စစ်ကိုင်းတိုင်းမှာ ဖေဖော်ဝါရီလကနေ ဧပြီလအထိ လေပြင်းတိုက်ခတ်တာကြောင့် လူနေအိမ် ၄၀၀ နီးပါးထိခိုက်ပျက်စီး

 

မုံရွာ ဧပြီ ၃-၂၀၁၉

မောင်တာရာ (VOM)

စစ်ကိုင်းတိုင်းမှာ အခုနှစ် ဖေဖော်ဝါရီလ ကနေ ဧပြီလ ၂ ရက်နေ့ အထိ လေပြင်းတိုက်ခတ်တဲ့ အတွက် ပျက်စီးခဲ့တဲ့ လူနေအိမ် ၄၀၀ နီးပါးအထိ ရှိခဲ့ပြီးဖြစ်တယ်လို့ စစ်ကိုင်း တိုင်း သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနကနေ သိရပါတယ်။

စစ်ကိုင်းတိုင်းမှာ အခုနှစ် ဖေဖော်ဝါရီလအတွင်းက မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၆၁ လုံး ပျက်စီးခဲ့ပြီး လူနှစ်ဦး မိုးကြိုးထိမှန်သေဆုံးကာ လူသုံးဦး ထိရောက်ဒဏ်ရာရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့ ညပိုင်းအချိန်က တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် လူနေအိမ် ၁၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး ဧပြီလ (၂)ရက်နေ့ ညပိုင်းအချိန်က တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် အိမ်ခြေ ၁၀၀ ကျော် အမိုးလန်ပျက်စီးခဲ့ပါတယ်။

”လေပြင်းက ဒီနှစ် နှစ်လပိုင်း ၁၆ ရက်နေ့က စဖြစ်တာပေါ့။ ခုချိန်ထိဆို အိမ်ခြေ ၄၀၀ လောက်တော့ ရှိပြီး လေဘေးတစ်ခုတည်းကြောင့် ပျက်စီးခဲ့တာပေါ့ ထောက်ပံပေးခဲ့တာလည်း ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှ မတ်လ ၂၀ ရက်နေ့ အထိ ထောက်ပံငွေရော ပစ္စည်းရောဆိုရင် အားလုံး ငွေကျပ် ၁၄၅ သိန်း ကျော် ထောက်ပံပေးခဲ့ပြီး အခု ထပ်ထောက်ပံမှာတော့ ကျပ်သိန်း ၁၀၀ကျော်ရှိမယ် “ဟု စစ်ကိုင်းတိုင်းသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့် က ပြောပါတယ်။

လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားတဲ့ လူနေအိမ်တွေထဲက အိမ်အမျိုးအစား အပေါ် မူတည်ပြီး ကယ်ဆယ်ရေးပစ္စည်းတွေ အပါအဝင် ငွေကြေးထောက်ပံမှုတွေ  ပြုလုပ်ခဲ့ပါတယ်။ ဧပြီလ ၂ ရက်နေ့ (မနေ့ည)ညပိုင်းက တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် ပျက်စီးသွားတဲ့ အိမ်ခြေတွေအတွက်လည်း လက်ရှိမှာ ထောက်ပံငွေကြေးများပေးအပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

 

#voiceofmyanmar #စစ်ကိုင်း #လေပြင်းတိုက်ခတ် #ပျက်စီးဆုံးရှုံး

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW