ပဲခူးတိုင်း ဥသျှစ်ပင်မြို့မှာ မီးလောင်မှုဖြစ်ပွား

 

ဧပြီ ၆-၂၀၁၉

ဂျန်​ကိုးလ်

ဧပြီ၆ရက်​မနက်​၈နာရီခန့်​က ပဲခူးတိုင်းပန်း​တောင်းမြို့နယ်​ဥသျှစ်​ပင်​မြို့ရတနာပုံရပ်​ကွက်​ ဇီဇ၀ါ၎လမ်းက လှိုင်​ရတနာ ပညာရိပ်မွန် ​​အမျိုးသမီးသီးသန့်​​ဘော်​ဒါ​ဆောင်​တလုံး မီး​လောင်​ဆုံးရှုံခဲ့တယ်​လို့သိရပါတယ်။

 မနက်​ခင်းစာချက်​ပြုတ်​တဲ့မီးကြွင်းမီးကျန်​က​နေ မီး​လောင်​မှုကြောင့်​​သွပ်​မိုး ​​ကျောက်​ပြားကာ၂ထပ်​အိမ်​တလုံးနဲ့​ခေါင်းရင်းအိမ်​တခြမ်းမီးဟပ်​မီးကျွမ်းထိခိုက်​မှု ရှိခဲ့တယ်​လို့မီးသတ်​တပ်​ဖွဲ့ရဲ့မှတ်​တမ်းတွေအရ သိရပါတယ်။

 “အဓိက က မီးသတ်​ကိုသတင်းပို့တာ​နောက်​ကျလို့ မီးသတ်​ကားက၄စီး​တောင်​ရှိတာ မြို့ထဲဆို​တော့၃မိနစ်​နဲ့မီးသတ်​ကား​ရောက်​လာတယ်​”လို့ပြည်​​တော်​သာအုပ်​ချုပ်​​ရေးမှူးဦး​အောင်​ကိုက​ပြောပါတယ်။မီး​လောင်​ရာကို ရပ်​ကွက်​​နေပြည်​သူတွေ မြို့​သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့​ မီးသတ်​တပ်​ဖွဲ့တွေ ပူးပေါင်းငြိမ်းသတ်​ခဲ့ကြပြီး ၅မိနစ်​အတွင်းမီးညွန့်​ချိုးနိုင်​ခဲ့တယ်​လို့ရပ်​ကွက်​​နေပြည်​သူ​တွေက​ပြောပါတယ်။

“အမှုကို မီးသတ်​လက်​​ထောက်​ဦးစီးမှူး​ကျော်​ကိုကိုကတရားလိုပြုလုပ်​ပြီး ဥသျှစ်​ပင်​နယ်​​မြေရဲစခန်းမှာဒုရဲအုပ်​​သော်​ဇင်​ထွဋ်​က (ပ)၃၁/၂၀၁၉ ပုဒ်မ၂၈၅နှင့်​​အမှုစစ်​အဖြစ်​​ဆောင်​ရွက်​​နေတယ်​”လို့ရဲအုပ်​၀င်းကိုက​ပြောပါတယ်​။

ဥသျှစ်​ပင်​နယ်​​မြေ မကျီးထုံး​ကျေးရွာမှာလည်းမ​နေ့ကဧပြီ၅ရက်​မှာအိမ်​တလုံးမီး​လောင်​ဆုံးရှုံးခဲ့​သေးတယ်​လို့သိရပါတယ်​။

#voiceofmyanmar #မီးလောင် #ပဲခူးတိုင်း #ဥသျှစ်ပင်မြို့

Related posts

Leave a Comment

VOM News

FREE
VIEW