လူ ၃ ယောက်သေတဲ့ အောင်ပန်းက ကျောက်မီးသွေးတွင်း

ရန်ကုန် ၊ ဧပြီ ၅-၂၀၁၉
TGH (VOM)

ရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ရှိ ကျောက်မီးတွင်းတစ်ခုမှာ အောက်ဆီဂျင်ပြတ်ပြီး လုပ်သား ၃ ဦးသေဆုံးခဲ့ပါတယ်။ ယနေ့ မနက် ၁၀ နာရီခန့်ကဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး အတည်ပြုပေးဖို့ အောင်ပန်းရဲစခန်းကို VOM သတင်းဌာနမှ ဆက်သွယ်မေးမြန်းရာ သတင်းထောက်ဖြစ်ကြောင်းဘယ်လိုယုံကြည်ရမလဲမသိတဲ့အတွက်ဖုန်းနဲ့ဖြေလို့မရကြောင်း၊ ရဲစခန်းကိုလာရောက်မေးမှသာဖြေဆိုနိုင်မယ်လို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။

” အလွတ်ပြောပိုင်ခွင့်မရှိဘူး ၊ စခန်းကိုလာခဲ့ပါ၊အလွတ်ဆိုတာ လက်လွတ်စပယ်ပေါ့၊ လမ်းဘေးကတောင်ဖုန်းဆက်လို့ရနေတယ်ဆိုတော့ အမက သတင်းထောက်ပါ သတင်းဌာနကပါ ဆိုတာ ဘယ်လိုအချက်အလက်တွေကိုကြည့်ပြီးယုံကြည်ရမလဲ၊ဘယ်လိုယုံကြည့်ရမှာလဲ၊”လို့ အောင်ပန်းရဲစခန်းက ပြန်လည်ဖြေကြားခဲ့ပါတယ်။

လူမှု့ကွန်ယက် စာမျက်နာမှာ ထွက်ပေါ်ခဲ့တဲ့တဲ့သတင်းတွေ့အရ ဒီကနေ့ ဧပြီ ၅ ရက်နေ့မှာ
ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့ နောင်ရဲကျေးရွာအုပ်စု၊ အနောက်မြောက်ဘက် ၁၅ မိုင်ခန့်အကွာရှိ “တပြုသားမိုင်းနင်း” ကျောက်မီးသွေးတွင်းမှာ အောက်ဆီဂျင်ပြတ်ပြီး အလုပ်သမား ၃ ဦးသေဆုံးခဲ့တဲ့ကိစ္စကို မေးမြန်းစဉ် ခုလိုပြန်လည်ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။

ကျင်းလုပ်သား ၃ ဦးသေဆုံးမှုနဲ့ပတ်သက်ပြီး ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/ မဟုတ် ရဲတပ်ဖွဲ့ကစစ်ဆေးနေပြီး ရဲစခန်းမှာ သေမှုသေခင်း ၄/၂၀၁၉ နဲ့ အမှုဖွင့်ထားတယ်လို့သိရပါတယ်။
ကျောက်မီးသွေးတွင်းရဲ့ အနက်က ပေ ၂၀ ခန့်၊ ဂလိုင် ၁၅ ပေခန့် ရှိတယ်လို့သိရပါ တယ်။

သေဆုံးသူတွေက အသက် ၁၈ နှစ်အရွယ်ကျင်းလုပ်သား ၀င်းဦး၊ အသက် ၂၀ အရွယ် ကျင်းလုပ်သား ကျင်ဇော်၊ အသက် ၄၂ နှစ်အရွယ် မောင်ဆန်း တို့ဖြစ်ပါတယ်။

၎င်းတို့ ၃ ဦးသေဆုံးကြောင်း ကျောက်မီးသွေးတူးဖော်ရေးတာဝန်ခံက ရဲတပ်ဖွဲ့ထံဖုန်းဆက်အကြောင်းလှမ်းကြားပြီး ရဲတပ်ဖွဲ့က အသိသက်သေတွေနဲ့သွားရောက်စစ်ဆေးခဲ့တယ်လို့လည်း ရေးသားထားတာတွေ့ရပါတယ်။

#voiceofmyanmar #အောင်ပန်း #ကျောက်မီးသွေး
ဓါတ်ပုံ အောင်ပန်းရဲတပ်ဖွဲ့

Related posts

Leave a Comment

VOM News

FREE
VIEW