စိုင်းဒင်ချောင်းအတွင်း လေယာဉ်နဲ့ပစ်ခတ်မှုကြောင့် ဘင်္ဂါလီတွေ သေဆုံး

ဘူးသီးတောင်၊ ဧပြီ ၄-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စိုင်းဒင်ချောင်းအတွင်း ဧပြီ ၃ ရက်နေ့မှာ မြန်မာတပ်မတော်ဘက်က လေယာဉ်တွေနဲ့ ပစ်ခတ်မှုတွေပြုလုပ်ခဲ့တဲ့အတွက် ဘင်္ဂါလီတွေ သေဆုံးမှုဖြစ်ပွားခဲ့ပြီး တချို့မှာလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

အဲ့ဒီဘင်္ဂါလီတွေဟာ စိုင်းဒင်ချောင်းအတွင်းက ဝါးထုတ်လုပ်ရေးလုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်နေကြသူတွေဖြစ်ကြပြီး အနားယူနေချိန် အလုပ်သမားတွေ စုရုံးထိုင်နေကြစဉ်မှာ ပစ်ခတ်ခံလိုက်ရတာဖြစ်တယ်လို့ဆိုပါတယ်။

 

“မနေ့က နေ့လည်ပိုင်းမှာ လေယာဉ်တွေနဲ့ပစ်ခတ်တာမှာ ကျည်ထိသွားတာဖြစ်ပါတယ်။ ၇ ဦးသေပါတယ်။ ၃ ဦးဒဏ်ရာရရှိပါတယ်။ ဘူးသီးတောင်ဆေးရုံကိုရောက်နေကြပါပြီ။ သူတို့က အလုပ်နားချိန်မှာ အဲ့ဒီနေရာမှာရှိတဲ့ ကျောက်ပေါ်မှာထိုင်နေကြတာလို့သိရတယ်။ အဲ့ဒီမှာ ပစ်ခတ်ခံလိုက်ရတာပါ။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲ့ဒီဒေသဟာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ဒေသတစ်ခုဖြစ်ပြီး မြန်မာတပ်မတော်ဘက်က နယ်မြေရှင်းလင်းမှုတွေ ပြုလုပ်ခဲ့တဲ့အချိန်မှာ ပစ်ခတ်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်လို့ ဒေသခံတွေကပြောပါတယ်။

“မနေ့က လေယာဉ်နဲ့ပစ်ခတ်လို့ ဘင်္ဂါလီတွေသေဆုံးတယ်ဆိုတာတော့ဟုတ်ပါတယ်။ ဘယ်လောက်သေတယ်။ ဘယ်လောက် ဒဏ်ရာရတယ်ဆိုတာကို တိတိကျကျတော့မပြောနိုင်ဘူး။ ကျွန်တော် အခုစစ်တွေကိုရောက်နေပါတယ်။”လို့ ဘူးသီးတောင်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းကပြောပါတယ်။

 

စိုင်းဒင်ချောင်းတလျှောက်ဟာ အဲ့ဒီဒေသအတွင်း ဝါးထုတ်လုပ်ရာဒေသတစ်ခုဖြစ်ပြီး မနေ့ကပစ်ခတ်မှုမှာ သေဆုံးဒဏ်ရာရရှိခဲ့တဲ့ ဘင်္ဂါလီတွေဟာ ဝါးထုတ်လုပ်ခွင့်လိုင်စင်ရရှိထားတဲ့ လုပ်ငန်းတစ်ခုရဲ့အလုပ်သမားတွေ ဖြစ်ကြပါတယ်။

 

#voiceofmyanmar #တိုက်လေယာဉ် #ရခိုင်ပြည်နယ် #တိုက်ပွဲ #စိုင်းဒင်ချောင်း

Related posts

Leave a Comment

VOM News

FREE
VIEW