လျှပ်စစ် ကဏ္ဍအရှုံးပေါ်နေမှုအတွက် ဓတ်အားခတိုးမြှင့်ဖို့ လိုအပ်နေလို့ ဆို

ရန်ကုန် ၊ဧပြီ ၇

TGH ( vom)

 

လျပ်စစ်ကဏ္ဍအရှုံးပေါ်နေတာကို ကာမိဖို့အတွက် သင့်တင့်မျှတတဲ့ ဓာတ်အားခနူန်းထားတွေကာက်ခံနိုင်ဖို့လိုတယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်ကပြောပါတယ်။

ဒါဟာ လျှပ်စစ်တစ်ယူနစ်ထုတ်တိုင်းမှာ ငွေကျပ် ၁၁၀ ကျပ်ကနေ ၁၁၅ ကျပ်ထိ ကျသင့်တဲ့အချိန်မှာ သုံးစွဲတဲ့ ပြည်သူတွေကို လျပ်စစ်တစ်ယူနစ် အတွက် ၃၅ ကျပ်၊ ၅၀ ကျပ်နဲ့သာ ရောင်းချပေးနေတာကြောင့် ထုတ်လုပ်မှုကုန်ကျစ ရိတ်နဲ့ ရောင်းချစရိတ် ကွာခြားပြီး လျှပ်စစ်ကဏ္ဍမှာ အရှုံးပေါ်နေရတာဖြစ်တယ်လို့ ဆိုပါတယ်။

“ထုတ်လုပ်မှုကူန်ကျစ ရိတ်နှင့် ရောင်းချစရိတ်မက အရမ်းကွာခြားတဲ့အခြေအနေမှာရှိနေတဲ့အတွက် ရေအားလျှပ်စစ်ကနေရတဲ့ ဓာတ်အားကို ပိုတိုးပြီးထုတ်ဖို့စဉ်းစားပါတယ်။ ဘာကြောင့်ဆို ရေအားလျှပ်စစ်နဲ့ ဓာတ်အားထုတ်လုပ်တဲ့စနစ်က ပိုပြီးသက်သာလို့ဖြစ်တယ်။ လျှပ်စစ် လည်းပိုထွက်ပြီး ထုတ်လုပ်မှုကုန်ကျစရိတ်က ပိုသက်သာတယ်ဒါမှသာ အရှုံးကိုပိုပြီးထိန်းနိုင်မှာဖြစ်ပါတယ်။”လို့ ဒုတိယဝန်ကြီးက ပြောပါတယ်။

ရေအားလျှပ်စစ်ထုတ်နိုင်နေပေမယ့်လည်း   ပြီးခဲ့သောဘဏ္ဍာနှစ်တုန်းက  ငွေကျပ် ၁၆၂ ဘီလီယံဝန်းကျင် ဝန်းကျင်အရှုံးရှိခဲ့တယ်လို့ သိရပါတယ်။

ဒီလို  အရှုံးပေါ်နေတာကို ကာမိစေဖို့ဆိုရင် ရေအားလျှပ်စစ်ကနေ ဓာတ်အားထုတ်လုပ်တဲ့ စနစ်ကို ခုထက်ပိုပြီး  တိုးထုတ်လုပ်နိုင်ဖို့လိုတာကြောင့်  လျှပ်စစ် လည်းပိုထွက်ပြီး ထုတ်လုပ်မှုကုန်ကျစရိတ်လည်း သက်သာတဲ့ ရေအားလျှပ်စစ်ကို ပိုတိုးထုတ်လုပ်နိုင်ဖို့ စီစဉ်နေကြောင်း နဲ့ တနည်းအားဖြင့်သင့်တင့်မျှတတဲ့ ဓာတ်အားခကိုလည်း တောင်းခံနိုင်မှသာ အရှုံးပေါ်ခြင်းကာမိအောင် ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ အစိုးရရဲ့ တတိယ (၁) နှစ်တာကာလအတွင်း လျှပ်စစ်ကဏ္ဍနဲ့ ပတ်သက်ပြီးမေးမြန်းမှုအပေါ် ပြောဆို ခဲ့တာဖြစ်ပါတယ်။

photo credit- MOI

#voiceofmyanmar #လျှပ်စစ် #အရုံးပေါ် #ဓာတ်အားခ

Related posts

Leave a Comment

VOM News

FREE
VIEW