သရက်မှာရှိတဲ့ တူရကီစစ်သင်္ချိုင်းကို ပြန်လည်ပြုပြင်ထိမ်းသိမ်းမည်

သရက် မတ် ၃ – ၂၀၁၉

ဂျန်​ကိုးလ်​ (VOM)

 

 

သရက်​မြို့​မြောက်​ဘက်​ နှစ်မိုင်​ခန့်​အကွာမှာ တည်ရှိတဲ့ တူရကီစစ်​သင်္ချိုင်းကို ပြုပြင်​ထိန်းသိမ်း တဲ့ လုပ်​ငန်းတွေ လုပ်​​ဆောင်​ဖို့ ​ ပဋိညာဉ်စာချုပ်​ ကို ၂၀၁၉ မတ်​လ၂ရက်​ က သရက်​မြို့စည်​ပင်​သာ​ရေးရုံးမှာချုပ်​ဆိုလိုက်​ပါတယ်​။

 

“တူရကီစစ်​သင်္ချိုင်းဟာ ၂၀၁၄ ခု ကတည်းက တူရကီသံရုံးက ပြန်​လည်​ပြုပြင် ​တည်​​ဆောက်​ခဲ့ပြီး ​မြေယာအလှဆင်​ခြင်း၊ ထိန်းသိမ်း​စောင့်​ရှောက်​ခြင်း လုပ်​ငန်းတို့ကို မြို့နယ်​စည်​ပင်​နဲ့ ပူး​ပေါင်း​ဆောင်​ရွက်​ခဲ့တာပါ။  နှစ်​စဉ်​ဝင်​​ငွေ ယူရို၁၂၀၀၀နဲ့ညီမျှတဲ့မြန်မာ​​ငွေကိုသံရုံးက​နေ ရရှိတယ်​”လို့စည်​ပင်​​ကော်​မတီဥက္ကဌဦးခင်​​မောင်​စိုးက​ ပြောပါတယ်​။

 

အခုလို လက်​မှတ်​​ရေးထိုးတာဟာ ၄ကြိမ်​​မြောက်​ဖြစ်​ပြီး စာချုပ်​မှာမြန်​မာ တူရကီ အင်္ဂလိပ်​၃ဘာသာနဲ့​ရေးထိုးတာဖြစ်​ပြီး တစ်​စုံတခုအငြင်းပွားဖွယ်​ဖြစ်​ခဲ့ရင် အင်္ဂလိပ်​ဘာသာက အတည်​ဖြစ်​တယ်​လို့ ဦးခင်​​မောင်​စိုးက​ပြောပါတယ်​။

 

“သရက်​မြို့စည်​ပင်​သာယာ​ရေးအမှူ့​ဆောင်​အရာရှိ နဲ့သံအမတ်​ကြီး H.E Mr Kerem-Divanliogluတို့ လက်​မှတ်​​ရေးထိုးကြပြီး Mr.Sametkickနဲ့ ကော်မီဥက္ကဌဦးခင်​မာင်စိုးတို့က​ သက်​​သေအဖြစ်​ပါဝင်ခဲ့တယ်​လို့ဆိုပါတယ်​။  အုတ်​ဂူ​ပေါင်း၂၂၂ဂူရှိတဲ့ အဲဒီစစ်​သင်္ချိုင်း​မျိုး အရင်​က မိတ္ထီလာမှာရှိဘူးပြီး ခုတော့ သရက်​မှာဘဲရှိ​တော့တယ်​လို့သိရပါတယ်။

 

ပထမကမ္ဘာစစ်​အတွင်းက အီရတ်​၊ ပါလက်​စတိုင်း၊ ဆီးရီးယားနဲ့ အာ​ရေဗီးယားစစ်​​မြေပြင်​မှာ ​အော်​တိုမင်​တပ်​မ​တော်​နဲ့ ဗြိတိသျှတပ်​မ​တော်​တို့ရဲ့ တိုက်​ပွဲတွေအတွင်း ဖမ်းဆီး​ခေါ်​ဆောင်​ခံရပြီး သရက်​မြို့မှာ ကျဆုံးခဲ့သူတွေကို အဆိုပါ တူရကီစစ်​သင်္ချိုင်းမှာ မြှုပ်နှံထားတာ ဖြစ်ပါတယ်​။

 

#voiceofmyanmar #သရက် #တူရကီစစ်သင်္ချီုင်း

Related posts

Leave a Comment

VOM News

FREE
VIEW