ကွန်ဒိုမီဒီယံ တည်ထောင်သူကို လုပ်ငန်းလိုင်စင်တွေ စတင်ထုတ်ပေး

ရန်ကုန် ၊ ဧပြီ ၆

TGH (VOM)

စုပေါင်းပိုင်အဆောက်အအုံ(ကွန်ဒိုမီယံ)ဆိုင်ရာ တည်ထောင်သူ လုပ်ငန်းလိုင်စင်ကို ဒီကနေ့ ဧပြီလ ၆ ရက်နေ့မှာ စုပေါင်းပိုင်အဆောက်အအုံတွေ တည်ဆောက်မယ့် လုပ်ငန်းရှင် ၃၂ ဦးကို  တရားဝင်ထုတ်ပေးခဲ့ပါတယ်။

ကွန်ဒိုမီဒီယံ(စုပေါင်းပိုင်အဆောက်အအုံ) ဥပဒေအရ ကွန်ဒိုမီဒီယံတည်ဆောက်မယ့်သူတွေအပါအ၀င် တည်ဆောက်နေဆဲ ဖြစ်တဲ့ လုပ်ငန်းရှင်တွေကို လုပ်ငန်းလိုင်စင်တွေ တရားဝင်စတင် ထုတ်ပေးခဲ့တာပဲဖြစ်ပါတယ်။

“ခုပွဲက လုပ်ငန်းလိုင်စင်ပေးအပ်ပွဲဖြစ်တယ်။အရင်တုန်းကတော့ ဆောက်လုပ်ရေးလုပ်ငန်းလိုင်စင်ပဲရှိတယ်။အခု Developer လုပ်ငန်းလိုင်စင်ခေါ်တယ် စုပေါင်းပိုင်းအဆောက်အအုံများကို တည်ဆောက်တဲ့လုပ်ငန်းတွေကို လုပ်ငန်းလိုင်စင်ပေးအပ်တဲ့ပွဲဖြစ်တယ်။အရင်တုန်းက Developer ဆိုပြီးတော့ တရားဝင်လုပ်ငန်းလိုင်စင်မရှိဘူး။အခု ကွန်ဒိုမီဒီယံဥပဒေအရ ကွန်ဒိုမီဒီယံတည်ဆောက်မယ့်သူတွေကို အရင်ပေးအပ်တာဖြစ်တယ်။ဒီထဲမှာ ပြည်တွင်း နဲ့ဖက်စပ်လုပ်ငန်းတွေလည်းပါတယ်။”လို့ Myanmar Developer Association ရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ ဦးဇော်ရဲဝင်းက ပြောပါတယ်။

လက်ရှိမှာ ကွန်ဒိုမီဒီယံဈေးကွက်အခြေနေအရ နိုင်ငံခြားသား ၀ယ်ယူမှုအခြေအနေ အားရစရာ မရှိသေးပေမယ့် လည်း စိတ်ဝင်တစားနဲ့မေးမြန်းမှုတွေရှိကြောင်းနဲ့ ကွန်ဒိုမီဒီယံဥပဒေအရ အဆောက်အဦး တစ်ခုလုံးရဲ့ ၄၀ ရာခိုင်နှုန်းကို နိုင်ငံခြားသားတွေဝယ်ယူနိုင်တယ်လို့သိရပါတယ်။နိုင်ငံခြားသားတချို့ကတော့ ဥပဒေအရ ပိုင်ဆိုင်မှု အပိုင်း ၊ ပြန်လည်ရောင်းချနိုင်မယ့်အခြေအနေ စာချုပ်ချုပ်ဆိုမှုအပိုင်းတွေကို မေးမြန်းမှုရှိတယ်လို့သိရ ပါတယ်။

နိုင်ငံခြားသားတွေအနေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးလာရောက်လုပ်ကိုင်သူတွေသာများပြီး တိုက်ခန်းတွေ ၊ လုံးချင်းတွေ ငှားရမ်းမှုအခြေအနေသာရှိပါတယ်။တိုင်းပြည်ရဲ့ အနေအထားဟာ နိုင်ငံခြားသားတွေ အခြေချနေထိုင်လောက်မယ့် မျက်စိကျစေလောက်တဲ့ ဈေးကွက်အနေအထားမျိုးမရှိသေးတာကြောင့် ကွန်ဒိုမီဒီယံအခန်းတွေ ၀ယ်ယူမှုက အားရစရာကောင်းလောက်တဲ့အနေအထားမရှိသေးဘူးလို့ သိရပါတယ်။

“ဒီမှာက စိုးရိမ်ကြောင့်ကြမှုတွေရှိနေသေးတယ် ၊ ဘန်ကောက်ဆိုဖွံ့ဖြိုးသွားပြီး လွတ်လွတ်လပ်လပ် သွားလာလို့ရနေပြီ။အဲ့ဒီမှာဆို နိုင်ငံခြားသားတွေ အခြေချတာတွေရှိနေပြီပေါ့။”လို့ ဦးဇော်ရဲဝင်းက ပြောခဲ့ပါတယ်။

 

#voiceofmyanmar #ကွန်ဒိုတိုက်ခန်း #နိုင်ငံခြားသား #လုပ်ငန်းလိုင်စင်

 

 

Related posts

Leave a Comment

VOM News

FREE
VIEW