိုင်အဖွဲ့တွေကနေပြီးတော့ နှောင့်ယှက်ဖျက်စီးတာတွေ လုပ်နေပေမယ့် စီမံကိန်း ကို ပြီးစီးဆောင် ဆက်လက်အကောင်အထည်ဖော်သွားမှာ ဖြစ်တယ်လို့ ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ၀န်ကြီး ဦးရွှေထီးအိုး က ပြောပါတယ်။ အေအေလက်နက်ကိုင် အဖွဲ့ ဟာဆိုရင် ပလက်ဝမြို့နယ် တွင်းကင်းအလောင်းကျေးရွာ အနီးမှာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးကားလမ်းအတွက် လမ်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ဆုထူးစံ ကုမ္မဏီက ၀န်ထမ်းတွေကို ဖမ်းဆီးခေါ်ဆောင်တာတွေ လမ်းလုပ်ဖို့ အသုံးပြုနေရတဲ့ ယာဉ်ယန္တရားတွေကို ဖျက်ဆီးတာတွေ ကို မတ်လ ၃၀ ရက်နေ့ က လုပ်ဆောင်ခဲ့ပါတယ်။ ဒီလို လုပ်ဆောင်ခဲ့တာကြောင့် လမ်းလုပ်ငန်းလုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေ အလုပ်တွေ ဆက်မလုပ်နိုင်ကြပဲ…
Read Moreသရက်မှာရှိတဲ့ တူရကီစစ်သင်္ချိုင်းကို ပြန်လည်ပြုပြင်ထိမ်းသိမ်းမည်
သရက် မတ် ၃ – ၂၀၁၉ ဂျန်ကိုးလ် (VOM) သရက်မြို့မြောက်ဘက် နှစ်မိုင်ခန့်အကွာမှာ တည်ရှိတဲ့ တူရကီစစ်သင်္ချိုင်းကို ပြုပြင်ထိန်းသိမ်း တဲ့ လုပ်ငန်းတွေ လုပ်ဆောင်ဖို့ ပဋိညာဉ်စာချုပ် ကို ၂၀၁၉ မတ်လ၂ရက် က သရက်မြို့စည်ပင်သာရေးရုံးမှာချုပ်ဆိုလိုက်ပါတယ်။ “တူရကီစစ်သင်္ချိုင်းဟာ ၂၀၁၄ ခု ကတည်းက တူရကီသံရုံးက ပြန်လည်ပြုပြင် တည်ဆောက်ခဲ့ပြီး မြေယာအလှဆင်ခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ခြင်း လုပ်ငန်းတို့ကို မြို့နယ်စည်ပင်နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာပါ။ နှစ်စဉ်ဝင်ငွေ ယူရို၁၂၀၀၀နဲ့ညီမျှတဲ့မြန်မာငွေကိုသံရုံးကနေ ရရှိတယ်”လို့စည်ပင်ကော်မတီဥက္ကဌဦးခင်မောင်စိုးက ပြောပါတယ်။ အခုလို လက်မှတ်ရေးထိုးတာဟာ ၄ကြိမ်မြောက်ဖြစ်ပြီး စာချုပ်မှာမြန်မာ တူရကီ အင်္ဂလိပ်၃ဘာသာနဲ့ရေးထိုးတာဖြစ်ပြီး တစ်စုံတခုအငြင်းပွားဖွယ်ဖြစ်ခဲ့ရင် အင်္ဂလိပ်ဘာသာက အတည်ဖြစ်တယ်လို့ ဦးခင်မောင်စိုးကပြောပါတယ်။ “သရက်မြို့စည်ပင်သာယာရေးအမှူ့ဆောင်အရာရှိ နဲ့သံအမတ်ကြီး H.E Mr Kerem-Divanliogluတို့ လက်မှတ်ရေးထိုးကြပြီး Mr.Sametkickနဲ့…
Read More